วันอาทิตย์ที่ 11 กันยายน พ.ศ. 2554

ဆုတောင်းနေရုံနှင့်ပြီးရော့လား။

ငြိမ်းချမ်းရေး ရင်ခွင် (၂၇)

ဆုတောင်းနေရုံနှင့်ပြီးရော့လား။

သောတာပန် ဖြစ်ရင် အပါယ်တံခါးပိတ်ပါတယ် ၊“ငရဲ-တိရစ္ဆန်-ပိတ္တာ-အသူရကယ်-”(၄)ဘုံသို့

မရောက်တော့ဘူး ၊ရောက်စေ လားစေတတ်တဲ့ အလုပ်တွေကို မလုပ်တော့တဲ့အတွက် အပယ်

တံခါးပိတ်ရတာပါ ၊မလုပ်ဘူးဆိုတဲ့နေရာမှာလည်း အပြောသက်သက်မဟုတ်ဘဲ တကယ့်လက်

တွေ့ကျကျမလုပ်တော့တာပါ ၊ပုထုဇဉ်နှင့် သောတာပန်တို့ ကွာဟမှုကို ဒီနေရာမှ ထင်ထင်ရှား

ရှား မြင်နိုင်ပါတယ် ၊ပုဇဉ်တို့သည် မလုပ်တော့ဘူး-မပြောတော့ဘူး-မမိုက်တော့ဘူး-မဆိုး

တော့ဘူး လို့ဝန်ခံလွယ်တယ် ကတိပေးလွယ်တယ် ပြီးရင်ပြန်လုပ်တယ် ၊ပြန်ဆိုးတယ်-ပြန်မိုက်

တယ် ။

သောတာပန်များက ဝန်ခံ ကတိပေးတဲ့တိုင်းလိုက်နာကျင့်သုံးတယ် ၊အဆုံးပြောရရင် အသက်နဲ့

လဲပြီး ထိမ်းတယ် စောင့်တယ် လိုက်နာတယ် ကျင့်သုံးတယ် ၊ဒါဟာ“မိမိတို့ ကိုယ်ပိုင်ဘဝ”ငြိမ်း

ချမ်းစေဖို့ ပိုတိင်လက်တွေ့ကျကျလုပ်ယူရမည့် “ဘုရာရှင်”၏နည်းလမ်းပါ ၊လူသည် “အရှိတ

ရားမှ” အသိတရားကိုရှာဖွေတတ်သော သတ္တဝါဖြစ်ပါတယ်၊ဝန်ခံနေရုံ ခေါင်းညိတ်နေရုံ ဆုတောင်းနေရုံ သွားရောက်လေ့လာနေရုံတို့နှင့် မပြီး ၊လက်တွေ့ကျကျ လုပ်နိုင် လိုက်နာနိုင်မှ

ငြိမ်းချမ်းရေးကို ရနိုင်တဲ့ ဘုရားရှင်ရဲ့ အဆုံးမပါ ။

ဘုရားရှင် ရာဇဂြိုလ်မြို့ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေချိန် ၊ဘုရင်ဗိဗ္မိသာရမင်းကြီး

လျှောက်ထားမှုကြောင်း မြို့လယ် ဓမ္မာရုံသို့ကြွပြီး တရားဟောပါတယ် ၊လူတွေလည်း အရမ်း

များ အုတ်အုတ်ကြက်ကြက်နှင့် အလွန်စည်ကားတဲ့ပွဲပါ၊ အဲဒီအထဲ လူရာမဝင် လူများအသိ

မှတ်မပြုတဲ့“သုဘ”အမည်ရှိ လူနူကြီးတစ်ယောက်ပါလာပါတယ် ၊နေစရာမရှိ စားစရာမရှိလော

က်အောင် ဆင်းရဲနေရှာတဲ့ သူတောင်စားပါ ၊လူသူအနားသို့ မတိုးရဲ မကပ်ရဲဘဲ ဟို--အစွန်ဖျား

တနေရာကနေ ကုပ်ကုပ်လေး တရားနာနေတဲ့ လူပါ ၊တရားပွဲ အပြီးမှာတော့ သူသောတာပန်

ဖြစ်သွားပါတယ် ။

သောတာပန် ဖြစ်တယ်ဆိုတာ မဂ်ဥာဏ်(၄)ပါးထဲက ပထမဆုံဖြစ်တဲ့ “သောတာပတ္တိမဂ်ဥာဏ်”

ကိုရလိုက်တာပါ ၊ဒီဥာဏ်နှင့် လောကကိုကြည့်တဲ့အခါ အရာရာသည် သူအတွက် ကျေးဇူးရှင်

တွေချည်းပဲလို့ မြင်ပါတယ် ၊ဘယ်ကိုမှ သံသယမဖြစ်တော့ဘူး ၊ရုပ်နာမ်များအပေါ်မှာလည်း“ဒိ

ဋ္ဌိ-ဝိစိကိစ္ဆာ-သီလဗ္မတပရာသ-ဆိုတဲ့တရာဆိုး(၃)မျိုးကင်းသွားပါတယ် ၊အကြွင်းမဲ့ပယ်လိုက်ပါ

တယ် ၊တချိန်က လောကကိုအပြစ်မြင်နေခဲ့တာတွေ ၊မကြေနပ်မှုများစွာနှင့် စွဲချက်တင်နေချင်ခဲ့

တာတွေ ၊ဖြစ်သမျှ ကိုယ်သာအကောင်း ကိုယ်သာမှန်ထင်ခဲ့တာတွေ အကုန်လုံးဟာ “အာယ

တန”တို့၏ ဆွဲအားတွေကြောင်းပါလားလို့သိလိုက်ရပါတယ် ။

သူသိရတာတွေကို ဘုရားရှင်အား လျှောက်မယ်ဆိုပြီး ဘုရားရှင်နောက်ကနေ အပြေးလေး

လိုက်လာပါတယ် ၊ဒါကိုလူတစ်ယောက်က ကြားကနေတားပြီး “ဟေ-သုဘ မင်း မချမ်းသာ

ချင်ဘူးလား ပြီးတော့ နူနာရောဂါတွေ မပျောက်ချင်ဘူးလား ” မေးပါတယ် ။ဟာချမ်းသာချင်

တာပေါ့ ရောဂါလည်းပျောက်ချင်တာပေါ့ ဆိုတော့ “ကောင်းပြီ ဒါဆိုရင် ရာဇဂြိုလ်မြို့ကိုပတ်

ပြီး ၊ဘုရားသည် ဘုရားမဟုတ် ၊တရားသည် တရားမဟုတ် ၊သံဃာသည် သံဃာမဟုတ် ဒီ

စကား(၃)ခွန်းကို မင်းပြောရမယ် ၊တခြား ဘာမှ ပြောစရာမလိုဘူး ဒါကိုပြောပြီးတာနှင့် မင်း

ချမ်းသာပြီသာမှတ် ။

ငြိမ်းချမ်းရေးရင်ခွင်(၂၈)--သို့---

ไม่มีความคิดเห็น:

แสดงความคิดเห็น