วันอาทิตย์ที่ 11 กันยายน พ.ศ. 2554

သတင်းကောင်း



နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် အဆိုကို တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ထောက်ခံကြပြီး လွတ်ငြိမ်းမိန့်အတွက် သမ္မတကြီးထံ ပြည်ထဲရေးဝန်ကြီးမှ အဆိုတင်သွင်း

နေပြည်တော် ၊ သြဂုတ် ၂၅

နိုင်ငံရေးအကျဉ်းသားမရှိဟု အစိုးရမှ ငြင်းဆိုနေခြင်းကြောင့် "နိုင်ငံရေး အကျဉ်းသား" ဟူသည့် အသုံးအနှုန်းကို ရှောင်ကာ "ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ" စကားရပ်ဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို သြဂုတ်လ ၂၅ရက်နေ့က လွှတ်တော်တွင် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က တင်သွင်းလိုက်ကြောင်း၊ ယင်းအဆိုကို ပြည်သူ့လွှတ်တော်ရှိ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ထောက်ခံလိုက်ကြောင်း သတင်းရရှိသည်။

ဆက်လက်၍ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့် ဆက်လက် ထုတ်ပြန် ပေးရန်အတွက် ပြည်သူ့လွှတ်တော် ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးကိုကိုမှတဆင့် နိုင်ငံတော်သမ္မတကြီးထံ အဆိုပြုလိုက်ကြောင်း ပြည်သူ့လွှတ်တော်သတင်းရပ်ကွက်မှ တစ်ဆင့် ကြားသိရသည်။

နိုင်ငံရေး အကျဉ်းသားများလွတ်မြောက် စေရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို ဒီမိုကရေစီပါတီ ၁၁ ပါတီဖြင့် ဖွဲ့စည်းထားသည့် ဒီမိုမိတ်ဆွေပါတီများ အစုအဖွဲ့မှ ၁၃ ဦး၊ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီမှ ၂ ဦးက ဆွေးနွေးထောက်ခံခဲ့ပြီး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှ
်ဦးက ထပ်မံ ထောက်ခံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအဆိုကို ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ၂ ဦးက နိုင်ငံရေးအကျဉ်းသားများ ကိစ္စရပ်ကို တည်ဆဲဥပဒေများဖြင့် ထောက်ပြပြောဆိုမှုများ ပြုလုပ်ကာ ထောက်ခံခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးက မိမိတို့နှင့် တိုက်ပွဲများတွင် လက်တွဲခဲ့ကြသည့် ရဲဘော်များလည်း အကျဉ်းထောင်အတွင်းရှိနေကြောင်း မိမိတို့အနေဖြင့် ယင်းရဲဘော်ရဲဘက်များကိုပါ အကျဉ်းကျနေရာမှ လွတ်စေလိုကြောင်း တခဲနက် ထောက်ခံဆွေးနွေးခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို တပ်မတော်က ထောက်ခံသည့် ကိုယ်စားလှယ်များမှာ ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားချက်ဖြင့် ပြည်သူ့လွှတ်တော် တက်ရောက်နေသည့် တပ်မတော်သား ကိုယ်စားလှယ်များတွင် အဆင့်အမြင့်ဆုံးဖြစ်သည့် ဗိုလ်မှူးကြီးတစ်ဦးနှင့် ဒု-ဗိုလ်မှူးကြီးတစ်ဦးဖြစ်ကြောင်း သိရသည်။

၅၀၀၀၀၀တန် ဖုန်းပိုင်၇ှင်များ သတိထား


ဖုန်း အမည်က LG 200-E လေးပါ။သူလေးက အနေစုပ်ပေမဲ့ ရွှေထုတ်တဲ့ မြပုဝါ လို့ ပြောရမလိုဘဲ။ သိပ်စွမ်းဆောင်ရေကောင်းပါတယ်။ခုမြန်မာပြည်မှာ၅၀၀၀၀၀တန် ဖုန်းတွေ ၀ယ်သုံးကြတယ်။တချို့ တလေ ငြီးကြတယ်။ငါလည်း သိပ်မပြောဘဲနဲ့ ဖုန်းဘေတွေ သိပ်တက်တယ် ဆိုတာလေ။ဟဲဟဲ ကျွန်တော် သိတာလေး ဖောက်သည် ပြန်ချတာနော်။ဒီဖုန်းက Sim card မပါဘဲ ဖုန်းခေါ်လို့၇တယ် လို့ပြောရင် ယုံကြပါ့မလား။ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး။ကျွန်တော်လည်းမယုံပါဘူး။ဒါပေမဲ့ လက်တွေ့ တွေ့ ခဲ့တာလေ ပြန်ဖောက်သည် ချလိုက်ပါရစေ။
ကျွန်တော့်ရဲ့သူငယ်ချင်းက
ဒီဖုန်းထဲ မှာ ၅ သိန်းတန် sim card ကိုထည့်ထား လိုက်တယ်။ပြီးတော့ bar code ရိုက်ထည့် လိုက်တယ်။ ဖုန်းက sim card ကို ဖတ်ပြီး ဖုန်းထဲမှာ Store လုပ်ထားတယ်။ပြီးရင် ဖုန်းကို battery power ပေးလိုက်တယ်။ပြီးတော့ sim card ဖြုတ်လိုက်တယ်။ဒါဆို၇င် သာမာန် ဖုန်းအားဖြင့် sim card မရှိတော့၇င် လိုင်းမရှိတော့ဘူးပေါ့။ဟဲဟဲ ဒီဖုန်းက simcard မရှိတော့ပေမဲ့ လိုင်းရှိတယ်။ခုဏ ဖုန်းထဲ store လုပ်ထား တာတွေလေ။ဒါပေမဲ့ အဲဖုန်းက battery ကုန်လို့မ ရဘူးဗျ။battery ကုန်တာနဲ့ မှတ်ထားတာတွေ gone ရောဗျ။ကဲ
ကြိုက်တဲ့ နေရာကိုခေါ်ပေတော့။အ၀င် ရောအ ထွက်ရော သုံးလို့ရတယ်။ဒီနည်းနဲ့ sim card တစ်ခုတည်းကို ဖုန်းတွေ ပွားပြီး simcard ကိုရောင်းစားလိုက် တယ်။ဝယ် လိုက်တဲ့ သူက မောင်ဖြူ ဆိုပါတော့
ကျွန်တော်က simcard ကိုပွားထားတဲ့ သူဆိုပါတော့။လူတစ်ယောက်က မောင်ဖြူ့ ဆီ ဖုန်းခေါ် လိုက်၇င် ကျွန်တော် ပွားထားတဲ့ ဖုန်းမှာလည်း ring လာမြည်တယ်။ကျွန်တော် Ans လုပ်လိုက်တယ်။မောင်ဖြူ မသိပါ။ခေါ်တဲ့ လူနဲ့ မောင်ဖြူပြောနေကြ ရာမှာ ခေါ်တဲ့ သူပြောတာကို ကျွန်တော်ကြားရတယ်။ကျွန်တော်လည်းဝင်ပြောလို့ ရတယ်။ ကျွန်တော်ပြောတာကို တော့ခေါ်တဲ့ သူကြားရပြီး မောင်ဖြူ မကြားရဘူးဗျ။ပြီးတော့ ကျွန်တော် အပြင်ကို ခေါ်သမျှ မောင်ဖြူမသိပါ။ဟဲဟဲ ဖုန်းဘေ ကတော့ မောင်ဖြူဆီသွားတာပေါ့။
တော်တော် တော်တဲ့ သူတွေပါ။ကျွန်တော်တောင် တော်တော် လက်ဖျားခါသွားတယ်။အဲဒါနဲ့ barcode လေးသူငယ်ချင်း ဆီကပ်တောင်းတာ မပေးဘူးဗျ။နောက်မှ ယူတဲ့ဗျ။
အဲတော့ ဘော်ဒါတို့ ဖုန်းတွေ ဘေတွေသိပ်တက်နေရင် မြန်မာ့ ဆက်သွယ်ရေးဆီ သွားပြီး နာမည် တစ်ခါတည်းတာပြောင်းလိုက်တော့ဗျာ
ပြောင်းခကတော့ ၁၅၀၀၀၀ လောက် ပေးရမယ်တဲ့။

နောက်၁ခုက lg st ဆိုတဲ.ဖုန်းလေးကလဲ ခုပေါ်နေပြီလေ..၁မိနစ်လောက် သူများစီက sim cart ၇လိုကတော. ဖုန်ပွါးပြီးသာပဲ ။ ခု၇န်ကုန်က ဖုန်းဆိုင်တော်တော်များများတွေမှာေ၇ာင်းနေကြပါတယ်။၃၁.၈ လပိုင်း မြန်မာသတင်းစာမှာလည်ေ၇းသားထားပါတယ်။

သူငယ်ချင်းတို.၇ဲ ဖုန်းတွေအပွါးမခံ၇အောင် မိမိဖုန်း သို.မဟုတ် sim cart ကို သူတစ်ပါကိုမငှါးမိစေနဲနော်....

မဟုတ်၇င် ၁၅၀၀၀၀လောက် ကုန်ဖို.သာပြင်ထား....

သူငယ်ချင်းအားလုံး ဖုန်းအပွါးခံ၇ချင်းမှ ကင်ဝေးနိုင်ပါစေ....

အကုသိုလ်ကို အမျှပေးဝေလို့ ရပါသလား..


(ဦးဇင်းမိုးသုဘုရား ကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့ သေသောသူအားရည်စူး၍ အမျှပေးကြပါတယ်။ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီရင် သေသောသူက အမျှရပြီးတော့ ကောင်းကျိုးချမ်းသာကို ခံစားရတယ်လို့ မှတ်သားရပါတယ်။ တပည့်တော် တစ်ခုတွေးမိတာ ရှိပါတယ်။ အကုသိုလ်ကိုကော ကုသိုလ်လို အမျှပေးလို့ ရပါသလားဘုရား။ တပည့်တော်ရဲ့ သံသယကို ရှင်းလင်းပေးပါဘုရား)

ဒီမေးခွန်းကို အရင်က မိလိန္ဒမင်းကြီးက အရှင်နာဂသေနကို မေးခဲ့ဘူးပါတယ်။ အရှင်နာဂသေနကလဲ အဖြေပေးခဲ့ပါတယ်။ မိလိန္ဒာပဥှာပါဠိတော် ပုဗ္ဗပေတာသဒိသပဥှာမှာ ဖတ်ရှု့နိုင်ပါတယ်။

ဦးဇင်းအစက အရှင်နာဂသေနရဲ့ အဖြေအတိုင်းပဲ ဖြေပေးလိုက်ရင် ကောင်းမလားလို့ စဉ်းစားပါသေးတယ်။ သေချာတွေးကြည့်တော့ အရှင်နာဂသေနရဲ့ အဖြေက ကျယ်ဝန်းများပြား ရှည်လျားလွန်းနေတယ်။ အင်မတန်လဲ နက်နဲလွန်းလှတယ်။ ပညာရှင်နှစ်ယောက်ရဲ့ အမေးအဖြေမို့ ဘာသာရေးလိုက်စားခါစ လူတွေအတွက် နားလည်နိုင်ဖို့ ခက်ခဲတယ်။ စာရိုက်ရမှာလဲ မသက်သာပါဘူး။ ဒါကြောင့် ကိုယ်ပိုင်ဟန်လေးနဲ့ပဲ ဖြေပေးလိုက်ပါတယ်။

ဦးဇင်းအဖြေကို သဘောမကျ မနှစ်သက်ဘူးဆိုရင်တော့ မိလိန္ဒပဥှာပါဠိတော် ပုဗ္ဗေပေတာသဒိသပဥှာမှာပဲ ထပ်ပြီး ဖတ်ကြည့်လိုက်လို့ တိုက်တွန်းပါတယ်။

အိတ်တစ်လုံးထဲကို ရွှေငွေတွေထည့်ပြီး လူတွေကို လိုက်ပေးရင်တော့ ယူကြမှာပဲ။ ဒါပေမယ့် အိတ်တစ်လုံးထဲကို ပုပ်သိုးနံစော်နေတဲ့ မစင်တွေ အပြည့်ထည့်ပြီး လိုက်ပေးရင်တော့ ဘယ်သူကများ ယူမှာတဲ့လဲ။

အမျှဝေတယ်ဆိုတာဟာ သေလွန်သွားတဲ့သူ ကံမကောင်း အကြောင်းမလှလို့ ပရဒတ္တူဇီဝိတပြိတ္တာမျိုးမှာ ဖြစ်ခဲ့ရင် ကောင်းသောဘ၀ကို ရောက်ပြီး ချမ်းချမ်းသာသာ နေနိုင်ပါစေတော့လို့ စိတ်ထားကောင်းကလေးနဲ့ ပြုလုပ်ပေးကြတာဖြစ်တယ်။

ဆင်းရဲနေတဲ့သူကို ချမ်းသာလာပေးရင် ယူချင်ပေမယ့် ဆင်းရဲနေသူကို ပိုပြီးဆင်းရဲသွားအောင် ဆင်းရဲတွေ ထပ်ပြီး လာပေးရင် ဘယ်သူကများ ယူမှာတဲ့လဲ။ ပေးလို့ရတာ မရတာနောက်ထားပါ။ ကိုယ့်ကို ပိုပြီး ဆင်းရဲသွားစေမယ့် ဆင်းရဲကို ဘယ်သူက ယူချင်မှာတဲ့လဲ။

အမျှဝေတယ်ဆိုတာ တစ်ဘက်က ယူမှရတာလေ။ ကုသိုလ်ကို အမျှဝေရင်တောင်မှ တစ်ဘက်က ယူမှရတာပါ။ သေသေချာချာ စဉ်းစားကြည့်ချင်ပါတယ်နော်။

ငါဆိုရင်ကော ငါ့ကို သူတစ်ပါးက ဆင်းရဲတွေလာပေးရင် ငါ့မှာရွေးချယ်ပိုင်ခွင့်လဲ အပြည့်အ၀ရှိနေရင် ငါယူချင်ပါ့မလားဆိုတာကို အလေးအနက်စဉ်းစားကြည့်လိုက်ပါ။

မိလိန္ဒပဥှာမှာတော့ အရှင်နာဂသေနက အကုသိုလ်ကို အမျှဝေလို့ မရပါဘူးလို့ ဖြေပေးထားပါတယ်။ ဆီကို မီးထွန်းလို့ရပေမယ့် ရေကို မီးထွန်းလို့မရသလို ကုသိုလ်ကို အမျှဝေလို့ရပေမယ့် အကုသိုလ်ကို အမျှဝေလို့ မရပါဘူးတဲ့။ အဲဒီလို ဖြေပေးထားပါတယ်။

မိလိန္ဒပဥှာမှာတော့ မိလိန္ဒမင်းကြီးက ကတ်ကတ်သတ်သတ်မေးပြီး အရှင်နာဂသေနကလဲ ရှင်းရှင်းလင်းလင်းကို ဖြေပေးထားပါတယ်။ ဒီထက်ပိုပြီးတော့ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် သိချင်ရင်တော့ မိလိန္ဒပဥှာမှာပဲ ဖတ်ပါလို့ တိုက်တွန်းပါတယ်။ ဒီမှာတော့ အကြောင်းအကြောင်းကြောင့် ဒီလောက်ပဲ ဖြေပေးနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးနှင့် ကိုယ်တိုင်ရေးဆောင်းပါးများ


စက်တင်ဘာ ၄ ရက် တနင်္ဂနွေနေ့ထုတ် Messenger News Journal မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး ဖော်ပြထားပါတယ်။

ဂျာနယ်ရဲ့ ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာမှာ ” အနှစ် ၂၀ ကျော်အတွင်း မြန်မာပြည် စာနယ်ဇင်းလောကမှာ ဘယ်ဂျာနယ်မှ မဖော်ပြနိုင်သေးတဲ့အင်တာဗျူးတခုကို Messenger က အစောဆုံးဖော်ပြလိုက်နိုင်တာပဲ”လို့ရေးထားပါတယ်။

ဂျာနယ်တိုက်ကို ဆက်သွယ်မေးကြည့်တော့ ဒေါ်စုနဲ့အင်တာဗျူးကို အကြိမ်ပေါင်းများစွာ စိစစ်ရေးတင်ပြခဲ့ရပြီး အခုတကြိမ်မှာ ဖော်ပြခွင့်ရတာပါလို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့ပြီး ကတည်းက သတင်းဂျာနယ်တချိုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး လုပ်ပြီး စိစစ်ရေးတင်ပြခဲ့တာ တခါမှ ဖော်ပြခွင့်မရခဲ့ကြပါဘူး။

အလားတူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးတဲ့ ‘အပမ်းဖြေနားရက်များ’လို့ အမည်ပေးထားတဲ့ ဆောင်းပါးလည်း ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခွင့်ရပြီလို့ အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသက အတည်ပြုပြောပါတယ်။

“ ‘အပမ်းဖြေနားရက်များ’ သားနဲ့ ပုဂံကို ခရီးသွားတဲ့အကြောင်းပေါ့။ ခရီးစဉ်အစက စရေးထားတာ။ မူလရေးထားတဲ့အတိုင်းပဲ ခွင့်ပြုပါတယ်။ ဒေါ်စုဆီက ပေးပို့ထားတာတွေကိုလည်း ထပ်ပြီးတော့ တင်ဦးမှာပါ။”

ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါး ပါဝင်တဲ့ ပြည်သူ့ခေတ်ဂျာနယ်ကတော့ အင်္ဂါနေ့မှာ ထွက်ရှိလာမှာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ သတင်းဆောင်းပါးတွေအပြင် အင်တာဗျူးတွေ ကိုယ်တိုင်ရေး စာမူတွေကိုပါ ဖော်ပြခွင့်ပေးလာတဲ့အပေါ် စာနယ်ဇင်း အသိုင်းအ၀ိုင်းက ကြိုဆိုလိုက်ကြပြီး တသမတ်တည်း ဆက်လက် ဖော်ပြခွင့်ပေးဖို့လည်း မျှော်လင့်နေကြပါတယ်။

(သူငယ်ချင်းတို့ရေ . . . စာနယ်ဇင်းလွတ်လပ်ခွင့် တကယ်ရပြီလား စောင့်ကြည့်ရအောင်နော် . . . )

www.yeyintnge.com ရဲရင့်ငယ် (ကနေဒါ) မှ September 3, 2011 နေ့တွင် ဆောင်းပါးရှင်ရွှေအောင်၏သတင်းအားမျှဝေအပ်ပါသည်။


ပိတ္တာအကြောင်းတစ်စေ့တစ်စောင်း


ဆရာတော် အရှင်ဝိစိတ္တ(မနာပဒါယီ)ရဲ့ပိုစ့်ကောင်းလေးတစ်ခုဖြစ်ပါတယ်။ပြိတ္တာနဲ့ပတ်သတ်ပြီး သိချင်သူများ၊ပြိတ္တာဆိုတာ ဘာကိုခေါ်တာလဲ၊ဘယ်လိုအကုသိုလ်ကံကြောင့် ပြိတ္တာဖြစ်တာရလည်း စသည်ဖြင့်ပေါ့လေ ဝေဝေဆာဆာ တန်ဆာဆင်ထားတဲ့"ပြိတ္တာအကြောင်းတစ်စေ့တစ်စောင်း"ဆိုတဲ့ ပိုစ့်လေးကိုအားလုံးအတွက်မျှဝေလိုက်ပါတယ်။

ပြိတ္တာနဲ့ ပတ်သက်ပြီးတော့ မေးထားတဲ့ အမေးလေးတွေကို ပြန်ဖြေပေးဖို့ အကြွေးတင်နေတာ အတော်ကြာပြီ ဖြစ်ပါတယ်။ ခုတော့ မဖြစ်တော့ဘူးဆိုပြီး အချိန်ယူကာ ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများနဲ့ အလွန်ရင်းနှီးနေပြီးဖြစ်တဲ့ ဒီပြိတ္တာများအကြောင်းကို ပိဋကတ်သုံးပုံ ပေတဝတ္ထုပါဠိတော်မှာ သင်္ဂါယနာတင် မထေရ်များက မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ဝိမာနဝတ္ထု၊ ပေတဝတ္ထုအဖြစ် မှတ်တမ်းတင်ထားတဲ့ ဒီပါဠိတော်မှာ ပေတဆိုတဲ့ စကားနဲ့ ပြိတ္တာတွေအကြောင်းကို ဖွင့်ဆိုရှင်းပြထားပါတယ်။ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတလို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။

စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်လို့ခေါ်တဲ့ အပါယ်သတ္တဝါ လေးပါးထဲမှာပါဝင်တဲ့ လူ့ပြည်လောကအတွင်းမှာပဲ တောခြုံပိပ္ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တာမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ ဆိုပါတယ်။ ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့ သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထောင်း သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလအထိ မကျွတ်မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်း အများအပြား ရှိကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့ အဆင်းနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ ဆိုပါတယ်။

ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုအဋ္ဌကထာ ဓနပါလသေဋ္ဌိ ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ ဖောက်ပြန်တဲ့ဆံအမွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုံးလုံး ထမင်းတစ်လုံး ရေတစ်ပေါက်ကိုမျှ မရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း” စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစား များသလောက် ခံစားရပုံချင်းလည်း မတူညီလှပါဘူး။

သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့်များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်းလည်း မှတ်သားရပါတယ်။ အဲဒီလေးမျိုးက
၁။ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ
၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ
၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ
၎။ အသုရကာယ်လို့ သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ တို့ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။

