ခေါင်ဆောင်များသည် ကောင်းသော အခြေခံစည်မျဉ်းများကို ချမှတ်ရမည်။အများနှင့်သက်ဆိုင်သော(ကိုယ်စားလှယ်များ၊လုပ်ဖော်ကိုင်ဖက်များ၊ရောင်းရင်များ၊ဖောက်သည်များ)ရည်မှန်ချက် ပေါက်မြောက်အောင် ဆောင်ရွက်ရမည်။ကောင်းမွန်အဆင့်မြင့်သော စံနှုန်းများကိုဖန်တီးရပြီး အခြားသူများလိုက်ပါနိုင်အောင်စံပြ တစ်ဦးဖြစ်ရမည်။ ခက်ခဲ ရှုပ် ထွေသော အပြောင်းအလဲတစ်ရပ်သည်အများအပေါ်သက်ရောက်မှုတစ်ခုရှိပြီး ရေတိုစီမံကိန်းများ ချမှတ်ကာ အောင်မြင်မှုငယ်များမှ တစ်ဆင့်ပို၍ကြီးမားသော ရည်မှန်ချက်ကိုရောက်ရှိစေရမည်။ခေါင်းဆောင်များက အများတွက် မှန်ကန်သောဦးတည်ရာလမ်းကြောင်းကို ချမှတ်ပေးရမည်ဖြစ်ပြီး မရေရာခြင်းများမှတစ်ဆင့် အခွင့်အလမ်းများကို ဖန်တီးကာအောင်နိုင်မှုကိုရယူရမည်။
၂။မျှဝေသောအနာဂတ်အမြင်ကိုသက်ဝင်ပါစေ
ခေါင်းဆောင်းများသည်မတူညီသောဆောင်ရွက်မှုများကို လုပ်ကိုင်နိုင်ကြောင်း အလေးနက်ပြုကြသူများဖြစ်သည်။အနာဂတ်တွက် ဖြစ်ပေါ်လာမည့် အရာများကိုလည်း မြင်တွေ့နိုင်သူများဖြစ်ပြီး အဖွဲ့အစည်းများ အနာဂတ်တွင် ဖြစ်လာမည့်ပုံရိပ်ကိုလည်း မှန်းမျှော်ကြည့်နိုင်သူများဖြစ်သည်။သူတို့၏ ဆွဲဆောင်မှု၊ညှို့ယူဖမ်းစာနိုင်မှုဖြင့်၊ အခြားသူများကို သူတို့၏အနာဂတ်အမြင်နှင့် အိပ်မက်အတွင်းသက်ရောက်နိုင်စေသည်။အနာဂတ်အတွက် ခေါင်းဆောင်များ ရှင်သန်နေကြပြီး အနာဂတ်တွင်ဖြစ်လာမည့် ဖြစ်နိုင်ဖွယ်ရာများကို အများအားတတ်ကြွ လှုံ့ဆော်လျက်မြင်တွေ့စေသည်။
၃။လမ်းစဉ်ကိုစိန်ခေါ်ပါ
ပိုနေမြဲ-ကျားနေမြဲ အနေထားမျိုးကို ပြောင်းလဲလျက် ခေါင်းဆောင်များသည် တစ်သမက်တည်း အခွင့်အလမ်းများတို့ကိုရှာကြံသည်။အဖွဲ့အစည်းတိုးတက်ရန်ဆန်းသစ်သောနည်းလမ်းများကိုလည်း လေ့လာသည်။သို့အတွက် ထိုက်သင့်သောစွန့်စားမှုနှင့် အတွေ့အကြုံများကို ရယူကြရသည်။စွန့်စားမှုရခြင်းအားဖြင့် အမှားအယွင်းနှင့် ဆုံးရှုံးမှုများကို ရင်ဆိုင်နေကြရသည်ကိုခေါင်းဆောင်များသိရှိကြသည်။မလွှဲမရှောင်သာသော အခက်အခဲများကို ရင်ဆိုင်ကာရလဒ်ကောင်းတစ်ခုအတွက်ခေါင်းဆောင်များဆောင်ရွက်ကြရမည် ဖြစ်သည်။
၎။တခြားသူများလိုက်ပါစေ
အပြန်အလှန် အကျိုးကျေးဇူးးရရှိရေးအတွက် အားလုံးနှင့်ပူးပေါင်းနိုင်ရန် ခေါင်းဆောင်များက ပျိုးထောင်ပေးရမည်ဖြစ်သည်။စိတ်ဓာတ်ပါရှိသောအသင်းများကို တည်ဆောက်ပေးရမည်ဖြစ်ပြီး တက်ကြွစွာ ပါဝင်စေရမည် ဖြစ်သည်။အချင်းချင်းအပြန်ပြန်အလှန်လှန် လေးစားကြရမည်ဖြစ်ပြီး သာမန်လွန် ကြိုးစားစိုက်ထုတ်မှုကိုဆောင်ရွက်ကြရမည်။ လူသားများ၏ ဂုဏ်သိကခာနှင့် ယုံကြည်မှုကို အင်အားရှိစေမည်ဖြစ်ပြီး တစ်ဦးချင် ဆောင်ရွက်နိုင်စွမ်းနှင့် အင်အားကို ဦးဆောင်သူများက ဖြည့်ဆည်းပေးရမည်။
၅။နှလုံးသားကို အားပေးပါ
နေဇင်လက်(နိုင်ငံတော်သမ္မတအကြံပေး)၏ ခေါင်းဆောင်များရဲ့ခေါင်းဆောင်စာအုပ်မှ ကူးယူဖော်ပြသည်။
ဦးဆုံး မလေ့လာ၊ မသင်ယူဘဲ၊ ဦးဆောင်မှုမခံပဲ သင် ခေါင်းဆောင်တစ်ဦး ဖြစ်မလာနိုင်ပါ။

ไม่มีความคิดเห็น:
แสดงความคิดเห็น