วันอาทิตย์ที่ 11 กันยายน พ.ศ. 2554

သတင်းကောင်း



နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် အဆိုကို တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ထောက်ခံကြပြီး လွတ်ငြိမ်းမိန့်အတွက် သမ္မတကြီးထံ ပြည်ထဲရေးဝန်ကြီးမှ အဆိုတင်သွင်း

နေပြည်တော် ၊ သြဂုတ် ၂၅

နိုင်ငံရေးအကျဉ်းသားမရှိဟု အစိုးရမှ ငြင်းဆိုနေခြင်းကြောင့် "နိုင်ငံရေး အကျဉ်းသား" ဟူသည့် အသုံးအနှုန်းကို ရှောင်ကာ "ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ" စကားရပ်ဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို သြဂုတ်လ ၂၅ရက်နေ့က လွှတ်တော်တွင် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က တင်သွင်းလိုက်ကြောင်း၊ ယင်းအဆိုကို ပြည်သူ့လွှတ်တော်ရှိ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ထောက်ခံလိုက်ကြောင်း သတင်းရရှိသည်။

ဆက်လက်၍ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့် ဆက်လက် ထုတ်ပြန် ပေးရန်အတွက် ပြည်သူ့လွှတ်တော် ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးကိုကိုမှတဆင့် နိုင်ငံတော်သမ္မတကြီးထံ အဆိုပြုလိုက်ကြောင်း ပြည်သူ့လွှတ်တော်သတင်းရပ်ကွက်မှ တစ်ဆင့် ကြားသိရသည်။

နိုင်ငံရေး အကျဉ်းသားများလွတ်မြောက် စေရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို ဒီမိုကရေစီပါတီ ၁၁ ပါတီဖြင့် ဖွဲ့စည်းထားသည့် ဒီမိုမိတ်ဆွေပါတီများ အစုအဖွဲ့မှ ၁၃ ဦး၊ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီမှ ၂ ဦးက ဆွေးနွေးထောက်ခံခဲ့ပြီး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှ
်ဦးက ထပ်မံ ထောက်ခံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအဆိုကို ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ၂ ဦးက နိုင်ငံရေးအကျဉ်းသားများ ကိစ္စရပ်ကို တည်ဆဲဥပဒေများဖြင့် ထောက်ပြပြောဆိုမှုများ ပြုလုပ်ကာ ထောက်ခံခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးက မိမိတို့နှင့် တိုက်ပွဲများတွင် လက်တွဲခဲ့ကြသည့် ရဲဘော်များလည်း အကျဉ်းထောင်အတွင်းရှိနေကြောင်း မိမိတို့အနေဖြင့် ယင်းရဲဘော်ရဲဘက်များကိုပါ အကျဉ်းကျနေရာမှ လွတ်စေလိုကြောင်း တခဲနက် ထောက်ခံဆွေးနွေးခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို တပ်မတော်က ထောက်ခံသည့် ကိုယ်စားလှယ်များမှာ ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားချက်ဖြင့် ပြည်သူ့လွှတ်တော် တက်ရောက်နေသည့် တပ်မတော်သား ကိုယ်စားလှယ်များတွင် အဆင့်အမြင့်ဆုံးဖြစ်သည့် ဗိုလ်မှူးကြီးတစ်ဦးနှင့် ဒု-ဗိုလ်မှူးကြီးတစ်ဦးဖြစ်ကြောင်း သိရသည်။