ဒီပြိတ္တာအမျိုးအစား လေးမျိုးအပြင် လောကပညတ္တိကျမ်း၊ ဆဂတိဒီပနီကျမ်းတွေမှာလည်း ပြိတ္တာအမျိုးမျိုး အကြောင်းကို ဖွင့်ပြထားတာကို တွေရပြန်ပါတယ်။ အဲဒီကျမ်းများအရ ပြိတ္တာအမျိုးအစား (၁၂)မျိုးကို မှတ်သားရပါတယ်။ ဟိမဝန္တာတောင်ဘေးရှိ ဂိဇ္ဈကုဋ်တောင်မှာ ပြိတ္တာအမျိုးမျိုး တည်ရှိနေပြီး အရေအတွက်အားဖြင့် (၁၂)မျိုးအထိ ရှိနေကြောင်း ဖွင့်ပြပါတယ်။ အဲဒီ ပြိတ္တာအမျိုးအစားများက
၁။ အစာရေစာ အလွန်ငတ်မွတ်ကာ ဘယ်သောအခါမှ ထမင်းဘောဇဉ် စတဲ့အစားအစာများကို စားသောက်ရခြင်း မရှိဘဲ သူတပါးတို့ စွန့်ပစ်ထားတဲ့ တံတွေးနှပ်အန်ဖတ်တွေကိုသာ စားသောက်ရတဲ့ ဝန္တာသပြိတ္တာမျိုး
၂။ လူကောင်ပုတ်၊ ခွေးကောင်ပုတ်၊ မြွေကောင်ပုတ်စတဲ့ အကောင်ပုတ်များကို ရတဲ့အခါ စားရပြီး မရတဲ့အခါ မစားရဘဲ ငတ်မွတ်နေရတတ်တဲ့ ကုဏပါသပြိတ္တာမျိုး
၃။ မစင်ကိုသာ စားသုံးရတဲ့ ဂူထခါဒကပြိတ္တာမျိုး
၎။ နေ့ညဉ့်ပတ်လုံး ခံတွင်းမှ မီးလျှံများထွက်ကာ အပူလောင်ခံနေရတဲ့ အဂ္ဂိဇာလမုခပြိတ္တာမျိုး
၅။ ခန္ဓာကို အလွန်ကြီးပြီး ပါးစပ်မှာ အပ်နဖားပေါက်လောက်ပဲရှိကာ အစာရေစာကို ပါးစပ်က မသွင်းနိုင်ဘဲ နှာခေါင်းနားရွက်စတဲ့ အပေါက်တွေက သွင်းနေရပေမယ့် အမြဲမပြတ် စာလောင်မွတ်သိပ်နေရတဲ့ သူစိမုခပြိတ္တာမျိုး
၆။ ရေငတ်မွတ်မှု တဏှာဖြင့် နှိပ်စက်ခံရသည့် တဏှာဋ္ဋိတပြိတ္တာမျိုး (ထိုပြိတ္တာမျိုးသည် တစ်ခါတစ်ရံမျှ သောက်ရေကိုမရဘဲ ရေငတ်လွန်းလှသဖြင့် ရေတွင်းရေကန် ထုံးအိုင်မြစ်ချောင်း သမုဒ္ဒရာ ရှိရာအရပ်သို့ ကပ်ရောက်သွားတဲ့အခါ ထိုရေကန်စသည်တို့သည် ပြည်သွေးကျင်ကြီးကျင်ငယ်အသွင် အထင်ရောက်ကုန်တတ်၏)
၇။ အလွန်ပြင်းထန်စွာ လောင်ကျွမ်းခံနေရတဲ့ မီးလောင်ငုတ်နဲ့တူတဲ့ သုနိဇ္ဈာမကပြိတ္တာမျိုး
၈။ ဓားသွား၊ ငါးမျှားချိတ်ကဲ့သို့သော ခြေသည်းလက်သည်းများနဲ့ မိမိကိုယ်အင်္ဂါတို့ကို ကုတ်ဖဲ့ဖြတ်ကော်ကာ အသားအသွေးတို့ကို စားနေရတဲ့ သတ္ထင်္ဂပြိတ္တာမျိုး
၉။ နေ့ညဉ်ပတ်လုံး လောင်မြိုက်ကာ အခိုးပြိုက်ပြိုက်ထွက်နေသော တောင်ပမာဏလောက် ခန္ဓာကိုယ်ရှိသည့် ပဗ္ဗတင်္ဂပြိတ္တာမျိုး
၁၀။ အလျှံတပြောင်ပြောင် တောက်လောင်သော စပါးကြီးမြွေနှင့်တူသော ကိုယ်ဖြင့် ညဥ့်၌ လှည့်လည်သွားလာကာ နေ့၌ ဒုက္ခအမျိုးမျိုးကို ခံစားရသည့် အဇဂရင်္ဂပြိတ္တာမျိုး
၁၁။ ကုသိုလ်၊ အကုသိုလ်ကံ ရောပြွန်းခဲ့သည့် ကံကြောင့် ရံခါကုသိုလ်အကျိုး အဖြစ်နတ်စည်းစိမ်ကို ခံစားရပြီး ရံခါအကုသိုလ်အကျိုးအဖြစ် ဒုက္ခကို ခံစားရသည့် ဝေမာနိကပြိတ္တာမျိုး
၁၂။ ကံ၏အကျိုးကြောင့် တန်ခိုးကြိးမား၍ ပြိတ္တာအားလုံးတို့ရဲ့ အကြီးအမှုးသဖွယ်ဖြစ်ကာ အလွန်အဆင်းလှ၊ အလွန်စည်းစိမ်ကြီးလှသည်ဟု ထင်ရသော်လည်း ဘောဇဉ်ကိုမစားရ၊ ရံခါထမင်းအဖျော် စသည်ကို ရသော်လည်း သုံးဆောင်ခံစားခွင့်မရ၊ အလွန်ဒုက္ခကြီးလှသည့် မဟိဒ္ဓိကပြိတ္တာမျိုး ဆိုပြီး အမျိုးအစား (၁၂)မျိုးကို ပြဆိုထားတာကို တွေ့ရပြန်ပါတယ်။

ဒါ့အပြင် ပါရာဇိကဏ်ပါဠိတော်၊ သံယုတ်ပါဠိတော်များမှာ ပြိတ္တာအမျိုးမျိုးကို ဖွင့်ဆိုပြထားပြီး အမျိုးအစား (၂၁)မျိုးအထိ ရှိတယ်လို့ ဆိုပါတယ်။ စာပေအဖွင့်တွေအရ ပြိတ္တာအမျိုးအစား အများအပြား ရှိပေမယ့် အကျဉ်းချုပ်ကြည့်တဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့ ပြိတ္တာအမျိုးအစား (၄)မျိုးထဲမှာပဲ အကျုံးဝင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီလေးမျိုးထဲမှာတော့ အဖြစ်အများဆုံးနဲ့ အခွင့်အရေး အရှိဆုံး ပြိတ္တာအမျိုးအစားကတော့ “သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ” ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာမျိုးကတော့ ဘယ်လိုပဲ ဆင်းရဲဒုက္ခကို ခံစားနေရပေမယ့် မိမိအား ရည်စူးလှူဒါန်းပြီး အမျှပေးဝေတဲ့အခါ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်တဲ့အခါ ခံစားနေရတဲ့ ဆင်းရဲဒုက္ခများ ချက်ချင်းကွယ်ပျောက်ပြီး ချမ်းသာအမျိုးမျိုးကို ရရှိခံစားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလိုအကျိုးဆက်မျိုးကို မျှော်ကိုးပြီး မျက်မှောက်ခေတ်မှာ မိမိတို့နဲ့ ပတ်သက်တဲ့ သူတစ်ယောက်ယောက် သေဆုံးသွားတဲ့အခါ အဲဒီသူကို ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ကာ အမျှအတမ်း ပေးဝေကြရခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အဋ္ဌကထာ အဖွင့်များအရ အထူးမှတ်သားသင့်တဲ့ အချက်က သေဆုံးသူဟာ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရတဲ့ ပရဒတ္တူပဇီဝိကပြိတ္တာမျိုးမှာ ဖြစ်ခဲ့ပြီး ကျန်ခဲ့တဲ့သူတွေရဲ့ အလှူကို မျှော်လင့်စောင့်စားနေပေမယ့် ကျန်ခဲ့တဲ့ လှူဒါန်းပြီး အမျှပေးဝေပေးမယ့်သူက မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ်ထံမှာ မြင့်မြတ်တဲ့စိတ်ထားနဲ့ ထက်သန်စွာ ပေးလှူကာ အမျှပေးဝေနိုင်မှသာ မျှော်လင့်စောင့်စားရကျိုးနပ်ကာ မွန်မြတ်တဲ့ စည်းစိမ်မျိုးကို ရရှိခံစားနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပေတဝတ္ထု၊ စူဠသေဋ္ဌိပေတဝတ္ထု အဆိုအရ သေသူကို ရည်စူးပြီး လှူဒါန်းပေမယ့် သီလမရှိတဲ့ ဒုဿီတို့ကို လှူဒါန်းခဲ့တဲ့အတွက် အလှူရဲ့ အကျိုးကို သေသူက မခံစားရကြောင်း သာဓကတစ်ခုအဖြစ် တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထူးခြားတဲ့အချက်တစ်ခုက သေသူကို ရည်စူးပြီး လှူဒါန်းတဲ့ ကုသိုလ်ဟာ သေသူက ပရဒတ္တူပဇီဝိကပြိတ္တာမျိုးမှာ ဖြစ်နေတဲ့အတွက် အလှူရဲ့ အကျိုးကို ရရှိသည်ဖြစ်စေ၊ အခြားပြိတ္တာမျိုး၊ ငရဲ၊ တိရစ္ဆာန်စတဲ့ ဘဝမျိုးမှာ ရောက်ရှိသွားတဲ့အတွက် အလှူရဲ့ အကျိုးကို မရရှိသည်ဖြစ်စေ အလှူရှင် အနေနဲ့ အကျိုးမဲ့ အချည်းနှီးမဖြစ်ဘဲ ကုသိုလ်အကျိုးကို ရရှိတယ်ဆိုတဲ့ အချက်ကတော့ အသေအချာပဲ ဖြစ်ကြောင်း ဇာဏုေဿာဏိသုတ်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် မိန့်တော်မူထားချက် ရှိပါတယ်။

ဒါကြောင့် ပြိတ္တာများနဲ့ ပတ်သက်ပြီး တစ်စေ့တစ်စောင်း တင်ပြခဲ့တဲ့ ဒီစာစုမှာ နောက်ဆုံးကောက်ချက်ချ မှတ်သားသင့်တဲ့အချက်က အစွဲတစ်ခုခု၊ ဝန်တိုမှုတစ်ခုခု၊ သူတပါးရဲ့ ကုသိုလ်ကောင်းမှုကို ဖျက်စီးမှု တစ်ခုခုကို ပြုလုပ်တဲ့သူတွေဟာ ပြိတ္တာဘဝကို ရောက်ရတတ်ပြီး အဲဒီပြိတ္တာဘဝမှာလည်း သာဓုခေါ်နိုင်တဲ့ ပြိတ္တာရှိသလို မခေါ်နိုင်တဲ့ ပြိတ္တာမျိုးလည်း ရှိတတ်တဲ့အတွက် အသေချာဆုံးက ရခဲတဲ့လူ့ဘဝကို ရရှိနေပြီးမှ ပြိတ္တာဘဝ၊ ငရဲတိရိစ္ဆာန်ဘဝ စတဲ့အောက်အောက်ဘဝတွေကို ရောက်မသွားရအောင် ကြိုးစားပြီး သုဂတိဘဝကို ရရှိအောင် အားထုတ်ခြင်းကသာ အသေချာဆုံး ဖြစ်တဲ့အတွက် ပြိတ္တာဘဝရဲ့ ကြောက်စရာကောင်းပုံကို သံဝေဂယူကာ ကုသိုလ်ကောင်းမှုများကို များများလုပ်ကာ သုဂတိဘဝကိုသာ အရောက်သွားကြဖို့ပဲ ဖြစ်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။(အရှင်ဝိစိတ္တ-မနာပဒါယီ)ဆိုဒ်မှ ကူးယူဖော်ပြလိုက်ပါတယ်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါကြပါစေ။ငရဲ၊တိရိစ္ဆာန်၊ပြိတ္တာ၊အသုရကာယ်ဆိုတဲ့ အပါယ်လေးပါးရောက်စေနိုင်သော အကုသိုလ် ကံများကို အသက်ထက်ဆုံးရှောင်ကြဉ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါသည်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

မြန်မာနိုင်ငံ၏ လက်ရှိ သတ်မှတ်ထားသော ဘဏ်တိုးနှုန်းများကို ၂ ရာခိုင်နှုန်းလျှော့ချ


မြန်မာနိုင်ငံ၏ လက်ရှိ သတ်မှတ်ထားသော ဘဏ်တိုးနှုန်းများကို ၂ ရာခိုင်နှုန်းလျှော့ချ PDF | Print |
AddThis Social Bookmark Button
6491

မြန်မာနိုင်ငံတွင် လက်ရှိ သတ်မှတ်ထားသော ဘဏ်တိုးနှုန်းအား ၂ ရာခိုင်နှုန်း လျှော့ချလိုက်ကြောင်း ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဘဏ်တိုးနှုန်းမှာ အပ်ငွေအတွက် အတိုး ၁၂ ရာခိုင်နှုန်းနှင့် ချေးငွေအတွက် အတိုး ၁၇ ရာခိုင်နှုန်း သတ်မှတ်ထားချက်မှ ယခု စက်တင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်များအရ အပ်ငွေအတွက် အတိုးနှုန်းအား ၁၂ ရာခိုင် နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ချေးငွေအတွက် အတိုးနှုန်းအား ၁၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လည်းကောင်း လျှော့ချခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

“ဟုတ်ပါတယ်။ ဘဏ်တိုးနှုန်း တွေကို လျှော့ချလိုက်ပါပြီ”ဟု ဗဟို ဘဏ်ရှိ ၀န်ထမ်းတစ်ဦး က စက်တင် ဘာလ ၂ ရက်နေ့က ပြောကြားခဲ့ ပါသည်။

“စက်တင်ဘာလ ၂ ရက်နေ့က စာထွက်တယ်။ ဘဏ်တိုးနှုန်းတွေကို ၂ ရာခိုင်နှုန်း လျှော့ချလိုက်ပါတယ်။ ချေးငွေအတွက် ၁၇ ရာခိုင်နှုန်း ဘဏ်တိုးကို ၁၅ ရာခိုင်နှုန်းနဲ့ အပ်ငွေအတွက် ၁၂ ရာခိုင်နှုန်းကို ၁၀ ရာခိုင်နှုန်းအထိ အတိုးနှုန်းတွေ လျှော့ချတာပါ”ဟု မြန်မာ့ ရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားခဲ့ပါသည်။

လျှော့ချပေးခဲ့ခြင်းအပေါ် လုပ်ငန်းရှင်များ၊ ပညာရှင်များမှ ကြိုဆိုကြကြောင်းနှင့် ယခု ၂ ရာခိုင်နှုန်း လျှော့ချပေးသည့်တိုင် မြန်မာနိုင်ငံ၏ ဘဏ်တိုးနှုန်းမှာ ဒေသတွင်း နိုင်ငံများထဲတွင် အမြင့်ဆုံး အနေအထား၌ ရှိနေဆဲဖြစ်၍ ဆက်လက်၍ ပြည်သူအများစုဖြင့် ကိုက်ညီသည့် ဘဏ်တိုးနှုန်းအထိ လျှော့ချပေးသွားခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အနေအထား အဖြစ်ရောက်ရှိမည် ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ကြသည်။

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ ပြီးပါက မြန်မာနိုင်ငံ၏ဘဏ်တိုးနှုန်း မှာအမြင့်ဆုံးအဖြစ်ရှိနေပြီး အိမ်နီး ချင်း ထိုင်း၊ တရုတ်နိုင်ငံများ ထက် နှစ်ဆမှ လေးဆအထိ မြင့်မားနေဆဲ ဖြစ်ကြောင်း သိရသည်။

“အခုလို လျှော့ချပေးတာကို ကြိုဆိုပါတယ်။ ဒါကအပြောင်းအလဲ တစ်ခုကိုလုပ်ပေးတယ်ဆိုတဲ့ သဘော ရှိတဲ့အတွက်ပါ။ အခုလျှော့ချပေးတဲ့ တိုင်အောင် ကျွန်တော်တို့နိုင်ငံရဲ့ ဘဏ်တိုးနှုန်းက အာရှနဲ့ ဒေသတွင်း နိုင်ငံတွေထဲမှာ ဗီယက်နမ်နိုင်ငံပြီးရင် အမြင့်ဆုံးပဲလို့ ပြောရမှာပဲ။ ဒါပေမယ့် ဗီယက်နမ်က ဘဏ်တိုးနှုန်းမြင့်တယ် ဆိုပေမယ့် ပို့ကုန်လုပ်ငန်းရှင်တွေ အပေါ် အခွန်ကင်းလွတ်ခွင့်ပေးတာတို့ ဘာတို့နဲ့ တစ်ခြားဖက်က သက်သာ ခွင့်တွေ ရှိတယ်လေ။ ထိုင်းနဲ့ဆိုရင် ချေးငွေအတိုးနှုန်းက နှစ်ဆကျော်၊ အပ်ငွေ အတိုးနှုန်းက သုံးဆလောက် မြင့်နေသေးတယ်လေ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံတကာမှာ လုပ်ကိုင်သလိုပဲ ချေးငွေအတိုးရော၊ အပ်ငွေအတိုးရောကို ၁၀ ရာခိုင်နှုန်း အောက် အထိလျှော့ချပေးလာမယ်လို့ ထင်ပါတယ်”ဟု လုပ်ငန်းရှင်တစ်ဦး က သုံးသပ် ပြောကြားခဲ့သည်။

“ချေးငွေအတွက် အတိုးက ၁၇ ရာခိုင်နှုန်းဆိုပေမယ့် တကယ်တမ်း ချေးယူတဲ့သူက ငွေလက်ဝယ်ရရှိတဲ့ အထိ ကုန်ကျစရိတ်တွေပေါင်းရင် ၁၉ ရာခိုင်နှုန်းလောက် ကျသင့်နေတာ စာတမ်းတွေတောင် ဖတ်နေကြတာပါပဲ။ ဒီတော့ ၂ ရာခိုင်နှုန်းလျှော့ ပေးတဲ့အတွက် တကယ်တမ်း လုပ်ငန်းရှင် လက်ဝယ်အရောက်ဆိုရင် ၁၇ ရာခိုင်နှုန်းလောက် ကုန်ကျနိုင် သေးတယ်လေ။ မမြင်ရတဲ့ ကုန်ကျစရိတ်တွေကတော့ ထည့်တွက်မှရမယ်လေ။ အခုလိုလျှော့ပေးတာကိုပဲ ကျေးဇူးတင်တယ်၊ ကြိုဆိုတယ်။ ကျွန် တော်တို့လို တကယ်လုပ်ငန်း လုပ်တဲ့သူတွေနဲ့ ကိုက်ညီတဲ့ အတိုးနှုန်းအထိ လျှော့ချပေးဖို့တော့ မျှော်လင့်ပါတယ်” ဟု လုပ်ငန်းရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။

သမ္မတရုံး အကြံပေးအဖွဲ့ဝင် တစ်ဦးက “နိုင်ငံရဲ့ဘဏ္ဍာရေး၊ ငွေရေး ကြေးရေး အပါအ၀င် စီးပွားရေးပတ် ၀န်းကျင်တစ်ရပ်လုံးကို ပြုပြင်ပြောင်းလဲနိုင်ဖို့ အကြံပြုထားတယ်။ ဘဏ်တိုးနှုန်း လျှော့ချပေးရင် တုံ့ဆိုင်းနေ တဲ့စီးပွားရေး သွက်လက်လာနိုင်ပေမယ့် တစ်ဖက်မှာလည်း ငွေကြေး ဖောင်းပွမှုနှုန်း မတက်အောင် ထိန်းနိုင်ဖို့လည်း လိုတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေက ၇-၁၁နှုန်း နဲ့ ၈-၁၂ နှုန်းလောက်ကို သဘောကျတာ တွေ့ရတယ်။ အပ်ငွေအတိုးနဲ့ ချေးငွေ အတိုးကိုလည်း ၄-၅ ရာခိုင်နှုန်း လောက်ပဲ ကွာတာကို လိုချင်ကြတယ်။ လျှော့ပေးတဲ့နှုန်းက ပမာဏနည်းကောင်း နည်းပေမယ့် လက်ရှိ အနေအထားထက် အကျိုးဖြစ်ထွန်းရင် ကောင်းတဲ့ အခြေအနေပါ”ဟု ပြောပြခဲ့သည်။

ဒေသတွင်းနိုင်ငံအချို့ဖြင့် ဘဏ်တိုးနှုန်း နှိုင်းယှဉ်ချက်
နိုင်ငံ
ချေးငွေ အတိုး%
အပ်ငွေ အတိုး%
မြန်မာ
၁၅(ယခု)
၁၀(ယခု)
မြန်မာ
၁၇(ယခင်)
၁၂(ယခင်)
တရုတ်
၅ .၃
၂ .၃
ထိုင်း
၇ .ဝ
၂ .၅
မလေးရှား
၆ .၁
၃ .၁
အင်ဒိုနီးရှား
၁၃ .၆
၈ .၅
စင်ကာပူ
၅ .၎
ဝ .၎
ဗီယက်နမ်
၁၅ .၈
၁၂ .၇
ဘရူနိုင်း
၅ .၅
ဝ .၉
ဖိလစ်ပိုင်
၈ .၈
၎ .၅
ဂျပန်
၁ .၉
ဝ .၆
တောင်ကိုးရီးယား
၇ .၂
၅ .၉
http://www.news-eleven.com/index.php?option=com_content&view=ar...

