ဒီအစီအစဉ်လေးကို တင်ဆက်လိုက်ပါတယ် …
Keen ထံသို့ အင်္ဂလိပ်စာ နှင့် ပတ်သက်ရာရာများ လာရောက်မေးမြန်းနိုင်ပြီး …
ဒီအစီအစဉ်လေးမှာ ပြန်လည်တင်ပြသွားမှာဖြစ်ပါတယ် …
ကဲ … ဒီနေ့ … ဘယ်သူတွေက … ဘာတွေကို ဘယ်လိုများ လာရောက်မေးမြန်းထားပါလိမ့် … ?
From - Johnathan
ကိုကင်းရေ … မင်္ဂလာပါ … ဒီတကြိမ် မေးချင်တာကတော့ …
အင်္ဂလိပ်လို “တူ” ကို ဘယ်လိုခေါ်လဲ ဆိုတာပါ … ဖြေဆိုပေးပါဦးနော် …
♫ Answer by - Keen
ဟင် … စာက … ဒီမှာတင်ဆုံးသွားကောလား … ဒုက္ခပါပဲ … ဘယ် “တူ” ကိုပြောတာပါလိမ့် …
“Nephew” ဆိုတဲ့ … ဦးလေးရဲ့ တူ လား … တရုတ်တွေ စားရင် သုံးတဲ့ “တူ” ( Chopstick ) လား မပြောသွားဘူး …
ဦးလေးတွေ စားတဲ့ တူ ဖြစ်မယ် … ဟိဟိ …
From - တွယ်တာ
ဟိုလေ … တွယ်တာ သိချင်တာက … ငယ်ချစ်ဦးနဲ့ … ရည်းစားဟောင်း ကိုပါ …
သူတို့ နှစ်ခုက … တူတူပဲလားဟင် … အဲဒါလေး ပြန်ပြောပြပေးဖို့ မျှော်လင့်ပါတယ်နော် …
♫ Answer by - Keen
ငယ်ချစ်ဦး နဲ့ ရည်းစားဟောင်းက … တယောက်ထဲ ဖြစ်ခဲ့ရင်တော့ … တူတူပဲပေါ့ … ဟိ
ငယ်ချစ်ဦးက … Lover since childhood - ငယ်ရွယ်စဉ်တုန်းက ချစ်သူ …
ရည်းစားဟောင်း ( Old flame ) ကတော့ … တချိန်က … ချစ်ခဲ့ဖူးသူ လေ … မတူပါဘူးနော် …
From - ချစ်ဦးမေ
တခုမေးမယ် … ကိုကင်းရာ … အခု လတ်တလော ရေပန်းစားနေတဲ့ စကား …
ဥပမာ … လန်းတယ် … မိုက်တယ် … အောက်တယ် … ဂွမ်းတယ် စတာတွေပေါ့ဗျာ …
အဲဒါကို … အင်္ဂလိပ်လို … ဘယ်လို ခေါ်လဲဟင် ..
♫ Answer by - Keen
Catch - Word … ဒါမှမဟုတ် … Catch - Phrase လို့ ခေါ်ပါတယ် …
ရေပန်းစား ဆိုတာနဲ့ပဲ … Water Flower Eat တွေ … လျှောက်မလုပ်လိုက်ပါနဲ့နော် … ဟိဟိ …
From - လင်းလဲ့နေခြည်
တခုလေး သိချင်လို့ပါ … Age before beauty ဆိုတဲ့ စကားက … ဘာကိုပြောတာပါလိမ့်နော် …
မလှခင် အသက်ကြီးတာလား … အသက်ကြီး အချိန်မစီးဘူးပြောတာလား … ရှုပ်နေလို့ပါ …
♫ Answer by - Keen
အဲတော့ … လုပ်ချလိုက်ပြန်ပြီ … ပြောချင်တာ အဲလို တခုမှမဟုတ်ဘူးလေ …
Age before beauty ဆိုတာ … အသက်ကြီးသူကို ဦးစားပေးပါလို့ပြောတာပါ … အဟက် …
From - ဟိန်းမင်းထက်
အကိုရေ … သရေကျတာကို … အင်္ဂလိပ်လို ဘယ်လိုခေါ်လဲဟင် … ?
♫ Answer by - Keen
ရှလွတ်လို့ ခေါ် … အဲလေ … Sentence တခုနဲ့ ပြောပြမယ်နော် …
My mouth waters even now … ( ငါ အခုတောင် သရေကျနေပြီ … ) ဟဲ …
ไม่มีความคิดเห็น:
แสดงความคิดเห็น