၅၀၀၀၀၀တန် ဖုန်းပိုင်၇ှင်များ သတိထား


ဖုန်း အမည်က LG 200-E လေးပါ။သူလေးက အနေစုပ်ပေမဲ့ ရွှေထုတ်တဲ့ မြပုဝါ လို့ ပြောရမလိုဘဲ။ သိပ်စွမ်းဆောင်ရေကောင်းပါတယ်။ခုမြန်မာပြည်မှာ၅၀၀၀၀၀တန် ဖုန်းတွေ ၀ယ်သုံးကြတယ်။တချို့ တလေ ငြီးကြတယ်။ငါလည်း သိပ်မပြောဘဲနဲ့ ဖုန်းဘေတွေ သိပ်တက်တယ် ဆိုတာလေ။ဟဲဟဲ ကျွန်တော် သိတာလေး ဖောက်သည် ပြန်ချတာနော်။ဒီဖုန်းက Sim card မပါဘဲ ဖုန်းခေါ်လို့၇တယ် လို့ပြောရင် ယုံကြပါ့မလား။ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး။ကျွန်တော်လည်းမယုံပါဘူး။ဒါပေမဲ့ လက်တွေ့ တွေ့ ခဲ့တာလေ ပြန်ဖောက်သည် ချလိုက်ပါရစေ။
ကျွန်တော့်ရဲ့သူငယ်ချင်းက
ဒီဖုန်းထဲ မှာ ၅ သိန်းတန် sim card ကိုထည့်ထား လိုက်တယ်။ပြီးတော့ bar code ရိုက်ထည့် လိုက်တယ်။ ဖုန်းက sim card ကို ဖတ်ပြီး ဖုန်းထဲမှာ Store လုပ်ထားတယ်။ပြီးရင် ဖုန်းကို battery power ပေးလိုက်တယ်။ပြီးတော့ sim card ဖြုတ်လိုက်တယ်။ဒါဆို၇င် သာမာန် ဖုန်းအားဖြင့် sim card မရှိတော့၇င် လိုင်းမရှိတော့ဘူးပေါ့။ဟဲဟဲ ဒီဖုန်းက simcard မရှိတော့ပေမဲ့ လိုင်းရှိတယ်။ခုဏ ဖုန်းထဲ store လုပ်ထား တာတွေလေ။ဒါပေမဲ့ အဲဖုန်းက battery ကုန်လို့မ ရဘူးဗျ။battery ကုန်တာနဲ့ မှတ်ထားတာတွေ gone ရောဗျ။ကဲ
ကြိုက်တဲ့ နေရာကိုခေါ်ပေတော့။အ၀င် ရောအ ထွက်ရော သုံးလို့ရတယ်။ဒီနည်းနဲ့ sim card တစ်ခုတည်းကို ဖုန်းတွေ ပွားပြီး simcard ကိုရောင်းစားလိုက် တယ်။ဝယ် လိုက်တဲ့ သူက မောင်ဖြူ ဆိုပါတော့
ကျွန်တော်က simcard ကိုပွားထားတဲ့ သူဆိုပါတော့။လူတစ်ယောက်က မောင်ဖြူ့ ဆီ ဖုန်းခေါ် လိုက်၇င် ကျွန်တော် ပွားထားတဲ့ ဖုန်းမှာလည်း ring လာမြည်တယ်။ကျွန်တော် Ans လုပ်လိုက်တယ်။မောင်ဖြူ မသိပါ။ခေါ်တဲ့ လူနဲ့ မောင်ဖြူပြောနေကြ ရာမှာ ခေါ်တဲ့ သူပြောတာကို ကျွန်တော်ကြားရတယ်။ကျွန်တော်လည်းဝင်ပြောလို့ ရတယ်။ ကျွန်တော်ပြောတာကို တော့ခေါ်တဲ့ သူကြားရပြီး မောင်ဖြူ မကြားရဘူးဗျ။ပြီးတော့ ကျွန်တော် အပြင်ကို ခေါ်သမျှ မောင်ဖြူမသိပါ။ဟဲဟဲ ဖုန်းဘေ ကတော့ မောင်ဖြူဆီသွားတာပေါ့။
တော်တော် တော်တဲ့ သူတွေပါ။ကျွန်တော်တောင် တော်တော် လက်ဖျားခါသွားတယ်။အဲဒါနဲ့ barcode လေးသူငယ်ချင်း ဆီကပ်တောင်းတာ မပေးဘူးဗျ။နောက်မှ ယူတဲ့ဗျ။
အဲတော့ ဘော်ဒါတို့ ဖုန်းတွေ ဘေတွေသိပ်တက်နေရင် မြန်မာ့ ဆက်သွယ်ရေးဆီ သွားပြီး နာမည် တစ်ခါတည်းတာပြောင်းလိုက်တော့ဗျာ
ပြောင်းခကတော့ ၁၅၀၀၀၀ လောက် ပေးရမယ်တဲ့။