" သင်္ခါရ ဘာဇနီ " ကျမ်း လောကီဓမ္မဘေဒမှတ်စု (၂)


ဗုဒ္ဓဘာသာ-အမျိုးကောင်းသား အမျိုးကောင်းသ္မီးတို့ ဖတ်ရှုလေ့လာ လိုက်နာ

ကျင့်ကြံကြစေရန် သင်္ခါရအကြောင်း ဒါန သီလ ဘာဝနာ အကြောင်း ကောင်းသောသူတို့ 
လားရာ မကောင်းသူတို့  လားရာ ဘုံဋ္ဌာနအကြောင်း တို့ ကို စုံလင်စွာဖော်ပြရာဖြစ်သော
" သင်္ခါရ ဘာဇနီ "ကျမ်းကို ရေးသားပြီး ဗဟုသုတတိုးပွားစေရန် သင်္ခါရဘာဇနီကျမ်းစာအုပ်ကို
မူရင်းမပျက် ကုသိုလ်ပြု ပြန်လည်မျှဝေပါတယ်ရှင် ။
ကံကငါးခုဖြစ်၏ ။ ပဉ္စမဈာန်ကံ ပေးစရာမရှိ ၊ မည်သို့ ပေးသနည်း ၊ ပဌမဈာန်ကိုရသောသူ
စုတေရွေ့  လျောလေလျှင် ပဌမဈာန် သုံးဘုံ၌ဖြစ်၏ ၊ ဒုတိယဈာန် ကုသိုလ် ၊တတိယဈာန်
ကုသိုလ် သည်ကံနှစ်ပါး ၊ဒုတိယဈာန်ဘုံ၌သာ ပဋိသန္ဓေကို အကျိုးပေး၍ ဗြဟ္မာဖြစ်၏ ၊စတုတ္ထဈာန်
ကုသိုလ်ကံ တတိယဈာန်သုံးဘုံ၌ ပဋိသန္ဓေကိုပေး၏ ၊ ပဉ္စမဈာန်ကုသိုလ်ကံ စတုတ္ထဈာန်ဘုံ၌
ပဋိသန္ဓေကိုပေး၏ ၊ စတ္ထဈာန် ခုနှစ်ဘုံ၌ အသညသတ်ဝင်၏ ၊ အဘယ်ကြောင့် ထိုဘုံစိတ်မရှိဘဲ
ရှိလေသတည်း ၊ ဤလူ့ ဘုံ၌ ပဉ္စမဈာန်ရသော ပုထုဇာန် ပုဂ္ဂိုလ်သည် ဤသို့ ကြံ၏ ၊ စိတ်ရှိသော
ကြောင့် သတ္တ၀ါတို့ သည် ၊ ချစ်သည် မုန်းသည် အမျက်ထွက်သည် ဆင်းရဲသည် အထွေထွေဖြစ်ဘိ၏ ၊
ငါသည်ဤကိုယ်အဖြစ်မှ စုတေသော် စိတ်နှင့်ကင်းသော ဘုံ၌ဖြစ်လို၏ဟု ပတ္ထနာ ပြု၍သေလျှင်
ပဉ္စမဈာန် အကျိုးကြောင့် စိတ်ရှိသော အသညသတ်ဘုံ၌ဖြစ်၍ မဟာကပ်ငါးရာ အသက်ရှည်၏ ၊
ပဉ္စမဈာန် အရချင်းတူလျက် ပတ္ထနာ ဆုယူလွဲ၍ အသညသတ်ဘုံ၌ ဖြစ်ရသတည်း ၊ ပိဿာတန်
ကျောက်ကို ယူအံ့ဟု ကုန်သည်လက်တွင် အဖိုးသွင်းပြီးမှ အထင်မှား၍ မဟူရာ ကျောက်ကို
ယူမိသည်နှင့်တူ၏ ၊ပုထုဇာန်တို့ သာ အသညသတ် ဘုံ၌ဖြစ်၏ ၊ အရိယာတို့  မဖြစ်သတည်း ၊
အရူပကုသိုလ်ကံ လေးခု အကျိုးပေး၍ ရုပ်မရှိသော အရူပဘုံ၌ ဖြစ်လေသောသူတို့သည် မည်သို့ 
ပတ္ထနာရင်း ပြုလေသနည်း ၊ ရူပါဝစရ ပဉ္စမဈာန် ရပြီးသော ပုထုဇာန် အရိယာတို့  ဤသို့ ကြံ၏ ၊
ကာမဘုံ ရူပဘုံ ဖြစ်သော သတ္တ၀ါတို့  ရုပ်ရှိခြင်းကြောင့် ၊ ဓါးထိ ၊ လှံထိသည် ၊ အနာထိသည် ၊
ဆင်းရဲထိသည်ဟု ရုပ်မရှိသောဘုံ၌ ၊ ဖြစ်ခြင်းကို နောင်ဘ၀အလိုရှိသည်ဟု ၊တောင့်တ အာကာသ
ကသိုဏ်းကို အာကာသော အနန္တော ၊ အာကာသော အန္တော ဟု စီးဖြန်း၍ အရူပ အာကာသာနဉ္စ
ယတနဈာန်မှ စ၍ အရူပကုသိုလ်ကံ လေးပါးကိုရ၍ သေလျှင် ရုပ်မရှိသော အရူပလေးဘုံ၌
ဖြစ်လေ၏ ။ ။

ထိုပုဂ္ဂိုလ် လေးယောက်တွင် သောတာပတ္တိ ဖလဋ္ဌာန် ၊သကဒါဂါမိ ဖလဋ္ဌာန် အနာဂါမိဖလဋ္ဌာန်
သည်သုံးယောက်ကား ၊ လူ့ ပြည်သို့ မပြန်ပြီ ၊ထိုဘုံ၌ပင် ရဟန္တာဖြစ်၍ နိဗ္ဗာန်
ရလေ၏ ၊ ပုထုဇာန်တယောက်ကာမူကား ၊ ထိုကံ၌ မဂ်ဖိုလ်နိဗ္ဗာန်မရ ၊ ကောင်းမှုအကျိုးကုန်လျှင်
လူ့ ပြည်သို့  ဧကန်ဖြစ်ရလေ၏ ၊ ထိုအရူပလေးဘုံတွင် အထက်ဘုံ ကမ္ဘာကြီး ရှစ်သောင်းလေးထောင်
အသက်ရှည်၏ ၊ ရှစ်သောင်းလေးထောင် ဘုရားအဆူဆူပွင့်သည်ကိုလည်း မဖူးတွေ့ ရ ၊ ပါရမီလည်း
မဖြည့်ရ ၊ သည်ပုထုဇာန် အထင်မှားချေ၏ ၊ သည်တယောက်ကို ရည်၍အရူပဘုံ အပြစ်ရှစ်ပါးတွင်
သွင်းလေသည် ၊ တရွာလုံးမဆိုး လူတယောက်သာဆိုးသည်ကို လူဆိုးရွာ တွင်လေသကဲ့သို့မှတ် ၊
ကာမ အကုသိုလ်ဆယ်ပါး ဘ၀အဆက်ဆက် အခွင့်ရတိုင်း အကျိုးပေး၏ ။ ။

သမ္ပတ္တိစက်လေးပါးတွင် တပါးပါးကြိမ်ခဲ့လျှင် ကုသိုလ်ကံကောင်း အခွင့်ရ၍ အကျိုးပေး၏ ၊
ဝိပတ္တိစက်မည်သည် အဘယ်ကိုဆိုသနည်း ၊ မိုးခေါင်သည်ကာလ လူတရားမစောင့်သည့်ကာလ ၊
ကာလ၀ိပတ္တိတည်း ၊အကျိုးပေးလတ္တံ့သည်နှင့် လျော်စွာ မလိမ်မာလုံ့ လမရှိခြင်းသည်
ပယောဂ၀ိပတ္တိတည်း ၊ ယုတ်သောအရာ ယုတ်သော အမျိုး၌ ဖြစ်သည်ကား ဂတိဝိပတ္တိတည်း ၊
ကိုယ်အဆင်း ဣနြေ္ဒပျက်သည်ကား ဥပဓိဝိပတ္တိတည်း ၊သည်ဝိပတ္တိစက်လေးပါးတွင် တပါးပါးနှင့်
တွေ့ ကြိမ်က ရှေး အကုသိုလ်ကံ ဟောင်း အခွင့်ရ၍ အကျိုးပေးချေ၏မှတ် ၊သည် လေးပါးကို
ပြန်၍ယူလေ ၊ သမ္ပတ္တိစက်လေးပါးတည်း ၊ သည်လေးပါး တပါးပါး ကြိမ်က ကုသိုလ်ကံဟောင်း
အခွင့်ရ၍ အကျိုးပေး၏မှတ် ၊တိုက်ထဲမှာ မျိုးရှိတိုင်း စိုက်ခင်းကြဲခင်းမတွေ့ ဘဲ မပေါက်သကဲ့သို့ မှတ် ။
လောကီကာဘေဒမှတ်စုပြီး၏ ။ ။

ကံ၏ လက္ခဏာ ဈာန်၏ လက္ခဏာ။ကိုဆက်လက်တင်ပြသွားမည် ။

" သင်္ခါရ ဘာဇနီ " ကျမ်းစာအုပ်အတိုင်း ရေးသားထားပါသည် .။
နောက်ဆက်တွဲများကို အဆင့်ဆင့် တင်ပြသွားမည် ။

ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူးပါသည့် ဂျာနယ်အရေးယူခံရ . . .


စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် အင်တာဗျူးကို အချပ်ပို မျက်နှာဖုံးတွင် ဖော်ပြခဲ့သော Messenger သတင်း ဂျာနယ်အား နောက်ဆက်တွဲ အပိုစာမျက်နှာ တင်ပြခွင့် ပိတ်ပင်လိုက်ပြီး ပြည်တွင်းသတင်း ဂျာနယ်များအားလုံးတွင် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး ဖော်ပြခွင့် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။
Messenger သတင်းဂျာနယ်သည် စက်တင်ဘာလ ၄ ရက်နေ့က ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးကို စိစစ်ဖြတ်တောက် ခံရပြီး ဖော်ပြခွင့် ရရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို စာပေစိစစ်ရေးက ခွင့်ပြုသည်ထက် ပိုမိုပုံကြီးချဲ့ ဖော်ပြခဲ့သောကြောင့် စာပေစိစစ်ရေးက ၎င်းဂျာနယ်ကို အရေးယူခြင်းဖြစ်ကြောင်း ရန်ကုန် စာနယ်ဇင်း အသိုင်းအဝန်းမှ သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ပုံကြီးချဲ့တာရယ်၊ အချပ်ပို မျက်နှာဖုံးအဖြစ် လုပ်တယ်ဆိုတဲ့ ပြစ်ချက်ရယ်၊ အရင်က မလိုက်နာခဲ့တဲ့ ပြစ်ချက်ဟောင်းတွေရယ်ကို ပြန်ဖော်ပြီး ဂျာနယ်နောက်ဆက်တွဲ တင်ပြခွင့်ပိတ်လိုက်တာ။ နောက်ဆက်တွဲ တင်ခွင့်မရတဲ့အတွက် နောက်ဆုံးသတင်းတွေ မတင်နိုင်တော့ဘူး” ဟု Messenger ဂျာနယ်မှ သတင်းထောက်တဦးက ပြောသည်။

Messenger ဂျာနယ်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၏သား ဦးဇော်မင်းအေး ထုတ်ဝေနေသော အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်သည်။

သြဂုတ်လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးခရီးစဉ်နှင့် ဓာတ်ပုံသတင်းများကို စာပေစိစစ်ရေး၏ ခွင့်ပြုချက် မရှိဘဲ ဖော်ပြခဲ့သည့် Hot News ဂျာနယ်နှင့် Envoy ဂျာနယ်တို့ကို စာပေစိစစ်ရေးက နောက်ဆက်တွဲတင်ပြခွင့် ပိတ်ပင် အရေးယူခဲ့သည်။

Messenger ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါရှိပြီးနောက် ရက်ပိုင်းအတွင်း ပြည်သူ့ခေတ် ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် ခရီးသွားဆောင်းပါး ဖော်ပြခဲ့သည်။ သို့ရာတွင် ပြည်သူ့ခေတ် ဂျာနယ်က ကြိုတင် ကြော်ငြာထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း အနားယူနေပုံကို မျက်နှာပြည့် မဖော်ပြ တော့ဘဲ စာပေစိစစ်ရေးက သတ်မှတ်သည့် ပုံသေးဖြင့်သာ ဖော်ပြခဲ့သည်။

ယခုအခါတွင် စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးကို ဖော်ပြရန် ကြိုးစားသည့် သတင်းဂျာနယ် အားလုံးကို ခွင့်မပြုတော့ကြောင်း ကြားသိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်တဲ့အချိန်မှာ ဂျာနယ်တွေအားလုံးက အင်တာဗျူးရတယ်။ Messenger ဂျာနယ်မှာ အင်တာဗျူး ပါတော့ ကျန်တဲ့ဂျာနယ်တွေလည်း ရမယ်ထင်ပြီး စိစစ်ရေးတင်ကြတယ်။ ဒါပေမယ့် ဂျာနယ်တွေအားလုံး ဖော်ပြခွင့် မရတော့ ဘူး” ဟု စာပေစိစစ်ရေးထံ ဂျာနယ်မူကြမ်းတင်ပြရန် သွားရောက်ရသည့် ထုတ်လုပ်ရေး တာဝန်ခံတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူးပါရှိသည့် Messenger ဂျာနယ်မှာ ရောင်းအား ထိုးတက်ခဲ့ပြီး ၎င်းကိုယ်တိုင် ရေးသားသည့် ဆောင်းပါးပါရှိသော ပြည်သူ့ခေတ် ဂျာနယ်သည်လည်း ကြိုတင်မှာယူမှု များစွာ ရရှိခဲ့သည်။

ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးနှင့် ဆောင်းပါး ပြည်တွင်း သတင်းဂျာနယ် ၂ စောင်တွင် ရှေ့ဆင့်နောက်ဆင့် ဖော်ပြခွင့် ရခဲ့သည့်အတွက် မြန်မာစာပေလောကသား အများစုက စာပေစိစစ်ရေးနှင့် လက်ရှိအစိုးရအပေါ် အကောင်းမြင် ခဲ့ကြသည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထာဝရငြိမ်းချမ်းရေး အမြဲတမ်းကော်မတီတွင် ထည့်သွင်းရန် အရေးကိစ္စ အပါအ၀င် နိုင်ငံရေး နှင့်ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို ဂျာနယ်များ အားလုံးတွင် စာပေစိစစ်ရေးက လုံးဝ ဖော်ပြခွင့် မပြုဘဲ ပိတ်ပင်ထားသည်။

http://www.irrawaddy.org/bur ဧရာဝတီ တွင်
Wednesday, 07 September 2011 16:44 အချိန်ကဖော်ပြခဲ့သောသတင်းဖြစ်ပါသည်။

(ဘယ်မလဲ သတင်းစာလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ . . . သူငယ်ချင်းတို့ရော ဘယ်လိုထင်လဲ ? . . .)

ဖော်အဲဗား အငြိမ့်ခန်း


  • ဘယာမခစေလိုပါခင်ဗျာ
  • ထာဝရနော် ဒီဆိုက်ထဲကိုလ
  • လာသမျှအဖော် ဘော်ဒါပေါင်းတို့ကို
  • ပျော်စရာအပေါင်းတို့ ... ခပါစေ
  • များသဟာဆွေ ...
  • ဟားကာလေ ကြည်ရွှင်လန်းရအောင်
  • ကြိုးပမ်းကာ အငြိမ့်သဘင်ခန်းကို
  • စိတ်ရွှင်လန်းစွာဖြင့် ဖတ်စေချင် ...။
  • ဇာတ်အခြေ သဘင် ပညာနည်းတာမို့
  • ဟဒယဘ၀င် ရင်မှာမစွဲခဲ့ရင်
  • ကြင်နာအမြဲ ခွင့်လွှတ်စေချင် ...။
  • ခွင့်မလွှတ်ရင် တိမ်ပေါ်တက်လာပါ့
  • စိန်ခေါ်လျက်သာဗျ ဘယ်မရှောင်တယ်
  • တကယ်ဗြောင်တွယ်မယ့် ဒီမောင်များ
  • ကျွန်တော်တို့ရဲ့ ၁၆၈ အဖွဲ့တော်သား ... သား ... သား...။

---၀၀၀---


ဆန်းစုနိုင်။ ခွန်းထောက်တော် ပဏာမနဲ့ စာသလို့သွားခဲ့တာ ညီလေးမောင်ဒီလူလားကွာ။
ဒီလူ။ ဟုတ်ပါတယ် ကိုကြီးဆန်းစုရေ။
ဆန်းစုနိုင်။ ကြက်သရေမင်္ဂလာအပေါင်းနဲ့ရော မပြည့်စုံဘူးလား ညီလေး မောင်မုတ်သုံရာ
မုတ်သုံ။ ကြက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံဆို ဖော်အဲဗားရွာရဲ့ အငြိမ့်သဘင်ပွဲပေကိုးအကိုရ။
နှိုင်းမရ။ ဖော်အဲဗားဆိုတာ အမြဲတမ်းလှုတ်ခတ်စည်ကားနေတာကြောင့် မကြာခဏတင်ဆက်နေတဲ့

အငြိမ့်သဘင် ဖျော်ဖြေခန်းကို တင်ဆက်ကြတာမဟုတ်လား အကိုတို့ရာ။
ဆန်းစုနိုင်။ မှန်ပါတယ်ညီလေးရေ ... ကဲ အပြောလေးတွေ လျှော့ပြီး အလုပ်လေးနဲ့ သက်သေပြရအောင်

မင်းသမီးချောလေး သီတာအေးမြကို နေရာပေးကြရအောင် အနုပညာစံပြသစ်အနေနဲ့ ကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်ကြပါစို့ ...။

---၀၀၀---

...♪..ღ..♫.. အများနဲ့ အကုန်ဆိုင် ...♪.. .. မြိုင်ဆိုလျှင်ဖြင့် ...♪.. အင်မတန်ကောင်း .... မမြိုင်ဆိုလျှင်ဖြင့် အင်မတန် ကောင်း ... မြိုင် အကြောင်းကို ...♪.. အသီးသီးမှတ်စရာ ...♪.. လှည့်လည်ရပ်စရာ ကြည့်မိပြန်တာ ...♪.. ဣတိတသ္မာ ထို့ကြောင့် ...♪.. အကြံထူးပါတဲ့ ... ဥာဏ်ထူးပါတဲ့ ... ကံထူးပါတဲ့ မြိုင်၊ ကြည်ကြည်လင်လင်အေးအေးဆေးဆေးမြိုင် ...♪.. တန်ဆောင်မုန်း တန်ဆောင်တိုင် ...♪.. သူ့အိမ်ထဲလဲမြိုင် ကိုယ့်အိမ်ထဲလဲမြိုင် ...♪.. အရပ်ချင်း ညီညီပြိုင် ...♪.. အရပ်ချင်းကပြိုင် သွားရာကမှနိုင် ...♪.. အော် များရာကမှနိုင် ...♪.. အော် အရပ်ချင်းညီညီပြိုင် ...♪.. စိတြဂီဝါ ...♪.. ရာဇာမင်းတို့ ...♪.. ဘာသာကြည်မော အချင်းချင်းပျော်တဲ့မြိုင် ...♪.. အကြောင်းယှဉ်ပြိုင် ၄င်း ခင်မြိုင် ...♪.. မင်းဝံတောင်မောင်း ခြောက်သောင်းတောမြိုင် ...♪..ღ..♫..

---၀၀၀---


ဆန်းစုနိုင်။ မင်းသမီးလေးရဲ့ အဆိုအကလေးကို ရှုစားခဲ့ကြရပါပြီ ... ဆက်လက်ပြီးတော့

ပီယ၀ါစာချစ်ဖွယ်သောစကား ကြားရဖို့ ရွာစားစိန်ခေတ်သားရေ နားဝသို့ ဆောင်ပေးပါအုံးခင်ဗျာ .
မင်းသမီး။ ဘုရားတရားသံဃာ ဆရာမိဘဆိုတဲ့ အနန္တောအနန္တငါးပါးကို ဦးထိပ်ထားပြီး သီတာကို

အားပေးကြတဲ့ မိဘပြည်သူများ အားလုံးကို သီတာ ပဏာမအနေနဲ့ ဂါရ၀ပြုပါတယ်ရှင်
ဆန်းစုနိုင်။ ယဉ်ကျေးလိုက်တာ သီတာရယ် ... ဒီလိုပဲ လူလိမ္မာသားသမီးများကျတော့ ယဉ်ပါးသတဲ့။

လူမိုက်သားများကျတော့ အင်းးး
မင်းသမီး။ မောင်လေးဒီလူရေ ...´´
ဒီလူ။ ရိုးရိုးတန်းတန်း ထူးရတာ ရိုးတယ် သီချင်းနဲ့ ထူးမယ် ... မယ်သီတာကို စွဲလန်းမိတဲ့

အသည်းကြမ်းနဲ့လူကြမ်း ... မယ်သီတာကို ဆုံးရှုံးသွားတော့ နှလုံးသားများလောင်ကျွမ်း ...

အချစ်ရှုံးသမား ... ပဒုမပေါင်တို´´
ဆန်းစုနိုင်။ အချစ်ရှုံးသမား ဒသဂီရိပဲ ကြားဖူးပါတယ် ... သူ့ကျမှ ပဒုမပေါင်တိုတဲ့ ... အရေးထဲ သူ့ကြီးတော်ကြီး

သွားသတိရနေသေးတယ်´´
မင်းသမီး။ ဒီဘက်က မောင်လေးနှိုင်းမရလားရှင်´´
နှိုင်းမရ။ ငါလဲ သီချင်းနဲ့ ထူးမှ ... သီတာနေပါအုံး သီတာနေပါအုံး´´
မုတ်သုံ။ သီတာက နေတော့ နင်က ဘာလုပ်မလို့တုန်း´´
နှိုင်းမရ။ အကြွေတစ်ရာလောက်တောင်းမလို့ပါဗျာ´´
ဒီလူ။ မင်းသမီးက ခေါ်ပါတယ်ဆိုမှ အရေးထဲ ကူးတို့ခ တောင်းနေသေးတယ်´´
မင်းသမီး။ မောင်လေး ကိုမုတ်သုံလားရှင်´´
မုတ်သုံ။ ဟဲဟဲ ငါလဲ သီချင်းလေးနဲ့ ပြန်ထူးမှ ... သီတာရေစင်ပမာ ... တသွင်သွင် ရှူးပေါက်နေတာ´´
မင်းသမီး။ အယ် .... ညစ်ပတ်လိုက်တာ .... ဒီဘက်က ကိုဆန်းစုလားရှင်´´
ဆန်းစုနိုင်။ လှသထက်နုယဉ်သူ မင်းမို့ပြုံးရင် အနီးကအလှတွေ ခေါင်းငုံ့ထားကြမယ်ပေါ့ မဟာဆန်သူရေ

ဣနြေ္ဒရှင်ရေ ၀ဲ ... မကုတ်နဲ့´´
နှိုင်းမရ။ ၀ဲကုတ်တော့ ခင်ဂျားက ခွာစားမလို့လား ဟွန်းးးးးးး´´
မင်းသမီး။ တော်ကြပါတော့ရှင် ... သီတာတို့ရဲ့ ဖော်အဲဗားအငြိမ့်မှာ ပဏာမအနေနဲ့ တင်ဆက်ခဲ့တဲ့

သီချင်းလေးကတော့ အမေ စန္ဒကူးမြိုင် ကခဲ့တဲ့ ``စန္ဒကူးမြိုင်´´ ဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ်ရှင်။

အခုဆက်လက်ပြီး တင်ဆက်ချင်တာကတော့ ဆရာကြီး ဒဂုံဆရာတင်နဲ့ ဆရာကြီး

ဦးရန်နိုင်စိန်တို့ ရေးစပ်တဲ့ ``အလင်းရောင်စစ်သည်´´ဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ်ရှင်။

ဒီလူ။ သီချင်းလေးက အဆန်းပဲနော်အစ်မ။ နည်းနည်းလောက် ပြောပြပါလားဗျာ။

မင်းသမီး။ ၁၉၄၂-ခုနှစ်မှာ ဘီအိုင်အေ တပ်မတော်ဟာ ဂျပန်တို့နဲ့ ပူးပေါင်းပြီး နယ်ချဲ့အင်္ဂလိပ်တွေကို

တော်လှန်ဖို့အတွက် မြန်မာလူထုအပေါင်းကို လှုံ့ဆော် သွေးနှိုးခဲ့ကြပါတယ်ရှင်။ အဲဒီလို

လှုံ့ဆောင်သွေးနှိုးရာမှာ ရေးစပ်ခဲ့တဲ့သီချင်းပဲဖြစ်ပါတယ်ရှင် ...
ဆန်းစုနိုင်။ ရည်ရွယ်ချက်က ကောင်းလိုက်တာ သီတာရယ်။ ကျွန်တော်တို့ မြေ ... ကျွန်တော်တို့ရေကို

အဘိုးတို့ခေတ်က အသက်သွေးချွေးမြောက်မြားစွာနဲ့ ဆက်ပြီး အရယူခဲ့ကြတာပဲနော်။
ဒီလူ။ ဟုတ်ပါ့ကိုဆန်းစုရေ။ လက်နက်စွဲကိုင်ပြီး တိုက်ထုတ်ကြသလို အနုပညာရှင်တွေဘက်ကလဲ

အနုပညာစွမ်းအားနဲ့ နှိုးဆွခဲ့ကြတာမို့ အင်မတန်မှ တာဝန်ကျေတာပဲနော်။
မုတ်သုံ။ ဟုတ်ပါ့ အကိုတို့ရေ ... ဒါကြောင့် ကျွန်တော်တို့ အဘိုးတွေ သွေးတွေ ချွေးတွေ ဦးနှောက်တွေနဲ့

ရင်းပြီး အရယူခဲ့တဲ့ ကျွန်တော်တို့ မြေ ကျွန်တော်တို့ရေဟာ အင်မတန်မှကို တန်ဖိုးဖြတ်လို့

မရနိုင်ပါဘူးနော်။
နှိုင်းမရ။ ဟုတ်ပါတယ်ကိုမုတ်သုံရေ ... ဒါကြောင့် မင်းသမီးလေးက ဘယ်လို ပြန်လည်လွမ်းဆွတ်မလဲ

ရှုစားလိုက်ကြပါစို့ဗျာ။

---၀၀၀---

...♪..ღ..♫.. (နေအရုဏ်ကျင်းမှာ အရှေ့လောကဓာတ်ကြီးထိန်လင်းပါသည် ..♫.. ဗမာပြည်ကို ထူးခြားစွာ ဒို့ရဲဘော်များ စွန့်စားခဲ့သည် )၂...♪.. အာရှတိုက်အားကို ဆောင်သည် ကုဋေတစ်သိန်းနဲ့ နှိုးနေပါသည်
..♫.. နေမင်းရဲ့ အလင်းရောင်သည် ..♫.. လှုံ့ဆော်သည် ...♪.. ကြီးပွားလမ်းကို သူ .... ဖော်လျက်ရှိပြီ။
...♪..ღ..♫.. (အို အာရှတိုက်သား နိုးကြားရှေ့ဆောင် ..♫.. အောင်ခဲ့ပြီ ...♪.. လက်စားချေရေး ဒို့သွေးသားများ ..ღ.. ဆူပွက်ခဲ့ပြီ။)၂ ...♪.. ထလော့ ထလော့ နယ်ချဲ့တဲ့ လူမျိုးတွေ ငါ တို့မကျေနပ်ပြီ ..♫.. လက်စားကို ချေပါမည် ...♪.. အလင်းရောင်စစ်သည် တပ်မတော် ရှေ့သို့ချီ ...♪..ღ..♫..

---၀၀၀---

မုတ်သုံ။ ကား လာနေတယ် ဟေ့လူတွေ .... တား ... တား´´
မုတ်သုံ။ ဟာ .... လွတ်သွားပြီ။ မင်းတို့က တော်တော်ညံ့တာပဲ။ ငါတို့ ဖော်အဲဗားအငြိမ့်ပွဲသွားကြမှာ ...

နေရာရအောင် စောစောသွားဖို့ကို မင်းတို့က တားမှ မတားတာ ခုတော့ နောက်ကျသွားပြီ၊

မမီတော့ဘူး´´
ဒီလူ။ စောစောကတည်းက ငါပြောတယ် မင်းတို့ ကားဝယ်ကြပါဆိုတာကို´´
နှိုင်းမရ။ ဟ... ကားဝယ်တာက ဟုတ်တယ်။ ပိုက်ဆံက ဘယ်မှာလောက် လို့လဲ ...´´
ဆန်းစုနိုင်။ ဟ ... ရှိတဲ့ပိုက်ဆံနဲ့ ၀ယ်လိုက်ပါဆိုတာ ငါမပြောဘူးလား´´
နှိုင်းမရ။ မတတ်နိုင်ဘူးဗျ ... ရှိတဲ့ပိုက်ဆံနဲ့ မလောက်လို့ ပြောနေတာပေါ့
မုတ်သုံ။ အောင်မာ မင်းစုထားတဲ့ ပိုက်ဆံနဲ့ဆိုရင် အဲဒါ ကားဝယ်လို့ရတယ်ဗျာ´´
နှိုင်းမရ။ ဘယ်ကားဝယ်လို့ရမှာလဲ .... ဘယ်က သွားဝယ်မှာလဲ
မုတ်သုံ။ ဟိုကားကွာ ဟိုကား´´
လူရွှင်တော်များ။ ``ဘယ်ကားလဲ ... ဘယ်ကားလဲ´´
မုတ်သုံ။ ဟေ့ကောင် နှိုင်းမရ ...။ မင်းလာစမ်း ... ပက်လက်လှန်လိုက်စမ်း ... အေး အဲဒီကား အဲဒီကား´´
လူရွှင်တော်များ။ ``ဘာကားလဲ ´´
မုတ်သုံ။ ` ချက်ပက်လက်လေ´´
ဒီလူ။ အဲဒီကားမကောင်းဘူး အဲဒီကားမကောင်းဘူး´´
လူရွှင်တော်များ။ ``ဒါဆို ဘယ်ကား ကောင်းလဲ´´
ဒီလူ။ ဟေ့ကောင် မုတ်သုံ။ မင်းလာစမ်း ... ဟိုဘက်လှည့် ခါးကုန်း ... နှဲဆရာရေ .. တတီတိတီ

လုပ်စမ်းပါ ... ပိုက်ဆံပေးပါ့မယ်´´
နှဲသံ။ ``တတီတိတီ´´
ဒီလူ။ ``ရော့ တစ်ထောင် ... နောက်တစ်ခါလောက်ဆရာရေ´´
နှဲသံ။ ``တတီတိတီ´´
ဒီလူ။ ``ရော့ တစ်ထောင် ... နှစ်ထောင်ရှိသွားပြီ .... အဲဒီကား .... အဲဒီကား´´
မုတ်သုံ။ ``ဘာကားလဲ´´
ဒီလူ။ ``အီးတူးသောင်ဇင်´´
နှိုင်းမရ။ ``အဲဒီကား မကောင်းဘူး ဟိုကားက ပိုကောင်းတယ်´´
ဆန်းစုနိုင်။ ``ဘယ်ကားက ကောင်းတုန်း´´
နှိုင်းမရ။ ``မစု ... ကြည့်စမ်း ... ညည်းမှာ ကိုယ်ဝန်ရှိလာပြန်ပြီ ဟုတ်လား ... ဒီခါနဲ့ဆုံ

သုံးယောက်ပေါ့ဟုတ်လား ... အဲဒီကား အဲဒီကား´´
လူရွှင်တော်များ။ ``ဘယ်ကားလဲ´´
နှိုင်းမရ။ ``မစုဗိုက်ရှိ´´
ဆန်းစုနိုင်။ ``မစ်ဆူဘီရှိပါကွာ .... ဘယ်က မစုဗိုက်ရှိရမှာလဲ ... အဲဒီကားလဲ မကောင်းသေးဘူး ... ဟိုကားက

ပိုကောင်းတယ်´´
လူရှင်တော်များ။ ``ဘယ်ကားလဲ´´
ဆန်းစုနိုင်။ ``မာမီမုတ် ... သမီးလေ ... ခုဆို ကျောင်းလဲပြီးပြီ ... အရွယ်လဲရောက်ပြီ ... အဲဒါကြောင့်

သမီးလေ ယောက်ျား သိပ်လိုချင်တာပဲ ... အဲဒီကား အဲဒီကား´´
လူရွှင်တောင်များ။ ``ဘာကားလဲ´´
ဆန်းစုနိုင်။ ``လင်ဆာကား´´


--------၀၀၀--------

မင်းသမီး။ ``ကိုဆန်းစုရေ´´
ဆန်းစုနိုင်။ ``ဟုတ်ကဲ့ပါ မသီတာ´´
မင်းသမီး။ ``အခုဆက်လက်ပြီး တင်ဆက်မယ့်သီချင်းလေးကတော့ ``ဗမာ့ကြွေးကြော်သံ´´ ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်ရှင် ´´

ဆန်းစုနိုင်။ ရှုစားနားဆင်လိုက်ကြပါစို့ဗျာ။

---၀၀၀---


...♪..ღ..♫.. ပြည်ထောင်စုကို ..♫.. အသက်ပေးလို့ဖြင့် ကာကွယ်မယ့်သူတွေ ..♪..ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးသတဲ့လေ ..♫.. ဒါဒို့ပြေ ဒါဒို့မြေ ..♫.. ကြွေးကြော်သံကြီး မြည်ဟည်းခိုင်မာပေ ..♫.. မေးပါရစေတော့ ..♪.. မောင်တွေ မယ်တွေ ..♪.. ဘယ်ပုံဘယ်နည်း ကာကွယ် ကာကွယ် ကြမှာလဲလေ..♫.. ခါချဉ်ကောင် မာန်ကြီးလို့သာ တောင်ကြီးဖြိုမယ့်ကြံ ..♫.. ခါးမသန် ..♪..

---၀၀၀---

စာကြောင်းတွေ စိပ်လွန်းလို့ နှစ်ခါပြန်တင်ရတယ်ဗျာ။ ခွင့်လွှတ်ကြပါ။ ခွင့်မလွှတ်ကြလျှင် အာဘွား ၁၆၈ ကြေး စိန်ခေါ်ခြင်းသာ ဖြစ်ပါသည်။ ရယ်စရာများနှင့် မောစရာများကို မြင်ပါက ရယ်ပြီး မောနိုင်ကြပါစေဗျာ ...။

ရေညှိပင်နဲ့ ဝါးပင်


တနေ့ မှာလူတစ်ယောက်ဟာ ဘဝကိုစိတ်ကုန်လာလို့  အားလုံးကိုအရှုံးပေးဖို့ဆုံးဖြတ်လိုက်တယ်။ ဘဝကိုအရှုံးပေးလိုက်မယ်၊အလုပ်ကိုအရှုံးပေးလိုက်မယ်မိသားစုဘဝကိုလက်လျှော့လိုက်မယ်ဆိုတဲ့

ရည်ရွယ်ချက်နဲ့ တောထဲကိုထွက်လာခဲ့တယ်။တောထဲရောက်တော့နောက်ဆုံးဘာမှဆက်မလုပ်ရသေးခင်

ဘုရားသခင်နဲစကားပြောဖို့ သူဆုံးဖြတ်လိုက်တယ်


ဘုရားသခင်ကိုသူကပြောတယ် “ဘုရားသခင်ခင်ဗျား-

ကျွန်တော်ဘဝကိုအရှုံးပေးတော့မယ်။ကျွန်တော်အရှုံးပေးသင့်တယ်လို့ ပဲကျွန်တော်ထင်တယ်။

အရှုံးမပေးသင့်ကြောင်းသက်သေတစ်ခုတောင်ဘုရားသခင်ကျွန်တော့်ကိုပေးစရာမရှိဘူးမဟုတ်လား…”

လို့ မေးလိုက်တယ်။ဒါနဲ့ ဘုရားကပြန်မေးတယ်တဲ့။

“အသင့်အနားမှာရေညှိပင်တစ်ပင်နဲ့  ဝါးပင်တစ်ပင် တွေ့ လား” တဲ့။သူကတွေ့ ကြောင်းပြောတဲ့အခါမှ

ဘုရားက -“အိုလူသား။ အဲဒီရေညှိပင်နဲ့  ဝါးပင်ကို စပျိုးတုန်းကအတူတူပဲ။အစေ့နှစ်မျိုး ကို ညီမျှတဲ့ရေလောင်းပြုစုမှုပေးတယ်။ တူညီတဲ့မြေသြဇာနဲ့နေရောင်ခြည်ကိုပေးတယ်။ သိပ်မကြာခင်မှာ ရေညှိပင်လေးပေါက်လာတယ်။
မြေပေါ်မှာပေါက်လာပြီးမြေပြင်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။ဝါးစေ့ကလေးကတော့ဘာမှဖြစ်မလာပါဘူး။ ဒါပေမယ်ငါသူ့ အပေါ်မှာစွန့် လွှတ် အရှုံးမပေးခဲ့ပါဘူး။ ဆက်ပြီး ရေ လောင်း ခဲ့ပါတယ်။

တစ်နှစ်လောက်ကြာတဲ့အခါမှာ ရေညှိပင်လေးတွေက နဂိုကထက်တောင်ပိုပြီးပြန့် ပွားလာပါတယ်။

ဝါးစေ့လေးစိုက်ထားတဲ့နေရာမှာတော့ဘာမှဖြစ်မလာသေးပါဘူး။

၂ နှစ်မြောက်၊ ၃ နှစ်မြောက်၊ ၄နှစ်မြောက်တွေမှာလဲဘာထူးခြားမှုမှမရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့ အပေါ်မှာလက်လျှော့လိုက်ခြင်းမရှိဘဲ ဆက်ပြီးရေလောင်းပေးခဲ့ပါတယ်။၅နှစ်မြောက်မှာတော့ဝါးပင်ညှောင့်လေးစထွက်လာပါတယ်။ ဒီလိုစထွက်လာပြီး၆လအတွင်းမှာပဲ ပေ၁ဝဝ ကျော်အပင်ကြီးဖြစ်သွားပါတော့တယ်။ ဝါးပင်ဟာ ဒီလို အချိန် တို အတွင်း မှာ ဒီ လောက်အမြင့်ကြီးတက်နိုင်ဖို့ ၅နှစ်ကြာ အမြစ်တွယ်ယူခဲ့ရတယ်လေ။

ငါဘုရားလည်း လူသားတွေကို မသယ်နိုင်တဲ့ဝန်၊ မလုပ်နိုင်တဲ့အရာ ချမပေးပါဘူး။
သူ့ နေရာနဲ့သူဖြစ်လာဖို့ အရည်အချင်းတွေပေးထားတယ်လေ။ ဝါးပင်လေးအပေါ်မှာ
လက်မလျှော့သလို အသင့်အပေါ်မှာလည်း ငါဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို သူများနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့ ။ ရေညှိပင်ဟာ
ရေညှိပင်နေရာမှာနေပြီး သစ်တောကို စိမ်းလန်းစေသလို၊ ဝါးပင်ဟာ
ဝါးပင်နေရာမှာနေပြီး သစ်တောကို လှပစေပါတယ်။

သင့်အလှည့်လာမှာပါ။ သင်အမြင့်ကိုတက်ဖို့ အခု အမြစ်တွယ်ဖို့ 
အချိန်ပေးထားတာပါ။”…လို့ ပြန်ဖြေသတဲ့။

ဒီအခါမှာ ဘုရားက “ဝါးပင်လေးဟာ ဘယ်လောက်မြင့်မြင့်တက်မှာလဲ” လို့ ပြန်မေးပါတယ်။

လူကလည်း “သူတက်နိုင်သလောက်တက်မှာပါ” လို့  ပြန်ဖြေတော့

ဘုရားက “အေး..အဲဒီလိုပဲပေါ့ အသင်လည်း တက်နိုင်သလောက် အဆုံးအထိ
တက်လို့ ရတယ်။ ကြိုးစားပြီးတက်ပေတော့” လို့  ပြန်ပြောလိုက်ပါတယ်။

အသွင်သဏ္ဌာန် နှင့် အနှစ်သာရ

bankerkolay2010


အသွင်သဏ္ဌာန် နှင့် အနှစ်သာရ

အိန္ဒိယနိုင်ငံ ဗုဒ္ဓ္ဓ္ဓဂါယာမှာ ကျောင်းသားကျောင်းဆိုတာ ရှိပါတယ်.. မြန်မာပြည်ကနေ အိန္ဒိယကိုစာလာ

သင်ကြတဲ့ စာသင်သားရဟန်းတော်များရဲ့ အမေ့အိမ်သဖွယ် ချစ်ခင်တွယ်တာ နားခိုအိပ်စက် ပျော်မွေ့ရာ တသက်တာ မမေ့ရက်စရာတွေနဲ့ တသသ သတိရနေရမယ့် ကျောင်းတော်ကြီးပါ.. တစ်နေ့ ဆွမ်းချက်အလှည့်

ကျလို့ မီးဖိုခန်းထဲမှာ ဟင်းချက်ဖို့ အထုပ်တစ်ထုပ်ကိုဖောက်ခါနီး အလှူရှင်စာတန်းလေး တွေ့လို့ ဖတ်ကြည့်မိပါ

တယ်.. နာမည်တွေ လိပ်စာတွေမမှတ်မိတော့ပေမယ့် ဤကောင်းမှုကြောင့် မိသားစုလိုက် ဗုဒ္ဓ္ဓ္ဓဂါယာသို့ဘုရားဖူး

လာရပါလို၏ဘုရား ဆိုတဲ့ဆုတောင်းလေးကြောင့် ရင်ထဲမှာ နင့်ကနဲဖြစ်မိပါတယ်.. ပြီးတော့လည်း မိုင် 1800 ကျော်ရှိတဲ့ ဘုရားဖူးခရီးစဉ်ကို ကိုယ်တိုင်သွားဖူးသူတစ်ယောက်အနေနဲ့ တွေ့ကြုံ ခံစားခဲ့ရတဲ့ ဆွတ်ပျံ့လွမ်း မောဖွယ် ကြေကွဲဝမ်းနည်းဖွယ် ၀မ်းသာအားတက်ဖွယ် အသွင်သဏ္ဌာန်ပိုင်းဆိုင်ရာမြင်ကွင်းတွေနဲ့ အနှစ်သာရ ပိုင်းဆိုင်ရာ လေးနက်မှုအတွေးတွေလည်း စိတ်ထဲမှာ ပေါ်လာမိပါတယ်…

ဘုရားအလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့ (B.C 623 May) မှာ

ကပိလ၀တ်ပြည် နှင့် ဒေ၀ဒဟပြည်အကြားရှိ လုမ္ဗိနီဥယျာဉ်မှာ မယ်တော်သည် မတ်တတ်ရပ်လျှက် သားတော် လည်း သတိရှိလျှက် မျက်လုံးပွင့်လျှက် လက်ဖ၀ါးတို့ကိုဖြန့်လျှက် ခြေတို့ကိုဆန့်လျှက် အညစ်အကြေးကင်းစွာ ဖြင့် ခြေမှစ၍ မယ်တော်ရော သားတော်ပါ ချမ်းချမ်းသာသာ ဖွားမြင်ခဲ့ပါတယ်.. ဒီကမ္ဘာအစ မဟာသမ္မတမင်း သည် သိဒ္ဓတ္ထမင်းသားပင်ဖြစ်ခဲ့၍ မဟာသမ္မတမင်းမျိုးဆက်မှာပင် ပြန်လည်ဖွားမြင်ခဲ့တာဖြစ်ပါတယ်.. မဟာ သမ္မတမင်းမှသည် အလောင်းတော်ဖွားမြင်သည်အထိ မင်းဆက်ပေါင်း (334569 ) သုံးသိန်း သုံးသောင်း လေး ထောင့်ငါးရာ ခြောက်ဆယ့်ကိုးဆက်ရှိပြီး တခြားသွေးမရောနှောသော အသမ္ဘိန္နခတ္တိယ မင်းမျိုးဆက်မှာ ဖွားမြင် ခဲ့တာ ဖြစ်ပါတယ်.. ဖွားမြင်ချိန်မှာ မယ်တော့် အသက် 57 နှစ်ထဲမှာဖြစ်ပြီး နောက် ခုနစ်ရက်အကြာမှာ နတ်ရွာစံခဲ့ပါတယ်..အလောင်းတော် ပဋိသန္ဓေနေခဲ့ဖူး သောမိခင်သည် ပရိဘောဂစေတီထိုက်၍ မည်သည့်အမျိုးသားမှ သုံးဆောင်ခံစားခြင်းငှာမထိုက်သလို နောက်ထပ်ပဋိသန္ဓေနေခြင်းငှာလည်း မထိုက်တန်တော့ပါဘူး.. မယ်တော့်အသက် 10 လနဲ့ 7 ရက်အကျန်မှာ အလောင်းတော် ပဋိသန္ဓေနေခဲ့တာဖြစ်လို့ မွေးဖွားရခြင်းကြောင့် နတ်ရွာစံခဲ့ရတာမဟုတ်ဘဲ ဓမ္မတာအရ သက် တမ်းစေ့ သက်တမ်းကုန်လို့သာ မယ်တော် နတ်ရွာစံခဲ့တာဖြစ်ပါတယ်..