နောက်၁ခုက lg st ဆိုတဲ.ဖုန်းလေးကလဲ ခုပေါ်နေပြီလေ..၁မိနစ်လောက် သူများစီက sim cart ၇လိုကတော. ဖုန်ပွါးပြီးသာပဲ ။ ခု၇န်ကုန်က ဖုန်းဆိုင်တော်တော်များများတွေမှာေ၇ာင်းနေကြပါတယ်။၃၁.၈ လပိုင်း မြန်မာသတင်းစာမှာလည်ေ၇းသားထားပါတယ်။

သူငယ်ချင်းတို.၇ဲ ဖုန်းတွေအပွါးမခံ၇အောင် မိမိဖုန်း သို.မဟုတ် sim cart ကို သူတစ်ပါကိုမငှါးမိစေနဲနော်....

မဟုတ်၇င် ၁၅၀၀၀၀လောက် ကုန်ဖို.သာပြင်ထား....

သူငယ်ချင်းအားလုံး ဖုန်းအပွါးခံ၇ချင်းမှ ကင်ဝေးနိုင်ပါစေ....

အကုသိုလ်ကို အမျှပေးဝေလို့ ရပါသလား..


(ဦးဇင်းမိုးသုဘုရား ကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့ သေသောသူအားရည်စူး၍ အမျှပေးကြပါတယ်။ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီရင် သေသောသူက အမျှရပြီးတော့ ကောင်းကျိုးချမ်းသာကို ခံစားရတယ်လို့ မှတ်သားရပါတယ်။ တပည့်တော် တစ်ခုတွေးမိတာ ရှိပါတယ်။ အကုသိုလ်ကိုကော ကုသိုလ်လို အမျှပေးလို့ ရပါသလားဘုရား။ တပည့်တော်ရဲ့ သံသယကို ရှင်းလင်းပေးပါဘုရား)

ဒီမေးခွန်းကို အရင်က မိလိန္ဒမင်းကြီးက အရှင်နာဂသေနကို မေးခဲ့ဘူးပါတယ်။ အရှင်နာဂသေနကလဲ အဖြေပေးခဲ့ပါတယ်။ မိလိန္ဒာပဥှာပါဠိတော် ပုဗ္ဗပေတာသဒိသပဥှာမှာ ဖတ်ရှု့နိုင်ပါတယ်။

ဦးဇင်းအစက အရှင်နာဂသေနရဲ့ အဖြေအတိုင်းပဲ ဖြေပေးလိုက်ရင် ကောင်းမလားလို့ စဉ်းစားပါသေးတယ်။ သေချာတွေးကြည့်တော့ အရှင်နာဂသေနရဲ့ အဖြေက ကျယ်ဝန်းများပြား ရှည်လျားလွန်းနေတယ်။ အင်မတန်လဲ နက်နဲလွန်းလှတယ်။ ပညာရှင်နှစ်ယောက်ရဲ့ အမေးအဖြေမို့ ဘာသာရေးလိုက်စားခါစ လူတွေအတွက် နားလည်နိုင်ဖို့ ခက်ခဲတယ်။ စာရိုက်ရမှာလဲ မသက်သာပါဘူး။ ဒါကြောင့် ကိုယ်ပိုင်ဟန်လေးနဲ့ပဲ ဖြေပေးလိုက်ပါတယ်။