ဖွားမြင်လာသောအလောင်းတော်ကို ဗြဟ္မာကြီးလေးဦးတို့က ရွှေဇာကွန်ရက်၊ စာတုမဟာရာဇ် နတ်မင်းကြီးလေးဦးတို့က သစ်နက်ရေ၊ လူတို့က ဘွဲ့ဖြူပုဆိုးတို့ဖြင့် အဆင့်ဆင့်ခံယူကြပြီး အလောင်းတော် သည် လူတို့လက်မှ ဆင်းသက်ကာ အရပ်ဆယ်မျက်နှာမှာ မိမိနှင့်တူသူ ရှိ မရှိ ကြည့်ရှုတော်မူပြီး မြောက်အရပ် သို့ ရှေ့ရှုကာ ခြေလှမ်း ခုနစ်လှမ်းလှမ်း၍ “ လောကမှာ ငါအမြတ်ဆုံး၊ အကြီးဆုံး၊ အချီးမွမ်းအပ်ဆုံး၊ ယခုပဋိသန္ဓေသည် နောက်ဆုံးပဋိသန္ဓေဖြစ်၍ ငါ့မှာ နောက်ဘ၀မရှိတော့ ” ဟု ရဲရဲတော် စကားကြီးငါးခွန်းကို ကြွေးကြော်ခဲ့ပါတယ်.. အလောင်းတော်သည် ပကတိမြေကြီးပေါ်မှာ ဖွားသည့်အတိုင်း အ၀တ်ဗလာ ကြွလှမ်း သည်ကို မဟာဗြဟ္မာကြီးက ထီးဖြူမိုး၍ သုယာမနတ်မင်းက သားမြီးယပ်ကိုင်ဆောင်၍ နတ်များက မင်းမြှောက် တန်ဆာများကိုင်ဆောင်၍ လိုက်ပါခဲ့ပါတယ်.. လူတို့အမြင်မှာတော့ အလောင်းတော်ကို အ၀တ်အစားအပြည့် အစုံဖြင့် ဆယ့်ခြောက်နှစ်သားအရွယ် ကောင်းကင်၌ ကြွလှမ်းသည်ကို ဖူးမြင်ရပါတယ်..

လုမ္ဗိနီကို ယခုအခါ ရုမ္မဒေးဟုခေါ်၍ အိန္ဒိယမြောက်ပိုင်း နယ်စပ်မှ ခြောက်မိုင်အကွာရှိ နီပေါနိုင်ငံထဲမှာ တည်ရှိပါတယ်..ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ အကျိုးဆောင်မှုကြောင့် စိမ်းစိုသာယာပြီး သန့်ရှင်းလှ ပတဲ့ လုမ္ဗိနီ ဖြစ်နေပါပြီ.. ခရစ် 1896 မှာ ကျောက်စာဝန် မစ္စတာ ကန်နင်ဟမ်က လုမ္ဗိနီကို ရှာဖွေတွေ့ရှိခဲ့ပြီး မယ်တော်မာယာသားဖွားမြင်ပုံရုပ်တုတွေ့ရှိရာ အုတ်တိုက်ရယ်၊ အမြင့် 13 ပေ 6 လက်မ၊ လုံးပတ် 7 ပေ 3 လက်မရှိတဲ့ အသောကကျောက်စာတိုင်ရယ်၊ရေပူရေအေး သုံးဆောင်ခဲ့တဲ့အထိမ်းအမှတ် ရေကန်ရယ်၊ အသော ကမင်း တည်ခဲ့တဲ့ ခြေခုနစ်လှမ်း လှမ်းခဲ့ရာစေတီ ခုနစ်ဆူအနက် လေးဆူကို ဖူးတွေ့နိုင်ပါသေးတယ်.. ပြီးတော့ ကပိလ၀တ်နန်းတော်ရာဟောင်း ၊ နိဂြောဓာရုံကျောင်းနဲ့ ရောဟိနီ မြစ်နေရာတွေကိုလည်း သမိုင်းမှာ အငြင်း ပွားဆဲဖြစ်နေသေးပေမယ့် ရာဟုလာတို့ နန္ဒမင်းသားတို့ ကိုတော့ အောက်မေ့တသ သတိတရဖြစ်နေဦးမယ့် နေရာတွေပါပဲ..

B.C 588 May မှာ ဘုရားပွင့်ခဲ့တဲ့ ဗောဓိပင်ကို အသောကမင်းရဲ့မိဖုရားငယ် တိဿရက္ခာ ကစ်ခါ၊ သျီဝဘုရင် ဆာဆင်္ကာ က နှစ်ခါ၊ ခရစ် 1193 မှာ မွတ်စလင် စစ်ဗိုလ်ချုပ် မိုဟာမက်ဂိုရီက တစ်ခါဖျက်ဆီးခဲ့ပြီး ခရစ် 1876 မှာ လေမုန် တိုင်းကြောင့်လဲကျသွားတဲ့ဗောဓိပင်ရဲ့မျိုးဆက်ကို ဟိန္ဒူဘုန်းကြီး မဟန့်ဂီရိ (သို့) ကျောက်စာဝန် မစ္စတာ ကန် နင်ဟန်က လက်ရှိဗောဓိပင်ကို ပြန်လည်စိုက်ပျိုးထားတယ်လို့ဆိုပါတယ်.. ဘာပဲဖြစ်ခဲ့စေဗောဓိပင်ပေါက်ရာမြေနေရာဟာဒီစကြ၀ဠာမှာပထမဆုံးပေါ်ထွန်းခဲ့တဲ့မြေနေရာ၊ပရိက္ခရာငါးစုံပါတဲ့ ကြာပင်ပေါက်ခဲ့တဲ့မြေနေရာ၊ဘုရားငါးဆူဗုဒ္ဓ္ဓ္ဓဖြစ်မယ့်မြေနေရာ၊မာန်းငါးပါးအောင်ရာဌာနဖြစ်တဲ့ဗောဓိပင်နဲ့ရွှေပလ္လင်ကို အလေးဂရုပြုတဲ့အနေနဲ့ ဘုရားရှင်ကိုယ်တိုင်မမှိတ်သောမျက်စိနဲ့ ခုနစ်ရက်လုံးလုံးမတ်မတ်ရပ် ကြည့်ရှုခဲ့ပြီး ဘုရားရှင်ရဲ့အသုံးအဆောင် ပရိဘောဂစေတီထိုက်တဲ့မြေနေရာပါ.. သာသနာကွယ်ချိန်ရောက်ရင် ရှိရှိသမျှဓာတ်တော်တွေဗောဓိပင်အောက်မှာစုဝေးပြီး နိမ္မိတရုပ်ပွားတော်အဖြစ် နောက်ဆုံးတရားဟောကြားကာ ဓာတုပရိနိဗ္ဗာန်စံဝင်မယ့်မြေနေရာပါ.. အဲဒီအချိန်မှာ ဒီနေရာဟာ လူသူမရောက်နိုင်တဲ့ဒေသဖြစ်နေလို့ လူသားများနာကြားခွင့်မရတော့ဘဲ နတ်ဗြဟ္မာများသာ နားကြားခွင့်ရမယ့် တရားပွဲပါ..

ပိဋကတ်စာပေနဲ့ယှဉ်ကြည့်ရင် လက်ရှိ မုဉ္စလိန္ဒာသတ္တာဟနေရာဟာနီးလွန်းနေပေမယ့် ရာဇာယတန သတ္တာဟနေရာကတော့ မြန်မာပြည်သားတွေအတွက် အားတက် ဂုဏ်ယူဖွယ်ကောင်းလှပါတယ်.. မြတ်ဗုဒ္ဓ္ဓ္ဓ ကို ပထမဆုံး မုန့်ဆွမ်းကပ်ခွင့်ရတဲ့နေရာ၊ ပထမဆုံး ဒွေဝါစိကသရဏဂုံ (ဗုဒ္ဓ္ဓ္ဓ ဓမ္မ)ဆောက်တည်ခွင့်ရတဲ့နေရာ၊ ပထ မဆုံးဗုဒ္ဓ္ဓ္ဓဘာသာဝင်ပေါ်ထွန်းခဲ့တဲ့နေရာ၊ပထမဆုံးဓာတ်တော် ဆံတော်ရှစ်ဆူပူဇော်ခွင့်ရရှိခဲ့တဲ့နေရာဖြစ်ပါတယ်.

တပုဿ နဲ့ ဘလ္လိက တို့ကို မြန်မာပြည်သားတွေ မဟုတ်ဘူးလို့ ဆိုစေဦးတော့ သူတို့ပင့်ဆောင်ခဲ့တဲ့ ဆံတော် တွေကတော့ မြန်မာပြည်မှာရှိနေတယ်ဆိုတာ ယနေ့ ကမ္ဘာ့အံချီးဖွယ် ရွှေတိဂုံစေတီတော်မြတ်က အထင်ကရ သက်သေပါ..

ဗောဓိပင်ရဲ့အရှေ့ဘက်မှာအသောကမင်းကောင်းမှုထီးတော်အပါအ၀င်ဉာဏ်တော်ပေ 180 .. ဖိနပ်

တော် 48 ပေ ရှိတဲ့ လေးထောင့်ပုံ မဟာ ဗောဓိစေတီတော်ကြီးကိုဖူးမြင်နိုင်ပါတယ်.. အသောကမင်းတည်ခဲ့သမျှ လေးထောင့်ပုံစံစေတီတော်ဟာ ဒီတစ် ဆူတည်းရှိလို့ အဲဒီအချိန်တုန်းက အသောကမင်းဟာ ဗုဒ္ဓဘာသာဖြစ်ပေမယ့် ဂျိန်းအငွေ့အသက်မကုန်သေးဘူး လို့ ပညာရှင်များမှတ်ချက်ချတာကိုလည်း မှုတ်သားဖူးပါတယ်.. ခရစ် 2 ရာစုမှာ မဂဓဘုရင်တစ်ပါးက လက်ရှိပုံစံ ဖြစ်အောင်ပြုပြင်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၃၉ မှာ မင်းတုန်းမင်းကြီးကထပ်မံပြုပြင်ခဲ့တယ်လို့ဆိုပါတယ်..စေတီရံ လေးဆူဟာ မင်းတုန်းမင်းရဲ့ကုသိုလ်လို့ သမိုင်းမှတ်တမ်းရှိပါတယ်..စေတီတော်အတွင်းမှာ ဂုတ္တခေတ်လက်ရာ ဉာဏ်တော် 10 ပေခန့်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကိုဖူးတွေ့နိုင်ပြီး ဘုရားရှင် ဗောဓိပင်အောက်မှာ သီတင်းသုံး စဉ်က ထိုင်တော်မူသွားတဲ့ အပရာဇိတပလ္လင်နေရာလည်းဖြစ်ပါတယ်.. ရုပ်ပွားတော်မြတ်ရဲ့ရှေ့နားလေးမှာ တွင်း ငယ်တစ်ခုရှိပြီး အရင်က ဟိန္ဒူတွေကိုးကွယ်တဲ့ သျှီဝလိင်ပုံကျောက်ရုပ်ကြီးရှိတဲ့နေရာဖြစ်ခဲ့ပြီး လွတ်လပ် ရေးရပြီးမှ ဗုဒ္ဓဘာသာနိုင်ငံများရဲ့တောင်းဆိုချက်အရ ဖယ်ရှားပေးခဲ့တဲ့နေရာဖြစ်ပါတယ်.. အထက်ပစ္စယံက ရုပ်ပွားတော်မြတ်ကိုတော့ တက်ရောက်ဖူးမျှော်ခွင့် ပိတ်ထားခဲ့တာ ကြာပါပြီ…

ဥရုဝေလတောတန်းနဲ့ ဒုက္ကရစရိယစခန်းလှိုဏ်ဂူ၊ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာညောင်ပင်တန်းဟာ လွမ်းမောစရာကောင်းလှပေမယ့် ရွှေခွက်မျှောခဲ့ရာ နေရဉ္ဖ္ဗ္ဇရာကတော့ ကော ခဲ့ပါပြီ. အနာဂါရိက ဓမ္မပါလလက်ထက် အမှုဖြစ်တုန်းက သီပေါမင်းကိုယ်တိုင် ခမည်းတော်ဆောက်ထားတဲ့ဇရပ်ဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာနဲ့အကောင်းဆုံးသက်သေလိုက်ခဲ့ပေမယ့် မဟန့်သာပိုင်စေလို့ဆုံးဖြတ်ခံခဲ့ရတဲ့ မင်းတုန်းဇရပ်ကြီးကတော့ သူတို့တွေရဲ့ နွားမွေး ဆိတ်မွေးရာဌာနဖြစ်ခဲ့ရပြီး ကောင်းမှုရှင် ကျောက်စာတိုက်နှစ်ခုကလည်း တောခြုံအုံကြား ချောက်ကြား မြောင်းကြားရောက်သွားခဲ့ရပါပြီ.. ဒါတွေဟာလူမျိုးကွဲခြင်းက အခြေခံ အကြောင်းရင်းဖြစ်သလို ဘာသာခြားခြင်းကလည်း အဓိက အရေးပါလှပါတယ်..

ဗာရာဏသီမြို့နဲ့ 8 ကီကိုမီတာအဝေးမှာ မိဂဒါဝုန်တောရှိပြီး သီဟိုဠ်သား သူတော်စင် အနာဂါရိက ဓမ္မ ပါလ ရဲ့ အကျိုးဆောင်မှုကြောင့် မိဂဒါဝုန်ဟာ ကျယ်ကျယ်ဝန်းဝန်းနဲ့သာသာယာယာရှိလှပါတယ်.. ဗုဒ္ဓဂါယာမှာ ဘုရားရတနာပေါ်ထွန်းခဲ့ပြီး မိဂဒါဝုန်မှာ တရားရတနာနဲ့သံဃာရတနာပေါ်ထွန်းခဲ့ပါတယ်.. အသောကမင်း တည်ထားကိုးကွယ်ခဲ့တယ်လို့ ယူဆရတဲ့ တရားဦး ဓမ္မစကြာဟောကြားရာ ဓမ္မရာဇိက စေတီကြီးကတော့ ခရစ် 1794 မှာ ဖြိုချခံခဲ့ရလို့ ဉာဏ်တော်သုံးပေလောက်သာကြွင်းကျန်ခဲ့ပေမယ့် အနတ္တလက္ခဏသုတ်ဟောကြားရာ ဓမ္မေခ စေတီတော်ကြီးကတော့ ဉာဏ်တော် 104 ပေအမြင့်နဲ့ ဖူးတွေ့နိုင်ပါသေးတယ်..

မိဂဒါဝုန်တောနေရာဟာ ပထမဆုံး နတ်ဗြဟ္မာတွေ ကုဋေနဲ့ချီပြီး တရားထူးရခဲ့တဲ့နေရာ.. အတိတ်ဘ၀တွေတုန်း က အရင်ဆုံး အစောဆုံး ပထမဆုံး ကုသိုလ်ကောင်းမှုတွေကို ပြုခဲ့ဖူးတဲ့ အရှင်ကောဏ္ဍည ပထမဆုံး တရားထူး ရခဲ့တဲ့နေရာဖြစ်လို့ လူသားတွေအနေနဲ့လည်း ပထမဆုံး တရားထူးရခဲ့တဲ့နေရာ.. အနတ္တလက္ခဏသုတ်ဟော ကြားအပြီးမှာ ပဉ္စ၀ဂ္ဂီငါးပါးလုံး ရဟန္တာဖြစ်ခဲ့လို့ ရဟန္တာစတင်ပေါ်ထွန်းခဲ့တဲ့နေရာလည်းဖြစ်ပါတယ်.. ဘုရားရှင် မိဂဒါဝုန်မှာ တစ်ဝါဆိုစဉ်အတွင်း ယသသူဌေးသားနဲ့သူငယ်ချင်း 54 ယောက် ရဟန္တာတွေဖြစ်ခဲ့ကြပြီး မိသားစုဝင် တွေလည်း တရားထူးတွေ ရရှိတော်မူခဲ့ပါတယ်.. ၀ါက္ဈတ်တဲ့အခါ ရဟန္တာ အပါး 60 ကို သာသနာပြုခရီးစတင်လွှတ်ခဲ့လို့ မိဂဒါဝုန်တောနေရာဟာ သာသနာပြု ဗဟိုဌာနချုပ်နေရာလည်းဖြစ်ခဲ့ပါတယ်.. နောင်ပွင့်မည့် အရိမေတ္တေယျ ဘုရားရှင်ဟာ ဗာရာဏသီမှာ ဖွားမြင်မှာဖြစ်လို့ ဗာရာဏသီမြို့ဟာ အဲဒီအချိန်မှာ ကေတုမတီမြို့ဆိုတဲ့အမည်နဲ့ ဘုရားလောင်းဖွားမြင်ရာနေရာ နဲ့ တရားဦး ဓမ္မစကြာ ဟောကြားရာနေရာအဖြစ် ပြန်လည်လှုပ်ရှား အသက်ဝင်နေဦးမှာပါ….

မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ (B.C 543 May) မှာ ဘုရားရှင်ဟာ ကုသိနာရုံမှာ ပရိနိ ဗ္ဗာန်စံတော်မူခဲ့ပါတယ်.. ကုသိနာရုံဟာ ရှေးရှေးတုန်းက ကုသ၀တီနေပြည်တော်ကြီးဖြစ်ခဲ့ဖူးပြီး ဘုရားလောင်း ကလည်း စကြ၀တေးမင်း ၇ ကြိမ်ဖြစ်ခဲ့ဖူးပါတယ်.. ဒါ့ကြောင့် ဘုရားရှင်အနေဖြင့် ကုသိနာရုံမှာ ခန္ဓာကိုယ်ချ ခြင်းသည် ၈ ကြိမ်မြောက်ဖြစ်ပြီး စကြ၀တေးမင်းစည်းစိမ်လည်း မမြဲကြောင်းကိုပြထားတဲ့ မဟာသုဒဿနသုတ် ကို ဟောကြားတော်မူလိုတာကြောင့်ရယ်.. နောက်ဆုံး သာဝက သုဘဒ္ဒ ကို တရားထူးရစေချင်တာကြောင့်ရယ်

စံတော်မူပြီးလို့ ကြွင်းကျန်ရစ်တဲ့ သရီရ ဓာတ်တော်တွေကို ဒေါဏပုဏ္ဏားက ငြိမ်းချမ်းစွာ ခွဲဝေပေးနိုင်ကြောင်း မြင်တော်မူတာရယ်ကြောင့် ကုသိနာရုံမှာ စံတော်မူခြင်းဖြစ်ပါတယ်.. မြောက်အရပ်သို့ ဦးခေါင်းပြု၍စံတော်မူခြင်းမှာ လာရောက်ဖူးမျှော်သူပရိသတ်များအတွက် မြောက်အရပ်သို့ ဦးခေါင်းပြု၍ ဖူးမျှော်အပုဇော်ခံခြင်းငှာ သင့်လျော် လျောက်ပတ်သောကြောင့်သာ ဖြစ်တယ်လို့ စာပေ ဆိုပါတယ်..

ကုသိနာရုံမှာ ရေကြည်တော်သုံးရာဌာနရယ် မဟာပရိနိဗ္ဗာနစေတီရယ်.. တေဇောဓာတ်လောင်ကျွမ်း ရာ အင်္ဂါရစေတီရယ်ကို ဖူးမျှော်နိုင်ပါတယ်.. မဟာပရိနိဗ္ဗာနစေတီတော်ကြီးရဲ့ မူလဒါယကာကို မသိရှိရသေးပေမယ့် လျောင်းတော်မူရုပ်ပွားတော်မြတ်ကိုတော့ အေဒီ ၅ ရာစုမှာ မထုရာမြို့မှ ဗိသုကာ ဒိန က ထုလုပ်ခဲ့ပြီး ဟရိဗလ ဆွာမိ က လှူဒါန်းခဲ့ကြောင်းဆိုပါတယ်..ခရစ် 1833 မှာ ရှာဖွေတွေ့ရှိခဲ့ပြီး ပေ 20 လောက်ရှိမယ်လို့ ခန့်မှန်းမိပါ တယ်…

ဖွား ပွင့် ဟော စံ ဆိုတာ သံဝေဇနိယလေးဌာနဖြစ်ပြီး ပွင့် ဟော မြဲနေ ဆင်းနတ်ပြည် ဆိုတာကတော့

ဘုရားရှင်တိုင်း မစွန့်တဲ့ အ၀ိဇဟိတ လေးဌာနပါ ..သာဝတ္ထိမြို့ ဇေတ၀န်ကျောင်း ဂန္ဓကုဋိ တိုက် ထဲက ဘုရားရှင်ကျိန်းစက်ရာ ကုတင်ခြေလေးချောင်းနေရာဟာ အ၀ိဇဟိတဌာနတစ်ခုပါ..ဇေတ၀န် အ၀င်မှာ အာနန္ဒာ ဗောဓိကို ဖူးတွေ့နိုင်ပါတယ်.. သစ်ပင်တစ်ပင်ဟာ နှစ် 2500 ကျော်အသက်ရှည်နိုင်ပါ့မလားဆိုတဲ့ ဒကာတစ် ယောက်ရဲ့အမေးကို လောကနိယာမ နဲ့ ဓမ္မနိယာမ ကိုမနှိုင်းယှဉ်အပ်ကြောင်း.. တချို့ကိစ္စတွေမှာ ယုံကြည်မှု မယုံကြည်မှုတွေကြောင့် ကုသိုလ်ရတာရှိသလို မရတာလည်းရှိကြောင်း .. ကုသိုလ်မရတာ ကိစ္စမရှိပေမယ့် အကုသိုလ်ရသွားရင်တော့ ကိစ္စရှိသွားပြီးဖြစ်ကြောင်း အာနန္ဒာဗောဓိအောက်မှာ နိယာမတရားငါးပါးအကြောင်း

နည်းနည်းပြောဖြစ်ခဲ့ပါသေးရဲ့…

ဘုရားရှင်ဟာ အနာထပိဏ်ရဲ့ဇေတ၀န်မှာ ၁၉ ၀ါ၊ ၀ိသာခါ ရဲ့ပုဗ္ဗာရုံ မှာ ၆ ၀ါ နဲ့ သာဝတ္တိမှာ၂၅ ၀ါ သီတင်သုံးခဲ့ပါတယ်.. ဇေတ၀န်ကို သွားရောက်ဖူးမျှော်နိုင်ပေမယ့် ပုဗ္ဗာရုံကတော့ အစိရ၀တီမြစ်အောက်ရောက် သွားသလိုလို ဟိုနားလိုလို ဒီနားလိုလို အဆင့်မှာပဲရှိပါသေးတယ်.. ဒါပေမယ့် ထိုင်း ဒေါက်တာ သီလရှင် ရဲ့ ခေတ်သစ်ဝိသာခါကျောင်းတိုက်ကတော့ နာမည်နဲ့လိုက်ပါပေရဲ့… သာဝတ္ထိမှာ ဒေ၀ဒတ် နဲ့ စိဉ္စမာနတို့ မြေမျိုတာ သူ့ထိုက်နဲ့သူ့ကံမို့ ၀မ်းနည်းစရာမကောင်းလှပေမယ့် ဘုရားရှင်နဲ့သက်တူရွယ်တူ ကောသလမင်း ကြီး ဘာတရားထူးမှရမသွားတာကတော့ ၀မ်းနည်းစရာကောင်းလှပါတယ်.. ဒါကလည်း ပါရမီနည်းခဲ့တဲ့ သူ့ထိုက်နဲ့သူ့ကံပါပဲလေ.. ဗိမ္ဗိသာရတို့များ ဘုရားလောင်းဘ၀ကတည်းက ရိုရိုကျိုးကျိုးလေးလေးစားစားနဲ့ သူ တော်ကောင်းမှန်းအကဲခပ်တတ်ခဲ့တယ်.. ဒါတောင် ဘုရားလောင်းထက် ၅ နှစ်ငယ်ပါတယ်.. ကောသလတို့ များ ဘုရားရှင်အစစ်ကြီးနဲ့တွေ့နေတာတောင် ဘုရားဟုတ်မှဟုတ်ရဲ့လား လုပ်သေးတာကိုး…

မြတ်ဗုဒ္ဓ ငါးဝါအရမှာ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးဟာ ထီးဖြူအောက်မှာပဲ လူဝတ်ကြောင်ဘ၀နဲ့ ရဟန္တာဖြစ်ကာ သက်တော် ၉၀ ကျော်မှာ ပရိနိဗ္ဗာန်စံတော်မူပါတယ်.. ဘုရားရှင် ၇ ၀ါအရမှာ ပုထုဇဉ်အဖြစ်နဲ့ သာရှိနေသေးတဲ့မယ်တော်နတ်သားကို တာဝတိံသာနတ်ပြည်မှာ ၀ါတွင်းသုံးလလုံး အဘိဓမ္မာတရားဟောကြား ကာ သောတာပန်တည်စေပြီး သီတင်းကျွတ်လပြည့်နေ့မှာ အရှင်သာရိပုတ္တရာ သီတင်းသုံးနေတဲ့သင်္ကဿနဂိုရ်

မြို့ကို ကြီးကျယ်ခမ်းနားစွာနဲ့ပြန်လည်ဆင်းသက်လာတဲ့အခါမှာ ဘုရားအသရေတော်ဟာတင့်တယ်လွန်းလို့ ဘု ရားဆု မပန်သူမရှိဘူးလို့ဆိုပါတယ်.. နတ်တွေကိုမြင်ရတဲ့ထိုပွဲမှာ ဘုရားရှင်ညာခြေတော်ချခဲ့နေရာကို အသော ကဘုရင်က အစလစေတီတည်ထားခဲ့ပေမယ့် အခုတော့တောင်ကုန်းအဖြစ်ပဲကျန်ရှိပါတော့တယ်.. ဘေးနားမှာ အသောကကျောက်တိုင်ကိုတွေ့မြင်နိုင်ပါတယ်.. နောက်ပြီးအရှင်သာရိပုတ္တရာကျောင်းတော်ရာနေရာကိုခပ် လှမ်းလှမ်းမှာတွေ့မြင်နိုင်ပြီး တူးဖော်ခြင်းမပြုရသေးပါဘူး..

အသောကမင်းရဲ့ပါဋလိပုတ်… လိစ္ဆ၀ီတို့ရဲ့ဝေသာလီတို့ကို လွမ်းမောစွာပြန်လည်မြင်တွေ့နိုင်သလို ပေး၍မကုန် လှူ၍မခန်း တဲ့ အမိတဘောဂသူဌေးကြီးများပေါ်ထွန်းရာ ရာဇဂြိုလ်ကလည်း တောင်ငါးလုံးအောက် မှာ လေ့လာကြည့်ရှုစရာတွေတပုံတပင်နဲ့သက်ဝင်လှပနေဆဲပါ.. ခရစ် 427 မှာ စတင်ပေါ်ထွန်းခဲ့ပြီး 1197 မှာ မွတ်ဆလင်တို့လက်ချက်နဲ့ပျက်စီးခဲ့ရတဲ့ အရှင်နာဂဇုနတည်ထောင်ခဲ့တဲ့ကမ္ဘာ့အစောဆုံးတက္ကသိုလ် နာလန္ဒာကိုလည်း သမိုင်းရုပ်ကြွင်းအဖြစ်တွေ့မြင်နိုင်ပြီး ဒီနယ်သားတွေဖြစ်တဲ့ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်တို့ကို တသ သ သတိရစေမယ့်နေရာတွေပါ.. ရာဇဂြိုလ်မြို့မှာ ပထမဆုံး ကျောင်းဖြစ်တဲ့ ဝေဠုဝန်ကျောင်းတော်ပေါ်ထွန်းခဲ့ပြီးပထမဆုံးသင်္ဂါယနာတင်ရာသတ္တပဏ္ဏိလှိုဏ်ဂူကိုလည်းတွေ့မြင်နိုင်ပါတယ်..ဗိမ္ဗိသာရ.. ဇီဝက.. အဇာတသတ် နဲ့ ဒေ၀ဒတ်တို့ကိုလည်း ၀မ်းသာဝမ်းနည်း ပြန်လည်သတိရစေမယ့်နေရာတွေဖြစ်ပါတယ်.. ဒေ၀ဒတ်တို့ အဇာတသတ်တို့ ဘယ်လိုပင်ဆိုးခဲ့သည်ဆိုစေဦး သူတို့တွေက တစ်ချိန်မှာ ပစ္စေကဗုဒ္ဓတွေအဖြစ်နဲ့ကျိန်းသေကျွတ် တမ်းဝင်မယ့်ပုဂ္ဂိုလ်တွေပါ.. သူတို့ကို လူဆိုးကြီးတွေအဖြစ်ရှုမြင်နေကြတဲ့ငါတို့ကတော့ ဘယ်တော့များမှာမှ ကျွတ်တမ်းဝင်ကြမှာလဲလို့ ကိုယ့်ကိုယ်ကိုပြန်မေးရင်း သံဝေဂရနေပါတော့တယ်……။ ဒီဆောင်းပါးနဲ့ပါတ်သက်ပြီးမေးမြန်းသမျှကိုစိတ်ရှည်စွာနဲ့ အကြံဥာဏ်ပေးသော သူငယ်ချင်း အရှင်ဝိစိတ္တ(ဓမ္မာစရိယ) MA ကို အထူးပဲကျေးဇူးတင်ပါတယ်။ စာဖတ်ပရိတ်သက်များလဲ ဒီဆောင်းပါးနှင့်ပါတ်သက်ပြီး ဓမ္မသဘောတရားလေးများ မသိတာ မရှင်းတာရှိခဲ့ရင် အပြုသဘောဆာင်ပြီး ဆွေးနွေးနိုင်ပါကြောင်း ပြောကြားလိုပါတယ်။

အရှင်ကေလာသ(သာစည်) MA မဂဓ တက္ကသိုလ်။

မြတ်ဆရာ


မြတ်ဆရာ

“ ပျက်အစဉ် ပြင်ခဏ” ဆိုပေမယ့်

ပြင်မရတာတွေက

အများသား

အမှားများမကြုံခင် ပြင်ရအောင်

သင်ပြတဲ့ မြတ်ဆရာ…

အလှတွင် အယဉ်ဆင့် ” ဆိုပေမယ့်

“ အရမ်းပြင် အယဉ်ပျက်” တာလည်း ခဏခဏ

သံသရာ အစဉ်လှရအောင်

သင်ပြတဲ့ မြတ်ဆရာ..

“ ဆင်တတ်မှ လှ ကြင်တတ်မှ ရ ” ဆိုပေမယ့်

“ ပေးကားပေး၏ မရ ” ခဲ့တာလည်း အကြိမ်ကြိမ်

“ အချိန်မီချုပ် အစုတ်သက်သာ ” ရအောင်

အထုပ်ထုပ်ပေးတဲ့ မြတ်ဆရာ…

“ အာစရိယဂုဏော အနန္တော ” ဆိုပေမယ့်

” အသိခေါက်ခက် အ၀င်နက်” ခဲ့တာလည်း အခါခါ

သံသရာ မပြစ်မသင့်ရလေအောင်

အခါခါ ခွင့်လွှတ်တဲ့ မြတ်ဆရာ…။ သူငယ်ချင်း အရှင်ဝိစိတ္တ (ဓမ္မာစရိယ) MA ပြောပြလို့ ရေးဖြစ်တဲ့ ကဗျာလေးပါ ကျေးဇူးပဲ သူငယ်ချင်းရေ...။ စာဖတ်ပရိတ်သတ်များလည်း အကြံဥာဏ်ပေးနိုင်ပါတယ်။

အရှင်ကေလာသ(သာစည်) MA မဂဓ တက္ကသိုလ်၊ အိန္ဒိယ။

ဝေးကွာခြင်းဒိုင်ယာလော့ခ်


ရင်တထိတ်ထိတ်နဲ့ပါပဲ

အထီးကျန်နက္ခတ်နဲ့ ယှဉ်မွေးလာတဲ့

ငါ့အတွက် နာကျင်ခြင်း နဲ့အရှုံးဆိုတာ..

ဘ၀မှာ အံခွင်ကျဖြစ်နေခဲ့ပြီ

သန်းခေါင်အပြင် ထပ်ပြီး ဥာဥ့်မနက်တော့ပါဘူးလေ...

ဒါတောင်..

တခါတလေ လမ်းမှားေ၇ာက်ေ၇ာက်လာတေဲ့

လေ၇ာင်သဲ့သဲ့ကို မက်မော

တောင့်တနေမိသေး......

ဘာဆိုဘာမှ ထပ်မလိုချင်တော့ပါဘူး

ကမ္ဘာ့လူဦးေ၇ သန်းပေါင်း ၆၀၀၀ ထဲကမှ

နင့်တစ်ယောက်ထဲကိုပဲ

ငါ...လိုချင်ခဲ့တာပါ

ခုတော့....

နဖူးစာကမှင်ေ၇ကျဲလို့ စုတ်ချက်ကြမ်း

ဇာတ်လမ်းအစမှာတောင်

ပုဒ်ဖြတ်ကြေး နဲ့လွမ်းနေခဲ့၇တယ်

ငါ့နှလုံးသားဟာ

တမြေ့မြေ့နာကျင်နေစေဖို့အတွက်ပဲ

ဖန်ဆင်းပေးခဲ့ပါသလား ဖန်ဆင်း၇ှင်...

နင့်နဲ့ပတ်သတ်လာ၇င်

စိမ်းကားသွားဖို့ဆိုတာဝေ လာဝေး

သေချာဆွေး၇မယ်ဆိုတာ အပထား

လှောင်၇ယ်သံ တချို့ခပ်သဲ့သဲ့တောင်

ငါ့နားကခံနိုင်၇ည် မဲ့မိတယ်

နေပါစေလေ

ဘ၀ဆိုတာ ကြိုတင်ေ၇းထားပြီးသား

စာအုပ်တစ်အုပ်ဆို၇င်

နင်နဲ့ငါ့၇ဲ့ အဘိဓါန် မှာ

ဝေးကွာခြင်းဆိုတဲ့သတ်ပုံ မ၇ှိဘူး........:) :)

မြဘုရားသို့အလည်တစ်ခေါက်


မြဘုရားပုံတော်

( မြဘုရားကို နွေ၊မိုး၊ဆောင်း သင်္ကန်းပူဇော်ထားပုံ )

ထိုင်းနိုင်ငံသို့အမှတ်တရ ဆိုတဲ့ဘလော့မှာ မြဘုရားဝင်းထဲက ပုံတွေကို ကြည့်ရတော့ ကျွန်မ ရောက်သွားတဲ့ အမှတ်တရအကြောင်းလေးကို မရောက်ဖူးတဲ့ သူငယ်ချင်းတွေကို မျှဝေချင်တဲ့ စိတ်ပေါ်လာလို့ ပုံတင်ထားတဲ့ သူငယ်ချင်းကို ရေးရင်ကောင်းမလားလို့ မေးကြည့်လိုက်တော့ ကောင်းပါတယ် လို့ ပြောတဲ့အတွက် ဒီဘလော့လေးရေးဖြစ်တာပါ။

ဘန်ကောက်မှာ နေတဲ့ အစ်မလိုခင်တဲ့ မအေးဆွေကြောင့် ကျွန်မ ထိုင်းမှာ နာမည်အကြီးဆုံး၊ ထိုင်းဘုရင်မင်းမြတ်တို့ အထွတ်အထိပ်ထားတဲ့ မြဘုရားကို ရောက်နိုင်ခဲ့တယ်။

ကျွန်မရောက်ရောက်ချင်းမှာ သတိထားမိတာက တိုးရစ်အမျိုးသမီးတစ်ယောက်က အင်္ကျီလက်ပြတ်နဲ့ ဘောင်းဘီတိုလေးဝတ်ထားတော့ သူ့ရဲ့ဂိုက်က ထမီတစ်ထည်ယူပြီး သူ့ကို ပါတ်ပေးတယ်။ ပြီးတော့ လက်ရှည်ပါတဲ့ အင်္ကျီိကိုပေးပြီး ၀တ်ခိုင်းပါတယ်။ ကျွန်မက ဖာသိဖာသာပဲ ကြည့်ပြီး အစ်မတွေရဲ့နောက်ကို မှီအောင်လိုက်သွားတယ်။

အစ်မကတော့ ထိုင်းမှာ နေခွင့်ရထားတယ်ဆိုတော့ သူက ၀င်ခွင့်လက်မှတ်ဝယ်စရာမလိုပေမဲ့ ကျွန်မကတော့ တိုးရစ်အနေနဲ့ဝယ်ရပါတယ်။

လက်မှတ်ဝယ်ပြီး အ၀င်ပေါက်မှာ ထိုင်းပြည်သူ၊သားတွေအတွက် အ၀င်ပေါက်က တစ်ခု၊ တိုးရစ်တွေအတွက် အ၀င်ပေါက်တစ်ခု ရှိတယ်။ အဲဒီအ၀င်ပေါက်မှာ ကျွန်မအတွက် မမေ့နိုင်တဲ့ အမှတ်တရလေးတစ်ခုပေါ့။ ၀င်မဲ့ချိန်မှာ တကယ်လို့ ဘောင်းဘီဝတ်သည်ဖြစ်စေ၊ စကပ်ဝတ်သည်ဖြစ်စေ သူတို့က အတိုအရှည်တိုင်းတဲ့ အမှတ်အသားတစ်ခုလုပ်ထားပြီး လူတိုင်းသွားတိုင်းပြီးမှ ၀င်ရတယ်။ သူတို့ရဲ့အမှတ်အသားထက် တိုနေရင် ထမီဝယ်ပြီးပါတ်ရပါတယ်။ ( သူတို့ရဲ့ထမီက အကွင်းလိုက်မဟုတ်တော့ ဒီတိုင်းပါတ်ရုံပါပဲ)။ ကျွန်မစိတ်ထဲမှာ အရမ်းကို လေးစားမိပါတယ်။ သူတို့ဟာ ဘုရားကို ဘယ်လောက်ကြည်ညိုလေးစားတဲ့စိတ်လေးရှိလဲ ဆိုတာ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်မတို့ သိနိုင်ပါတယ်။

အထဲဝင်လိုက်တာနဲ့ ဘီလူးရုပ်အကြီးကြီးတစ်ခုက ဆီးကြိုနေပါတယ်။ မြဘုရားထဲမှာ ဘီလူးရုပ်တွေ နေရာတိုင်းလိုလိုရှိတယ်။

ကြီးကျယ်ခမ်းနားစွာ ဆောက်ထားတဲ့ ထိုင်းဗိသုကာလက်ရာတွေကလည်း ရှုမငြီးလောက်အောင်၊ငေးကြည့်လို့မ၀ပါဘူး။

မြဘုရားကို ပူဇော်ဖို့အတွက် ကြာပန်းတစ်ပွင့်၊ဖယောင်းတိုင်တစ်တိုင်၊အမွှေးတိုင်တစ်တိုင် ၀ယ်ခဲ့တယ်။ သူတို့ဆီမှာ အဲလိုပဲ လှူကြပါတယ်။ဒါတွေပူဇော်ဖို့ သူတို့က သီးသန့်နေရာလေးလုပ်ထားပါတယ်။ မြဘုရားရဲ့ အပြင်ဘက်မှာ ပန်း၊ဆီမီး၊အမွှေးတိုင်ပူဇော်ဖို့ နေရာရှိပါတယ်။

မြဘုရားကို ဖူးဖို့အတွက် ကင်မရာနဲ့ဖိနပ် အပြင်ဘက်မှာ ထားရတယ်။ အထဲရောက်သွားတော့ ကျွန်မရဲ့စိတ်ထဲမှာ အလွန်တရာမှ ၀မ်းသာပီတိဖြစ်မိပါတယ်။ မြဘုရားစံကျောင်းထဲရောက်တော့ အလွန်အေးငြိမ်းတဲ့ စိတ်မျိုးခံစားရပါတယ်။ မြဘုရားကို အားရပါးရ ဖူးမြော်ပူဇော်ကန်တော့လိုက်ပါတယ်။ အပေါ်ယံမျက်နှာကြက်မှာ ရေးဆွဲထားတဲ့ ပန်းချီကားတွေက နိဗာန်ဘုံအလား ပန်းချီများသေသပ်လှပစွာ မြင်ရပါတယ်။

ရုတ်တရက် ကျွန်မရဲ့မိဘ၊မောင်နှမ၊သူငယ်ချင်းများကိုလည်း အလွန်မှ ကြည်ညိုသပါယ်တဲ့ မြဘုရားကို ဖူးမြော်စေချင်တဲ့ စိတ်လေးတစ်ဖွားဖွားဖြစ်ပေါ်လာပါတယ်။

အားလုံး စိတ်ရွှင်လန်း ချမ်းမြေ့ကြပါစေလို့ ဆုတောင်းရင်း.......