ဦးဇင်းအဖြေကို သဘောမကျ မနှစ်သက်ဘူးဆိုရင်တော့ မိလိန္ဒပဥှာပါဠိတော် ပုဗ္ဗေပေတာသဒိသပဥှာမှာပဲ ထပ်ပြီး ဖတ်ကြည့်လိုက်လို့ တိုက်တွန်းပါတယ်။

အိတ်တစ်လုံးထဲကို ရွှေငွေတွေထည့်ပြီး လူတွေကို လိုက်ပေးရင်တော့ ယူကြမှာပဲ။ ဒါပေမယ့် အိတ်တစ်လုံးထဲကို ပုပ်သိုးနံစော်နေတဲ့ မစင်တွေ အပြည့်ထည့်ပြီး လိုက်ပေးရင်တော့ ဘယ်သူကများ ယူမှာတဲ့လဲ။

အမျှဝေတယ်ဆိုတာဟာ သေလွန်သွားတဲ့သူ ကံမကောင်း အကြောင်းမလှလို့ ပရဒတ္တူဇီဝိတပြိတ္တာမျိုးမှာ ဖြစ်ခဲ့ရင် ကောင်းသောဘ၀ကို ရောက်ပြီး ချမ်းချမ်းသာသာ နေနိုင်ပါစေတော့လို့ စိတ်ထားကောင်းကလေးနဲ့ ပြုလုပ်ပေးကြတာဖြစ်တယ်။

ဆင်းရဲနေတဲ့သူကို ချမ်းသာလာပေးရင် ယူချင်ပေမယ့် ဆင်းရဲနေသူကို ပိုပြီးဆင်းရဲသွားအောင် ဆင်းရဲတွေ ထပ်ပြီး လာပေးရင် ဘယ်သူကများ ယူမှာတဲ့လဲ။ ပေးလို့ရတာ မရတာနောက်ထားပါ။ ကိုယ့်ကို ပိုပြီး ဆင်းရဲသွားစေမယ့် ဆင်းရဲကို ဘယ်သူက ယူချင်မှာတဲ့လဲ။

အမျှဝေတယ်ဆိုတာ တစ်ဘက်က ယူမှရတာလေ။ ကုသိုလ်ကို အမျှဝေရင်တောင်မှ တစ်ဘက်က ယူမှရတာပါ။ သေသေချာချာ စဉ်းစားကြည့်ချင်ပါတယ်နော်။

ငါဆိုရင်ကော ငါ့ကို သူတစ်ပါးက ဆင်းရဲတွေလာပေးရင် ငါ့မှာရွေးချယ်ပိုင်ခွင့်လဲ အပြည့်အ၀ရှိနေရင် ငါယူချင်ပါ့မလားဆိုတာကို အလေးအနက်စဉ်းစားကြည့်လိုက်ပါ။

မိလိန္ဒပဥှာမှာတော့ အရှင်နာဂသေနက အကုသိုလ်ကို အမျှဝေလို့ မရပါဘူးလို့ ဖြေပေးထားပါတယ်။ ဆီကို မီးထွန်းလို့ရပေမယ့် ရေကို မီးထွန်းလို့မရသလို ကုသိုလ်ကို အမျှဝေလို့ရပေမယ့် အကုသိုလ်ကို အမျှဝေလို့ မရပါဘူးတဲ့။ အဲဒီလို ဖြေပေးထားပါတယ်။

မိလိန္ဒပဥှာမှာတော့ မိလိန္ဒမင်းကြီးက ကတ်ကတ်သတ်သတ်မေးပြီး အရှင်နာဂသေနကလဲ ရှင်းရှင်းလင်းလင်းကို ဖြေပေးထားပါတယ်။ ဒီထက်ပိုပြီးတော့ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် သိချင်ရင်တော့ မိလိန္ဒပဥှာမှာပဲ ဖတ်ပါလို့ တိုက်တွန်းပါတယ်။ ဒီမှာတော့ အကြောင်းအကြောင်းကြောင့် ဒီလောက်ပဲ ဖြေပေးနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးနှင့် ကိုယ်တိုင်ရေးဆောင်းပါးများ


စက်တင်ဘာ ၄ ရက် တနင်္ဂနွေနေ့ထုတ် Messenger News Journal မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး ဖော်ပြထားပါတယ်။

ဂျာနယ်ရဲ့ ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာမှာ ” အနှစ် ၂၀ ကျော်အတွင်း မြန်မာပြည် စာနယ်ဇင်းလောကမှာ ဘယ်ဂျာနယ်မှ မဖော်ပြနိုင်သေးတဲ့အင်တာဗျူးတခုကို Messenger က အစောဆုံးဖော်ပြလိုက်နိုင်တာပဲ”လို့ရေးထားပါတယ်။

ဂျာနယ်တိုက်ကို ဆက်သွယ်မေးကြည့်တော့ ဒေါ်စုနဲ့အင်တာဗျူးကို အကြိမ်ပေါင်းများစွာ စိစစ်ရေးတင်ပြခဲ့ရပြီး အခုတကြိမ်မှာ ဖော်ပြခွင့်ရတာပါလို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့ပြီး ကတည်းက သတင်းဂျာနယ်တချိုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး လုပ်ပြီး စိစစ်ရေးတင်ပြခဲ့တာ တခါမှ ဖော်ပြခွင့်မရခဲ့ကြပါဘူး။

အလားတူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးတဲ့ ‘အပမ်းဖြေနားရက်များ’လို့ အမည်ပေးထားတဲ့ ဆောင်းပါးလည်း ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခွင့်ရပြီလို့ အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသက အတည်ပြုပြောပါတယ်။

“ ‘အပမ်းဖြေနားရက်များ’ သားနဲ့ ပုဂံကို ခရီးသွားတဲ့အကြောင်းပေါ့။ ခရီးစဉ်အစက စရေးထားတာ။ မူလရေးထားတဲ့အတိုင်းပဲ ခွင့်ပြုပါတယ်။ ဒေါ်စုဆီက ပေးပို့ထားတာတွေကိုလည်း ထပ်ပြီးတော့ တင်ဦးမှာပါ။”

ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါး ပါဝင်တဲ့ ပြည်သူ့ခေတ်ဂျာနယ်ကတော့ အင်္ဂါနေ့မှာ ထွက်ရှိလာမှာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ သတင်းဆောင်းပါးတွေအပြင် အင်တာဗျူးတွေ ကိုယ်တိုင်ရေး စာမူတွေကိုပါ ဖော်ပြခွင့်ပေးလာတဲ့အပေါ် စာနယ်ဇင်း အသိုင်းအ၀ိုင်းက ကြိုဆိုလိုက်ကြပြီး တသမတ်တည်း ဆက်လက် ဖော်ပြခွင့်ပေးဖို့လည်း မျှော်လင့်နေကြပါတယ်။

(သူငယ်ချင်းတို့ရေ . . . စာနယ်ဇင်းလွတ်လပ်ခွင့် တကယ်ရပြီလား စောင့်ကြည့်ရအောင်နော် . . . )

www.yeyintnge.com ရဲရင့်ငယ် (ကနေဒါ) မှ September 3, 2011 နေ့တွင် ဆောင်းပါးရှင်ရွှေအောင်၏သတင်းအားမျှဝေအပ်ပါသည်။


ပိတ္တာအကြောင်းတစ်စေ့တစ်စောင်း


ဆရာတော် အရှင်ဝိစိတ္တ(မနာပဒါယီ)ရဲ့ပိုစ့်ကောင်းလေးတစ်ခုဖြစ်ပါတယ်။ပြိတ္တာနဲ့ပတ်သတ်ပြီး သိချင်သူများ၊ပြိတ္တာဆိုတာ ဘာကိုခေါ်တာလဲ၊ဘယ်လိုအကုသိုလ်ကံကြောင့် ပြိတ္တာဖြစ်တာရလည်း စသည်ဖြင့်ပေါ့လေ ဝေဝေဆာဆာ တန်ဆာဆင်ထားတဲ့"ပြိတ္တာအကြောင်းတစ်စေ့တစ်စောင်း"ဆိုတဲ့ ပိုစ့်လေးကိုအားလုံးအတွက်မျှဝေလိုက်ပါတယ်။