( ဘလော့စတင်ချိန်မှာ ပုံတော်ကို မတင်လို့ သူငယ်ချင်းတွေလည်း ဖူးမြင်ချင်တဲ့အတွက် တစ်ခြားတစ်နေရာမှာ ရထားတဲ့ ပုံတော်ကို တင်လိုက်တာပါ။ မြဘုရားကို အနီးကပ် ရိုက်ခွင့်မပေးတဲ့အတွက် အဝေးကနေရိုက်တဲ့ပုံက သိပ်မကောင်းလို့ ကိုယ်တိုင်ရိုက်တဲ့ပုံကို မတင်လိုက်တာပါ။ ရိုက်ခဲ့တဲ့ပုံလေးတွေကိုလည်း ထပ်ပြီးတင်ပေးလိုက်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။)

ဆုတောင်းနေရုံနှင့်ပြီးရော့လား။

ငြိမ်းချမ်းရေး ရင်ခွင် (၂၇)

ဆုတောင်းနေရုံနှင့်ပြီးရော့လား။

သောတာပန် ဖြစ်ရင် အပါယ်တံခါးပိတ်ပါတယ် ၊“ငရဲ-တိရစ္ဆန်-ပိတ္တာ-အသူရကယ်-”(၄)ဘုံသို့

မရောက်တော့ဘူး ၊ရောက်စေ လားစေတတ်တဲ့ အလုပ်တွေကို မလုပ်တော့တဲ့အတွက် အပယ်

တံခါးပိတ်ရတာပါ ၊မလုပ်ဘူးဆိုတဲ့နေရာမှာလည်း အပြောသက်သက်မဟုတ်ဘဲ တကယ့်လက်

တွေ့ကျကျမလုပ်တော့တာပါ ၊ပုထုဇဉ်နှင့် သောတာပန်တို့ ကွာဟမှုကို ဒီနေရာမှ ထင်ထင်ရှား

ရှား မြင်နိုင်ပါတယ် ၊ပုဇဉ်တို့သည် မလုပ်တော့ဘူး-မပြောတော့ဘူး-မမိုက်တော့ဘူး-မဆိုး

တော့ဘူး လို့ဝန်ခံလွယ်တယ် ကတိပေးလွယ်တယ် ပြီးရင်ပြန်လုပ်တယ် ၊ပြန်ဆိုးတယ်-ပြန်မိုက်

တယ် ။

သောတာပန်များက ဝန်ခံ ကတိပေးတဲ့တိုင်းလိုက်နာကျင့်သုံးတယ် ၊အဆုံးပြောရရင် အသက်နဲ့

လဲပြီး ထိမ်းတယ် စောင့်တယ် လိုက်နာတယ် ကျင့်သုံးတယ် ၊ဒါဟာ“မိမိတို့ ကိုယ်ပိုင်ဘဝ”ငြိမ်း

ချမ်းစေဖို့ ပိုတိင်လက်တွေ့ကျကျလုပ်ယူရမည့် “ဘုရာရှင်”၏နည်းလမ်းပါ ၊လူသည် “အရှိတ

ရားမှ” အသိတရားကိုရှာဖွေတတ်သော သတ္တဝါဖြစ်ပါတယ်၊ဝန်ခံနေရုံ ခေါင်းညိတ်နေရုံ ဆုတောင်းနေရုံ သွားရောက်လေ့လာနေရုံတို့နှင့် မပြီး ၊လက်တွေ့ကျကျ လုပ်နိုင် လိုက်နာနိုင်မှ

ငြိမ်းချမ်းရေးကို ရနိုင်တဲ့ ဘုရားရှင်ရဲ့ အဆုံးမပါ ။

ဘုရားရှင် ရာဇဂြိုလ်မြို့ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေချိန် ၊ဘုရင်ဗိဗ္မိသာရမင်းကြီး

လျှောက်ထားမှုကြောင်း မြို့လယ် ဓမ္မာရုံသို့ကြွပြီး တရားဟောပါတယ် ၊လူတွေလည်း အရမ်း

များ အုတ်အုတ်ကြက်ကြက်နှင့် အလွန်စည်ကားတဲ့ပွဲပါ၊ အဲဒီအထဲ လူရာမဝင် လူများအသိ

မှတ်မပြုတဲ့“သုဘ”အမည်ရှိ လူနူကြီးတစ်ယောက်ပါလာပါတယ် ၊နေစရာမရှိ စားစရာမရှိလော

က်အောင် ဆင်းရဲနေရှာတဲ့ သူတောင်စားပါ ၊လူသူအနားသို့ မတိုးရဲ မကပ်ရဲဘဲ ဟို--အစွန်ဖျား

တနေရာကနေ ကုပ်ကုပ်လေး တရားနာနေတဲ့ လူပါ ၊တရားပွဲ အပြီးမှာတော့ သူသောတာပန်

ဖြစ်သွားပါတယ် ။

သောတာပန် ဖြစ်တယ်ဆိုတာ မဂ်ဥာဏ်(၄)ပါးထဲက ပထမဆုံဖြစ်တဲ့ “သောတာပတ္တိမဂ်ဥာဏ်”

ကိုရလိုက်တာပါ ၊ဒီဥာဏ်နှင့် လောကကိုကြည့်တဲ့အခါ အရာရာသည် သူအတွက် ကျေးဇူးရှင်

တွေချည်းပဲလို့ မြင်ပါတယ် ၊ဘယ်ကိုမှ သံသယမဖြစ်တော့ဘူး ၊ရုပ်နာမ်များအပေါ်မှာလည်း“ဒိ

ဋ္ဌိ-ဝိစိကိစ္ဆာ-သီလဗ္မတပရာသ-ဆိုတဲ့တရာဆိုး(၃)မျိုးကင်းသွားပါတယ် ၊အကြွင်းမဲ့ပယ်လိုက်ပါ

တယ် ၊တချိန်က လောကကိုအပြစ်မြင်နေခဲ့တာတွေ ၊မကြေနပ်မှုများစွာနှင့် စွဲချက်တင်နေချင်ခဲ့

တာတွေ ၊ဖြစ်သမျှ ကိုယ်သာအကောင်း ကိုယ်သာမှန်ထင်ခဲ့တာတွေ အကုန်လုံးဟာ “အာယ

တန”တို့၏ ဆွဲအားတွေကြောင်းပါလားလို့သိလိုက်ရပါတယ် ။

သူသိရတာတွေကို ဘုရားရှင်အား လျှောက်မယ်ဆိုပြီး ဘုရားရှင်နောက်ကနေ အပြေးလေး

လိုက်လာပါတယ် ၊ဒါကိုလူတစ်ယောက်က ကြားကနေတားပြီး “ဟေ-သုဘ မင်း မချမ်းသာ

ချင်ဘူးလား ပြီးတော့ နူနာရောဂါတွေ မပျောက်ချင်ဘူးလား ” မေးပါတယ် ။ဟာချမ်းသာချင်

တာပေါ့ ရောဂါလည်းပျောက်ချင်တာပေါ့ ဆိုတော့ “ကောင်းပြီ ဒါဆိုရင် ရာဇဂြိုလ်မြို့ကိုပတ်

ပြီး ၊ဘုရားသည် ဘုရားမဟုတ် ၊တရားသည် တရားမဟုတ် ၊သံဃာသည် သံဃာမဟုတ် ဒီ

စကား(၃)ခွန်းကို မင်းပြောရမယ် ၊တခြား ဘာမှ ပြောစရာမလိုဘူး ဒါကိုပြောပြီးတာနှင့် မင်း

ချမ်းသာပြီသာမှတ် ။

ငြိမ်းချမ်းရေးရင်ခွင်(၂၈)--သို့---

မေးသမျှ ဖြေလို့ပြုံး … အင်္ဂလိပ်စာတိုက်ပုံး … ( အမှတ်စဉ် - ၁၁ )


အင်္ဂလိပ်စာ ဖွံဖြိုးတိုးတက်စေဖို့ရာ …
ဒီအစီအစဉ်လေးကို တင်ဆက်လိုက်ပါတယ် …
Keen ထံသို့ အင်္ဂလိပ်စာ နှင့် ပတ်သက်ရာရာများ လာရောက်မေးမြန်းနိုင်ပြီး …
ဒီအစီအစဉ်လေးမှာ ပြန်လည်တင်ပြသွားမှာဖြစ်ပါတယ် …
ကဲ … ဒီနေ့ … ဘယ်သူတွေက … ဘာတွေကို ဘယ်လိုများ လာရောက်မေးမြန်းထားပါလိမ့် … ?

From - Johnathan
ကိုကင်းရေ … မင်္ဂလာပါ … ဒီတကြိမ် မေးချင်တာကတော့ …
အင်္ဂလိပ်လို “တူ” ကို ဘယ်လိုခေါ်လဲ ဆိုတာပါ … ဖြေဆိုပေးပါဦးနော် …
♫ Answer by - Keen
ဟင် … စာက … ဒီမှာတင်ဆုံးသွားကောလား … ဒုက္ခပါပဲ … ဘယ် “တူ” ကိုပြောတာပါလိမ့် …
“Nephew” ဆိုတဲ့ … ဦးလေးရဲ့ တူ လား … တရုတ်တွေ စားရင် သုံးတဲ့ “တူ” ( Chopstick ) လား မပြောသွားဘူး …
ဦးလေးတွေ စားတဲ့ တူ ဖြစ်မယ် … ဟိဟိ …

From - တွယ်တာ
ဟိုလေ … တွယ်တာ သိချင်တာက … ငယ်ချစ်ဦးနဲ့ … ရည်းစားဟောင်း ကိုပါ …
သူတို့ နှစ်ခုက … တူတူပဲလားဟင် … အဲဒါလေး ပြန်ပြောပြပေးဖို့ မျှော်လင့်ပါတယ်နော် …
♫ Answer by - Keen
ငယ်ချစ်ဦး နဲ့ ရည်းစားဟောင်းက … တယောက်ထဲ ဖြစ်ခဲ့ရင်တော့ … တူတူပဲပေါ့ … ဟိ
ငယ်ချစ်ဦးက … Lover since childhood - ငယ်ရွယ်စဉ်တုန်းက ချစ်သူ …
ရည်းစားဟောင်း ( Old flame ) ကတော့ … တချိန်က … ချစ်ခဲ့ဖူးသူ လေ … မတူပါဘူးနော် …

From - ချစ်ဦးမေ
တခုမေးမယ် … ကိုကင်းရာ … အခု လတ်တလော ရေပန်းစားနေတဲ့ စကား …
ဥပမာ … လန်းတယ် … မိုက်တယ် … အောက်တယ် … ဂွမ်းတယ် စတာတွေပေါ့ဗျာ …
အဲဒါကို … အင်္ဂလိပ်လို … ဘယ်လို ခေါ်လဲဟင် ..
♫ Answer by - Keen
Catch - Word … ဒါမှမဟုတ် … Catch - Phrase လို့ ခေါ်ပါတယ် …
ရေပန်းစား ဆိုတာနဲ့ပဲ … Water Flower Eat တွေ … လျှောက်မလုပ်လိုက်ပါနဲ့နော် … ဟိဟိ …

From - လင်းလဲ့နေခြည်
တခုလေး သိချင်လို့ပါ … Age before beauty ဆိုတဲ့ စကားက … ဘာကိုပြောတာပါလိမ့်နော် …
မလှခင် အသက်ကြီးတာလား … အသက်ကြီး အချိန်မစီးဘူးပြောတာလား … ရှုပ်နေလို့ပါ …
♫ Answer by - Keen
အဲတော့ … လုပ်ချလိုက်ပြန်ပြီ … ပြောချင်တာ အဲလို တခုမှမဟုတ်ဘူးလေ …
Age before beauty ဆိုတာ … အသက်ကြီးသူကို ဦးစားပေးပါလို့ပြောတာပါ … အဟက် …

From - ဟိန်းမင်းထက်
အကိုရေ … သရေကျတာကို … အင်္ဂလိပ်လို ဘယ်လိုခေါ်လဲဟင် … ?
♫ Answer by - Keen
ရှလွတ်လို့ ခေါ် … အဲလေ … Sentence တခုနဲ့ ပြောပြမယ်နော် …
My mouth waters even now … ( ငါ အခုတောင် သရေကျနေပြီ … ) ဟဲ …

ပင်လယ်ရေကိုသောက်မိနေပြီ

ငြိမ်းချမ်းရေး ရင်ခွင် (၂၉)

ပင်လယ်ရေကိုသောက်မိနေပြီ

သောတာပန်သည် ၊“လူ့ဘဝကို(၇)ကြိမ်ပြန်လာတဲ့သောတာပန်-(၃)ကြိမ်ပြန်လာတဲ့သောတာ

ပန်-(၁)ကြိမ်သာ ပြန်လာတဲ့သောတာပန်ဆိုပြီး(၃)မျိုးရှိပါတယ် ၊ဒီ(၃)မျိုးထဲက ဘယ်အမျိုးမှာ

ဘဲဖြစ်ဖြစ် အဓိဂမသဒ္ဒါကိုပိုင်ဆိုင်ကြတာချည်းပါ၊ဘဝသည်လည်း တနေ့ထက် တနေ့ငြိမ်းချမ်း

လာတယ် ၊ဤသို့ ဘဝငြိမ်းချမ်းရေးကိုရလာခြင်းသည် ၊တိုက်လို့ခိုက်လို့ နိုင်တက်ဆီးလုပ်လို့ လက်နက်အင်အား လူအင်အားသာလို့ ၊ဒါမှမဟုတ် တစ်ဦးဦးက ဖန်ဆင့်ပေးလို့ ဆုတောာင်း

ပေးလို့ ရတာမျိုးမဟုတ်ပါ ။

အရှိတရားမှ အသိတရားကိုရှာဖွေတတ်သော “လောကုတ္တရာပညာ” သောတာပတ္တိမဂ်ဥာဏ်

ကြောင်းရလာခြင်းဖြစ်ပါတယ် ၊သက်ရှိအားလံုးတို့၏ ဘဝကို ပူလောင်စေတတ် လောင်ကျွမ်း

စေတတ် ပြာကျစေတတ်သော တရားမှာ ကိလေသာဖြစ်ပါတယ် ၊ဒီကိလေသာကို“သီလနှင့်

ဆေး- သ္မာဓိနှင့်ထိမ်း-ပညာနှင့်ပယ်ပြီးမှ ရလာတဲ့ ငြိမ်းချမ်းခြင်း ချမ်းသာခြင်းပါ ၊ဘဝ၏ အနစ်

ဘဝ၏တန်ဘို့ ဘဝ၏အလင်းရောင် ၊ချမ်းသာခြင်းအစစ် ၊ဘယ်ချမ်းသာနှင့်မှမလဲနိုင်တဲ့ အနှိုင်း

မဲ့ချမ်းသာပါ ။

ဒီချမ်းသာသည် ကိလေသာကို အောင်နိုင်ခြင်းတဖက်မှာသာရှိပါတယ် ၊တခြားတခြားနိုင်ငံ

တွေမှာမရှိပါဘူး ၊ကိလေသာသည် လက်ရှိ ဘဝမှာ သိသိသာသာနှိုပ်စက်ပြီး ၊သံသရာမှာ

အစွဲဥပါဒါန် အငွေ့သက်အဖြစ်ဖြင့် နှိုပ်စက်ပါတယ် ၊လက်ရှိ မိမိတို့ တွေ့ကြုံ ရင်ဆိုင်နေရတဲ့

လောဘ-ဒေါသ-မောဟ-အတ္တ-မာန စတာတွေက သိသာထင်ရှားနေတဲ့ ကိလေသာတွေပါ ၊

ဒီကိလေသာတွေကို နောက်ကနေ ခံတပ်ကြီးအဖြစ် တွန်းအားပေးနေတဲ့ ကိလေသာ တချို့

ရှိပါတယ် ။

.ယင်းတို့ကို “အနုသယကိလေသာ”လို့ခေါ်ပါတယ် ၊ဘဝများစွာသို့လိုက်ပြီး ကိန်းနေတတ်တဲ့

ကိလေသာ ၊ပင်လယ်ရေနှင့်တူတဲ့ ကိလေသာ၊ဆားငန်ရေနှင့်တူတဲ့ ကိလေသာတွေပါ ၊ပင်

လယ်ရေဆိုတာ အမြဲ ဆားငန်နေပါတယ် ၊ဒါကို“မိလိန္ဒ”မင်းကြီးက အရှင်“နာဂသိန်”အားမေး

ပါတယ် -အရှင် ဘုရား ပင်လယ်ရေဟာ ဘာကြောင့် အမြဲဆားငန်နေတာပါလိမ့် - ဒီတော့-ရှင် နာဂသိန်က“အာသေဝနပစ္စည်”ကြောင်းလို့ ဖြေပါတယ် ၊တခါမှ လဲလယ်ခြင်းမရှိဘဲ အမြဲစုပုံ

ထား ထုံမွှမ်းထားတာကို “အာသေဝနပစ္စည်း”ခေါ်ပါတယ် ။

ပင်လယ်တို့မည်သည်- ချောင်းအသီးသီး မြစ်အသွယ်သွယ်တို့မှ စီးဝင်လာသော ရေချို ရေငန်

များစွာတို့ကို အသစ် အဟောင်းလဲလယ်ခြင်းမရှိ ၊မည်ရွေး မည်မျှရယ်လို့ နှစ်အကန့်သက်မရှိ

သိုမှီသိမ်းဆည်းထားတဲ့အတွက် ကြာလာသည်နှင့်အမျှ အငန်ဓာတ်က ပိုပိုပြင်းလာတယ် ၊

ဆားငန်လာတယ် ၊ဤဆားငန်ရေကို သောက်မိသူတို့သည် ဘယ်သောခါမှ အဆာပြေတယ် အငတ်ပြေတယ်မရှိ ၊သောက်ပြီးယင် သောက်ချင်ယင်း၊သောက်ပြီးယင်း ပြန်ဆာယင်ဖြစ်ရသ

လို ။

တစ်ကြိမ် တခါမှ မဂ်ပညာ ဖိုလ်ပညာတို့ဖြင့် ဆေးကြော သုတ်သင်မှုမရှိ ဘဝဆက်ဆက် သံသ

ရာဆက်ကဆက်ကိန်းပါလာတဲ့ မိမိတို့ သဏ္ဍန်မှ အနုသယကိလေသာများမှာလည်း ကာမဂုမ်

အာရုံများအပေါ် ခံစားပြီးရင် ထပ်ပြီးခံစားချင်တယ် ၊သောက်ပြီးရင် ထပ်သောက်ချင်တယ်၊ရပြီး

ရင် ထပ်လိုချင်တယ် ဒါ့ကြောင်း ဒီကိလေသာတွေကို ပင်လယ်ရေနှင့်တူတဲ့ ကိလေသာလို့ပြော

တာပါ ၊မိမိတို့က ထိုရေကိုကောက်မိနေကြတယ် ---ငြိမ်းချမ်းရေးရင်ခွင်-(၃၀)--သို့----

ကွန်ဖြူးရှပ်


Confucius

မွေးဖွါး
ဘီစီ -၅၅၁
ရှန်တုန်ပြည်နယ်
ကွယ်လွန်
ဘီစီ -၄၇၉
နိုင်ငံသား
တရုတ်နိုင်ငံ
အလုပ်အကိုင် တွေးခေါ်ပညာရှင်

တရုတ်တွေးခေါ်ပညာရှင် ကွန်ဖြူးရှပ်(Confucius)(ဘီစီ ၅၅၁-၄၇၉)ကို ယနေ့တရုတ်နိုင်ငံ အရှေ့မြောက်ဖက်ရှိ ရှန်တုန်နယ်(Shantaung)ရှိ လု(Lu')နိုင်ငံငယ်လေးတွင် ဘီစီ-၅၅၁ခုက ဖွားမြင်သည်။ ငယ်စဉ်ကပင် ဖခင်ဆုံးပါးသဖြင့် မိခင်မုဆိုးမက ကျွေးမွေးစောင့်ရှောက်လာခဲ့သည်။ လူငယ်ဘ၀က အစိုးရ၀န်ထမ်းအဖြစ် တာဝန်ထမ်းခဲ့ဖူးပြီး ၀န်ထမ်းသက်အတော်ကြာမှ အလုပ်ထွက်ကာ အတွေးအမြင်များကို စတင်ဟောပြောပို့ချသည်။ နောက်ပါတပည့်များပြားလာပြီး အသက်ငါးဆယ်အရွယ်တွင် လုအစိုးရက ရာထူးကြီးပေးကာ တာဝန်ထမ်းဆောင်ရန်ကမ်းလှမ်းသောကြောင့် မင်းမှုထမ်းဖြစ်ပြန်သည်။ လေးနှစ်သာခံပြီး ကုန်းတိုက်သူတို့ကြောင့် ပြည်နှင်ဒဏ်ဖြင့် ၁၃ နှစ်တိုင်နေရရှာသည်။ ထို ၁၃ နှစ်တွင် တရုတ်ပြည် ပဒေသရာဇ်နိုင်ငံငယ်လေးများတွင် နယ်လှည့် ဟောပြောပို့ချသူအဖြစ် နေထိုင်ရှင်သန်ခဲ့သည်။ နာမည်ကျော်ဘ၀ဖြင့် ဇာတိသို့ပြန်ရောက်ပြီး ၅ နှစ်အကြာ(အသက် ၇၂နှစ်) တွင် ကွယ်လွန်သည်။ကွန်ဖြူးရှပ် ဆိုသည့်အခေါ်မှာ ကန်တုံ တရုတ်သံမှ ဖလှယ်ထားခြင်းဖြစ်ပြီး မန်ဒရင်းသံဖြင့်ဆိုလျှင် ခုန်ဖူဇီ(Koung Fu Zi)ဟုအနီးစပ်ဆုံး အသံဖလှယ်နိုင်သည်။ ခုန်/ကွန် မှာမျိုးရိုးနာမည် ဖြစ်ပြီး၊ ဖူ/ဖြူး နှင့် ဇီ/ရှပ် မှာ အသက်အရွယ်ကြီးရင့်သူ၊ ပညာကြွယ်ဝသူကို လေးစားသမှုဖြင့် ခေါ်ဝေါ်သည့် အသုံးအနှုံးဖြစ်သည်။ထို့ကြောင့် ခုန်ပညာရှိလူကြီးမင်း ဟုအဓိပ္ပါယ်ရသည်။