ပြိတ္တာနဲ့ ပတ်သက်ပြီးတော့ မေးထားတဲ့ အမေးလေးတွေကို ပြန်ဖြေပေးဖို့ အကြွေးတင်နေတာ အတော်ကြာပြီ ဖြစ်ပါတယ်။ ခုတော့ မဖြစ်တော့ဘူးဆိုပြီး အချိန်ယူကာ ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများနဲ့ အလွန်ရင်းနှီးနေပြီးဖြစ်တဲ့ ဒီပြိတ္တာများအကြောင်းကို ပိဋကတ်သုံးပုံ ပေတဝတ္ထုပါဠိတော်မှာ သင်္ဂါယနာတင် မထေရ်များက မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ဝိမာနဝတ္ထု၊ ပေတဝတ္ထုအဖြစ် မှတ်တမ်းတင်ထားတဲ့ ဒီပါဠိတော်မှာ ပေတဆိုတဲ့ စကားနဲ့ ပြိတ္တာတွေအကြောင်းကို ဖွင့်ဆိုရှင်းပြထားပါတယ်။ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတလို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။

စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်လို့ခေါ်တဲ့ အပါယ်သတ္တဝါ လေးပါးထဲမှာပါဝင်တဲ့ လူ့ပြည်လောကအတွင်းမှာပဲ တောခြုံပိပ္ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တာမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ ဆိုပါတယ်။ ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့ သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထောင်း သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလအထိ မကျွတ်မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်း အများအပြား ရှိကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့ အဆင်းနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ ဆိုပါတယ်။

ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုအဋ္ဌကထာ ဓနပါလသေဋ္ဌိ ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ ဖောက်ပြန်တဲ့ဆံအမွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုံးလုံး ထမင်းတစ်လုံး ရေတစ်ပေါက်ကိုမျှ မရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း” စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစား များသလောက် ခံစားရပုံချင်းလည်း မတူညီလှပါဘူး။

သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့်များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်းလည်း မှတ်သားရပါတယ်။ အဲဒီလေးမျိုးက
၁။ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ
၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ
၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ
၎။ အသုရကာယ်လို့ သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ တို့ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။

ဒီပြိတ္တာအမျိုးအစား လေးမျိုးအပြင် လောကပညတ္တိကျမ်း၊ ဆဂတိဒီပနီကျမ်းတွေမှာလည်း ပြိတ္တာအမျိုးမျိုး အကြောင်းကို ဖွင့်ပြထားတာကို တွေရပြန်ပါတယ်။ အဲဒီကျမ်းများအရ ပြိတ္တာအမျိုးအစား (၁၂)မျိုးကို မှတ်သားရပါတယ်။ ဟိမဝန္တာတောင်ဘေးရှိ ဂိဇ္ဈကုဋ်တောင်မှာ ပြိတ္တာအမျိုးမျိုး တည်ရှိနေပြီး အရေအတွက်အားဖြင့် (၁၂)မျိုးအထိ ရှိနေကြောင်း ဖွင့်ပြပါတယ်။ အဲဒီ ပြိတ္တာအမျိုးအစားများက
၁။ အစာရေစာ အလွန်ငတ်မွတ်ကာ ဘယ်သောအခါမှ ထမင်းဘောဇဉ် စတဲ့အစားအစာများကို စားသောက်ရခြင်း မရှိဘဲ သူတပါးတို့ စွန့်ပစ်ထားတဲ့ တံတွေးနှပ်အန်ဖတ်တွေကိုသာ စားသောက်ရတဲ့ ဝန္တာသပြိတ္တာမျိုး
၂။ လူကောင်ပုတ်၊ ခွေးကောင်ပုတ်၊ မြွေကောင်ပုတ်စတဲ့ အကောင်ပုတ်များကို ရတဲ့အခါ စားရပြီး မရတဲ့အခါ မစားရဘဲ ငတ်မွတ်နေရတတ်တဲ့ ကုဏပါသပြိတ္တာမျိုး
၃။ မစင်ကိုသာ စားသုံးရတဲ့ ဂူထခါဒကပြိတ္တာမျိုး
၎။ နေ့ညဉ့်ပတ်လုံး ခံတွင်းမှ မီးလျှံများထွက်ကာ အပူလောင်ခံနေရတဲ့ အဂ္ဂိဇာလမုခပြိတ္တာမျိုး
၅။ ခန္ဓာကို အလွန်ကြီးပြီး ပါးစပ်မှာ အပ်နဖားပေါက်လောက်ပဲရှိကာ အစာရေစာကို ပါးစပ်က မသွင်းနိုင်ဘဲ နှာခေါင်းနားရွက်စတဲ့ အပေါက်တွေက သွင်းနေရပေမယ့် အမြဲမပြတ် စာလောင်မွတ်သိပ်နေရတဲ့ သူစိမုခပြိတ္တာမျိုး
၆။ ရေငတ်မွတ်မှု တဏှာဖြင့် နှိပ်စက်ခံရသည့် တဏှာဋ္ဋိတပြိတ္တာမျိုး (ထိုပြိတ္တာမျိုးသည် တစ်ခါတစ်ရံမျှ သောက်ရေကိုမရဘဲ ရေငတ်လွန်းလှသဖြင့် ရေတွင်းရေကန် ထုံးအိုင်မြစ်ချောင်း သမုဒ္ဒရာ ရှိရာအရပ်သို့ ကပ်ရောက်သွားတဲ့အခါ ထိုရေကန်စသည်တို့သည် ပြည်သွေးကျင်ကြီးကျင်ငယ်အသွင် အထင်ရောက်ကုန်တတ်၏)
၇။ အလွန်ပြင်းထန်စွာ လောင်ကျွမ်းခံနေရတဲ့ မီးလောင်ငုတ်နဲ့တူတဲ့ သုနိဇ္ဈာမကပြိတ္တာမျိုး
၈။ ဓားသွား၊ ငါးမျှားချိတ်ကဲ့သို့သော ခြေသည်းလက်သည်းများနဲ့ မိမိကိုယ်အင်္ဂါတို့ကို ကုတ်ဖဲ့ဖြတ်ကော်ကာ အသားအသွေးတို့ကို စားနေရတဲ့ သတ္ထင်္ဂပြိတ္တာမျိုး
၉။ နေ့ညဉ်ပတ်လုံး လောင်မြိုက်ကာ အခိုးပြိုက်ပြိုက်ထွက်နေသော တောင်ပမာဏလောက် ခန္ဓာကိုယ်ရှိသည့် ပဗ္ဗတင်္ဂပြိတ္တာမျိုး
၁၀။ အလျှံတပြောင်ပြောင် တောက်လောင်သော စပါးကြီးမြွေနှင့်တူသော ကိုယ်ဖြင့် ညဥ့်၌ လှည့်လည်သွားလာကာ နေ့၌ ဒုက္ခအမျိုးမျိုးကို ခံစားရသည့် အဇဂရင်္ဂပြိတ္တာမျိုး
၁၁။ ကုသိုလ်၊ အကုသိုလ်ကံ ရောပြွန်းခဲ့သည့် ကံကြောင့် ရံခါကုသိုလ်အကျိုး အဖြစ်နတ်စည်းစိမ်ကို ခံစားရပြီး ရံခါအကုသိုလ်အကျိုးအဖြစ် ဒုက္ခကို ခံစားရသည့် ဝေမာနိကပြိတ္တာမျိုး
၁၂။ ကံ၏အကျိုးကြောင့် တန်ခိုးကြိးမား၍ ပြိတ္တာအားလုံးတို့ရဲ့ အကြီးအမှုးသဖွယ်ဖြစ်ကာ အလွန်အဆင်းလှ၊ အလွန်စည်းစိမ်ကြီးလှသည်ဟု ထင်ရသော်လည်း ဘောဇဉ်ကိုမစားရ၊ ရံခါထမင်းအဖျော် စသည်ကို ရသော်လည်း သုံးဆောင်ခံစားခွင့်မရ၊ အလွန်ဒုက္ခကြီးလှသည့် မဟိဒ္ဓိကပြိတ္တာမျိုး ဆိုပြီး အမျိုးအစား (၁၂)မျိုးကို ပြဆိုထားတာကို တွေ့ရပြန်ပါတယ်။