ကွန်ဖြူးရှပ်ကို အတွေးအခေါ်ပညာရှင်သာမက ဘာသာရေးရှေ့ဆောင်အဖြစ်လည်း သတ်မှတ်ကြသည်။ ကိုးရီးယားကျွန်းဆွယ်တွင် ဘာသာရေးအသွင်ဖြင့် ကိုးကွယ်သေးသည်။ တရုတ်လူမျိုးတို့အတွက်မူ ဘ၀လမ်းပြဒဿန ဆရာကြီးအဖြစ် ကြည်ညိုပြီး ၄င်း၏လမ်းစဉ်များကို လိုက်နာကြပါသည်။

ကွန်ဖြူးရှပ်၏ အတွေးအခေါ်တို့မှာ အသစ်အဆန်း များများစားစား ပါလှသည်မဟုတ်ပေ။ အဟောင်းကိုသာ ကောင်းအောင်ပြင်ပြီး လူတို့မမေ့အပ်ကြောင်းကို အဓိကထားပြီး ဆိုဆုံးမခြင်းသာ ဖြစ်သည်။ သို့သော် ထိုဆုံးမစာများမှာ အစိုးရအုပ်ချုပ်ရေးကို ပဲ့ကိုင်သည့် လမ်းညွှန်ပြဌာန်းချက်လည်း ဖြစ်လာသည်။ တရုတ်နိုင်ငံမင်းဆက် အဆက်ဆက်၊ ခေတ်အဆက်ဆက်တွင် သုံးနှစ်တစ်ကြိမ်ကျ ဘုရင်က ကြီးမှုးကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ဘုရင့်စာမေးပွဲ တွင် ဖြေဆိုရန် ပြဌာန်းထားသည့် ကျမ်းမှာ ထိုကွန်ဖြူးရှပ်၏ ၄အုပ်၊၅ကျမ်း ခေါ်သည့် (စာအုပ်အားဖြင့် ၄အုပ်၊ ကျမ်းစာအားဖြင့် ၅ ကျမ်း) သာဖြစ်သဖြင့် တရုတ်တို့ အတွက် မရှိမဖြစ် ကျင့်ဝတ်ကျမ်း၊ အုပ်ချုပ်မှုရေးရာ စံကျမ်း၊လူမှုရေးကျမ်း များလည်းဖြစ်တော့သည်။ သမိုင်းတွင် ကွန်ဖြူးရှပ်ဝါဒီနှင့် ကွန်ဖြူးရှပ်ဂိုဏ်းသားများသည် တရုတ်နိုင်ငံကို ပထမဆုံးစုစည်း အုပ်ချုပ်သည့် ချင်မင်းဆက်(Ch'in)လက်ထက် ပထမဆုံးဧကရာဇ်ဘွဲ့ခံရှီဟွမ်တ(ီချင်ရှိဟွမ်)shin Huang Ti)လက်ထက် ဘီစီ-၂၂၁ခုတွင် ပြင်းထန်စွာနှိပ်ကွပ်မှုကို ခံခဲ့ရသည်။ ၄င်း၏ကျမ်းစာများကို အဆိပ်အတောက်ဟု သတ်မှတ်ပြီး မီးပုံရှို့ရန် အမိန့်ပေးသည်သာမက ကျမ်းဆောင် အကျော်အမော်တို့ကိုပါ မြေမြုပ်သတ်ဖြတ်သဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ကပ်ဘေးသင့်သည့် ကာလဟုဆိုနိုင်သည်။ သို့သော် ချင်မင်းဆက် အချိန်တိုအတွင်းပျက်သုဉ်းပြီး နောက်တက်သည့် ဟန်(Han)မင်းဆက် လက်ထက်တွင် အကြီးအကျယ်မြှောက်စားသဖြင့် ကွန်ဖြူးရှပ်ဝါဒီ တို့ပြန်လည် ခေါင်းမော့နိုင်တော့သည်။နောက်တစ်ကြိမ်အနေဖြင့် မော်စီတုန်းဦးဆောင်မှုဖြင့် တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုတော်လှန်ရေး ကြီးဆင်နွှဲစဉ်တွင်လည်း တစ်ကြိမ် ပြန်လည်နှိပ်ကွပ်ခြင်း ခံခဲ့ရပြန်သည်။ ကွန်ဖြူးရှပ်အထိမ်းအမှတ် ရုပ်တုများကို ဖျက်ဆီးပစ်ခဲ့သည်။သို့သော်လည်း သမိုင်းတစ်လျှောက် အခိုင်အမာနေရာယူပြီး ဖြစ်သည့် ကွန်ဖြူးရှပ်ဝါဒမှာ ပျက်စီးခြင်းသို့ မကျရောက်တော့ပေ။အထက်ပါ နှစ်ကြိမ်မှလွဲလျှင် တရုတ်ပြည်ကို အုပ်ချုပ်သည့် ကျန်မင်းဆက်များအားလုံးနီးပါးက ကွန်ဖြူးရှပ်ဒဿနကို နိုင်ငံတော် ဒဿနသဖွယ် လိုက်နာပြီး၊၄င်း၏ လမ်းညွှန်ဆုံးမမှုတို့ကို ထိန်းသိမ်းလိုက်နာပြီး အုပ်ချုပ်ရေးကို ဖေါ်ဆောင်သဖြင့် တရုတ်ပြည်သူတို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အကောင်းဆုံးဟု ဆိုနိုင်သည့် အုပ်ချုပ်မှုစံနှုံးဖြင့်အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုနိုင်ပေသည်..။

gmail. နောက်ခံမှာ ကိုယ်စာတ်ပုံလေးကို ထည့်ချင်သူများ....

http://www.freeimagehosting.net/newuploads/cf323.jpg
1...ညာဘက် အပေါ် ထောင့်က settings ကို ကလစ်ပါ...



2...Themes ကို ကလစ်ပါ...


http://www.freeimagehosting.net/newuploads/7bb65.jpg
3...ပြီးရင် အပေါ်က ပုံလို အောက် ဆုံးနား ညာဖက် က create your own theme ကို ကလစ်ပါ..


http://www.freeimagehosting.net/newuploads/d1588.jpg
4...ပြီးရင် ပေးလာတဲ့ ၀င်းဒိုးရဲ့ ညာဘက်ဒေါင့် ( အပေါး်က ပုံလို ) က Text Link မှာ ကလစ် လုပ်ရင် မိမိစိတ်ကြိုက် ကာလာ ရွေးစရာ
နေရာ ကို တွေ့ ရပါမယ်...


http://www.freeimagehosting.net/newuploads/13dd0.jpg
5...ပြီးရင် အပေါ်ကပုံလို Aling ကတော့ Left / Right ကြိုက်တာရွေးပါ...
နောက် Tiling ကတော့ Both ရွေး ရင် ပုံ ကဘေး ဘယ် ညာ ပေါ်မယ်...

http://www.freeimagehosting.net/newuploads/7db68.jpg
6...ပြိးရင် ပုံတင်ဖို့ Select ကို ကလစ်လုပ် ပုံရွေး ..ပြီးရင် အောက်နားက

http://www.freeimagehosting.net/newuploads/f0905.jpg
7...Upload ပေါ့

8...ပြီးရင် body ၇ယ် Sidebar ရယ် Header ၇ယ် Footer တို့ မှာ Background color , Link color , Text color တို့ ကို
အသေးစိတ်ရွေး...လှအောင်ရွေး...

ငြိမ်းချမ်းရေး ရင်ခွင် (၂၈)


အသုံးမကျတဲ့ သိကြား

မပြောနိုင်ဘူး ဒီလို ဘုရား တရားသံဃာတို့အပေါ် ကဲရဲ့ ရှုတ်ချတဲ့စကားကို ကျုပ်အသက်သေ

တောင်မပြောဘူး ၊ချမ်းသာဖို့လေးလောက်နဲ့တော့လာမလုပ်နဲ့ပေါ့ ၊ဒီနေရာမှာ မိမိတို့ ခဏဝင်

ပြီး ခံစားကြည့်ပါ ၊ဘာမှလုပ်စရာမလိုဘဲ ဥစ္စာလည်းရမယ် ရောဂါလည်းကောင်းမယ်၊ဘုရား

သည် ဘုရားမဟုတ် တရားသည် တရားမဟုတ် သံဃာသည် သံဃာမဟုတ်လို့ ပြောလိုက်

ရုံလေးနဲ့ ဘာမှမဖြစ်ပါဘူး ၊တကယ်ပြောချင်တာမှမဟုတ်ဘဲ ၊ချမ်းသာဖို့အတွက်ပြောတာဆိုပြီး

ကိုယ့်ဖက်က ထီးကာ ဖာကာနှင့် လုပ်ချင်လုပ်ကြမှာ ။

သောတာပန်တွေကတော့ သေတောင်မလုပ်တော့ဘူး ဒါကို“အဝဇ္ဇပသာဒ”လို့ခေါ်ပါတယ် -

ဘယ်လိုနည်းနှင့်မှ မပျက်ဆီးနိုင်သော ယုံကြည်မှုပါ ၊ဤသို့ ယုံကြည်မှုမျိုးကိုပေးစွမ်းနိုင်တဲ့

သဒ္ဒါတရားကိုပိုင်ဆိုင်မှ အပယ်တံခါးပိတ်တာပါ ၊ယောင်ဝါးဝါးနဲ့တော့ မပိတ်ပါဘူး၊သဒ္ဒါတရား

ဟာ၊“ပသာဒသဒ္ဒ-သြကပနသဒ္ဒ-အဓိကမသဒ္ဒ-အာဂမသဒ္ဒါ”ဆိုပြီး(၄)မျိုးရှိပါတယ်၊ပသာဒသဒ္ဒါ

ဆိုတာ အမည်ခံရုံလေးဖြစ်တဲ့ သဒ္ဒါတရားပါ ၊အမေအဖေတို့က သာသနာကိုကိုးကွယ်လို့ ငါ

လည်းကိုးကွယ်တယ်ဆိုတာမျိုးပေါ့ ၊သြကပန သဒ္ဒါကတော့ သာသနာကို ကိုးကွယ်နေကြတဲ့

လူတိုင်းတို့ သဏ္ဍန်မှာ အများဆုံဖြစ်တတ်တဲ့ သဒ္ဒါတရားပါ ရှိခိုးမယ် ဦးချမယ် လှူစရာရှိရင် လှူမယ် ၊ကိုယ်နှင့်တည့်ရင် ကြည်ညိုမယ် မတည့်ရင် အတင်းပြောမယ် ၊အပြောင်းလဲ မြန်တဲ့

သဒ္ဒါတရားပါ ၊ပုထုဇဉ်တို့ပိုင်ဆိုင်တဲ့ သဒ္ဒါတရားပေါ့ ၊ဒီခေတ်က ကိုယ်နှင့်အဆင်မပြေရင် ရဟန်းသံဃာတွေကစ သိပ်ရှောင်တဲ့ခေတ်မဟုတ်ဘူး ၊ပြောချင်ရာပြော လုပ်ချင်ရာလုပ်တဲ့

ခေတ် ။

အဓိကမသဒ္ဒါကတော့ ခုနပြောခဲ့တဲ့ သောတာပန်များရင်ထဲမှာမှ ဖြစ်တတ်တဲ့တရားပါ ၊ဘယ်

လိုပင်ဖြစ်ဖြစ် မပျက်တော့ဘူး ၊မိုးကြိုးပစ်ချင်ပစ် ၊လက်နက်ကြီးတွေနှင့် ဖြိုချင်ဖြို မပျက်ဘူး

မတုန်လှုပ် မရှောက်ရှားတဲ့ သဒ္ဒါ ၊အာဂမသဒ္ဒါကတော့ ဘုရားလောင်းမျာ သဏ္ဍန်မှာ ဖြစ်တဲ့

သဒ္ဒါတရားပါ ၊ဘုရားမဖြစ်မချင်း ဘဝဆက်ဆက် ကမ္ဘာဆက်ဆက် လျှော့မသွားဘဲ တိုးတိုးဖြစ်

လာတဲ့ သဒ္ဒါတရားပါ ၊သောသော် လက်ရှိ မိမိတို့ ရနိုင်တဲ့ သဒ္ဒါတရား(၃)ပါးထဲက အဓိဂမသဒ္ဒါ

ကိုရယူနိုင်လိုက်ပြီဆိုရင် ။

ဘဝက သိသိသာသာ ငြိမ်းချမ်းသွားပါပြီ ၊ဒါကြောင့် သုဘ ကပြန်မေးလိုက်ပါတယ် ခုကျွနှုပ်ကို

လာပြောနေတဲ့ သင်က ဘယ်သူလဲ ဘယ်ကလဲ ဘာကြောင်း ဘုရား တရား သံဃာများကိုစော်

ကားခိုင်းရတာလဲ ဆိုတော့မှ အကျွနှ်ုပ်က“သိကြားမင်း”ပါ သင်ရထားလိုက်တဲ့ သဒ္ဒါတရား ခိုင်

မာမှုရှိ မရှိစမ်းကြည့်တာပါ ၊အင်မယ်လေး အသုံးမကျလိုက်တဲ့ သိကြား နောက်ဘယ်တော့မှ လာမပြောနဲ့ အသက်သေချင် သေသွားပါစေ ငါ့ သဒ္ဒါတရားကို လုံးဝအဖျက်ဆိးမခံဘူး လို့ သိ

ကြားကိုပြန်ပြီး ပြောဆိုလိုက်ပါတယ်၊မိမိတို့လည်း ဒီလို သဒ္ဒါမျိုးကို ပိုင်ဆိုင်အောင် ကြိုးစားကြ

ပါ ၊---------------ငြိမ်းချမ်းရေးရင်ခွင် ---(၂၉)--သို့---

ချစ်ခြင်းမေတ္တာ "Copy--- Paste"


အိမ်ရောက်တာနဲ့ "ထမင်းဆာလိုက်တာ... ထမင်းမကျက်သေးဘူးလား" လို့ အော်တတ်တဲ့သူဟာ သားသမီးပါ။ အိမ်ရောက်တာနဲ့ အဝတ်အစားတောင်မလဲဘဲ မီးဖိုချောင်ထဲဝင် ထမင်းဟင်းချက်ပြုပ်တာ အမေပါ။

"ထမင်းက ပူလိုက်တာ၊ ဟင်းက ငန်လိုက်တာ" လို့ ညည်းတွားတတ်သူဟာ သားသမီးပါ။
အသီးအရွက်လေးပဲဖြစ်ဖြစ် ရှိတာလေးနဲ့ အရသာရှိရှိ ကြိုးစားချက်ပြုပ်တာ အမေပါ။

အမြဲတမ်း ပိုက်ဆုံလိုပြီလို့ လက်ဖြန့်တောင်း၊ မပေးပြန်တော့လည်း စိတ်တိုစိတ်ကောက်တတ်သူဟာ သားသမီးပါ။ ချွေတာမျှသုံး ဘာမဆို အသေးစိတ်တွက်ချက်လို့ သားသမီးပညာရေးအတွက်ဆိုရင် တွန့်တိုနှမြောခြင်းမရှိတာ အမေပါ။

မနက်အိပ်ရာထရမှာပျင်းတဲ့အပြင် ဟိုဟာဒီဟာ ညည်းတွားကျီး(ချေး)များတတ်တာ သားသမီးပါ။ ညဥ့်နက်မှအိပ်ရာဝင် မိုးလင်းရင်စောစောထလို့ မနက်စာပြင်ဆင်တာ အမေပါ။

အိမ်စာများတယ်၊ ကျောင်းသွားရတာ မောတယ်လို့ ညည်းတွားတတ်တာ သားသမီးပါ။ အဝတ်လျှော်၊ ထမင်းချက် တစ်နေကုန် အလုပ်ပင်ပင်ပန်းပန်းလုပ်တာတောင် မညည်းတွားတဲ့အပြင် ညအခါ သားသမီးနဲ့အတူ စာကျက်ဖော်လုပ်တာ အမေပါ။

တခြားလူချမ်းသာတာကို အားကျပြီး ကိုယ့်အိမ်ဆင်းရဲကြောင်းကို အပြစ်ဆိုတတ်တာ သားသမီးပါ။ အလုပ်မရှိရင် အငြိမ်မနေတတ် မနက်မိုးလင်းက မိုးချုပ်အထိအလုပ်လုပ် ငွေရှာတာ အမေပါ။

ကိုယ့်မိသားစုမွေးနေ့ကို မမှတ်မိ၊ ကိုယ့်သူငယ်ချင်းမွေးနေ့ရောက်ရင် မနက်စောစော လက်ဖြန့်ငွေတောင်း လက်ဆောင်ဝယ်ပေးတတ်တာ သားသမီးပါ။ ကိုယ့်မွေးနေ့ကိုမေ့ပြီး မိသားစု၊ သားသမီးတွေရဲ့မွေးနေ့ကို လက်ဆောင်တွေနဲ့ ပြင်ဆင်ပေးတတ်တာ အမေပါ။

အပြင်မှာ စိတ်ညစ်တာကြုံခဲ့ရင် အိမ်မှာမပြတ်ညည်းတွားပြပြီး ကိုယ်ချင်းစာစိတ်၊ နှစ်သိမ့်စိတ်ကို တောင်းဆိုတတ်တာ သားသမီးပါ။ အပြင်မှာ ဘယ်လောက်ပဲ စိတ်ညစ်တာကြုံခဲ့ကြုံခဲ့ အိမ်ပြန်ရောက်ရင် အတတ်နိုင်ဆုံးပြုံးရွှင်နေတတ်တာ အမေပါ။

စိတ်ညစ်၊ စိတ်တိုရင်ပေါက်ကွဲ၊ စိတ်ရှုပ်ရင်ညည်းတွားလို့ အိမ်ကို ခံစားချက်တွေပေါက်ကွဲရာနေရာလို့ သတ်မှတ်တတ်တာ သားသမီးပါ။ စိတ်ညစ်၊ စိတ်ရှုပ်တာတွေကို ရင်မှာမြိုသိမ့် ကိုယ့်ရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေ မိသားစုကို ကူးစက်သွားမှာစိုးတာ အမေပါ။

ကျောင်းတစ်ဘက်၊ အလုပ်တစ်ဘက်နဲ့ မအားဘူးလို့အကြောင်းပြ အိမ်ကိုဖုန်းအဆက်နည်းတာ သားသမီးပါ။ ဖုန်းထဲမှာ နေကောင်းလား! စားဝလား! လို့စိတ်ပူ သားသမီးတွေကို အမြဲလွမ်းဆွတ်စိတ်ပူတတ်တာ အမေပါ။

အိမ်ကစုဆောင်းထားတာတွေ ခဏ"ချေးငှား"ပြီး အိမ်ကြီးအိမ်ကောင်းနဲ့ သက်တောင့်သက်သာနေတာ သားသမီးပါ။ တစ်သက်လုံး ပင်ပင်ပန်းပန်းအလုပ်လုပ် အခုချိန်ထိ အိမ်အိုအိမ်ဟောင်းလေးနဲ့နေတာ အမေပါ။

အားလပ်ရက်တွေကို သူငယ်ချင်းတွေနဲ့ပျော်ပါး အိမ်ပြန်ဖို့မေ့နေတတ်တာ သားသမီးပါ။ သားသမီးတွေကို ခဏလေးပဲမြင်ရမြင်ရ မြင်ရတဲ့တခဏမှာ စိတ်ပျော်ရွှင်ချမ်းမြေ့နေတတ်တာ အမေပါ။

မိန်းမရ၊ ယောက်ျားရရင် မိဘကိုမေ့တတ်တာ သားသမီးပါ။
သားသမီးအတွက် တစ်သက်စိတ်ပူရုံမက မြေးတွေကိုပါ စိတ်ပူထိန်းကျောင်းပေးတတ်တာ အမေပါ။

ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ဖျားမှာချိတ်ဆွဲ၊ လက်တွေ့မှာ လှုပ်ရှားမှုမပြတတ်တာ သားသမီးပါ။ ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ထဲက လုံးဝထုတ်မပြောလည်း သားသမီးအပေါ် အချစ်တွေအမြဲကျဲဖြန့်တတ်တာ အမေပါ။


ချစ်ခြင်းမေတ္တာက အဲဒီလိုနည်းနည်းလေးတော့ အမြဲလွဲနေခဲ့ပါတယ်။ ဒါဟာ မိဘနဲ့သားသမီးကြားက ခြားနားချက်လေးပါ။ သားသမီးတွေ တဖြေးဖြေးကြီးပြင်းပြီး မိဘနေရာကို ရောက်လာချိန်ကျမှ ချစ်ခြင်းမေတ္တာရဲ့ တကယ့်အဓိပ္ပာယ်ကို နားလည်ကောင်း နားလည်လာပါလိမ့်မယ်။ ပြီးတော့ အဲဒီချစ်ခြင်းမေတ္တာတွေကို ဘဝရဲ့အမှတ်တရအဖြစ် သိုလှောင်လာပါလိမ့်မယ်။ အခုအချိန်မှာ ကျွန်မတို့က အဲဒီချစ်ခြင်းမေတ္တာကို " Copy----- Paste" အကြိမ်ကြိမ်လုပ်ဖို့ပဲ ပိုလိုအပ်နေပါတယ်။ ဒါမှ မိဘတွေကို ပျော်ရွှင်ချမ်းမြေ့စေမယ့် ခံစားမှုတွေကို ကျွန်မတို့ပေးနိုင်ပါလိမ့်မယ်။

***** "အမေ"ဆိုတဲ့နေရာမှာ "မိဘ" လို့ ဖြည့်ဖတ်နိုင်ပါတယ်။