ဒါ့အပြင် ပါရာဇိကဏ်ပါဠိတော်၊ သံယုတ်ပါဠိတော်များမှာ ပြိတ္တာအမျိုးမျိုးကို ဖွင့်ဆိုပြထားပြီး အမျိုးအစား (၂၁)မျိုးအထိ ရှိတယ်လို့ ဆိုပါတယ်။ စာပေအဖွင့်တွေအရ ပြိတ္တာအမျိုးအစား အများအပြား ရှိပေမယ့် အကျဉ်းချုပ်ကြည့်တဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့ ပြိတ္တာအမျိုးအစား (၄)မျိုးထဲမှာပဲ အကျုံးဝင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီလေးမျိုးထဲမှာတော့ အဖြစ်အများဆုံးနဲ့ အခွင့်အရေး အရှိဆုံး ပြိတ္တာအမျိုးအစားကတော့ “သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ” ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာမျိုးကတော့ ဘယ်လိုပဲ ဆင်းရဲဒုက္ခကို ခံစားနေရပေမယ့် မိမိအား ရည်စူးလှူဒါန်းပြီး အမျှပေးဝေတဲ့အခါ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်တဲ့အခါ ခံစားနေရတဲ့ ဆင်းရဲဒုက္ခများ ချက်ချင်းကွယ်ပျောက်ပြီး ချမ်းသာအမျိုးမျိုးကို ရရှိခံစားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလိုအကျိုးဆက်မျိုးကို မျှော်ကိုးပြီး မျက်မှောက်ခေတ်မှာ မိမိတို့နဲ့ ပတ်သက်တဲ့ သူတစ်ယောက်ယောက် သေဆုံးသွားတဲ့အခါ အဲဒီသူကို ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ကာ အမျှအတမ်း ပေးဝေကြရခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အဋ္ဌကထာ အဖွင့်များအရ အထူးမှတ်သားသင့်တဲ့ အချက်က သေဆုံးသူဟာ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရတဲ့ ပရဒတ္တူပဇီဝိကပြိတ္တာမျိုးမှာ ဖြစ်ခဲ့ပြီး ကျန်ခဲ့တဲ့သူတွေရဲ့ အလှူကို မျှော်လင့်စောင့်စားနေပေမယ့် ကျန်ခဲ့တဲ့ လှူဒါန်းပြီး အမျှပေးဝေပေးမယ့်သူက မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ်ထံမှာ မြင့်မြတ်တဲ့စိတ်ထားနဲ့ ထက်သန်စွာ ပေးလှူကာ အမျှပေးဝေနိုင်မှသာ မျှော်လင့်စောင့်စားရကျိုးနပ်ကာ မွန်မြတ်တဲ့ စည်းစိမ်မျိုးကို ရရှိခံစားနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပေတဝတ္ထု၊ စူဠသေဋ္ဌိပေတဝတ္ထု အဆိုအရ သေသူကို ရည်စူးပြီး လှူဒါန်းပေမယ့် သီလမရှိတဲ့ ဒုဿီတို့ကို လှူဒါန်းခဲ့တဲ့အတွက် အလှူရဲ့ အကျိုးကို သေသူက မခံစားရကြောင်း သာဓကတစ်ခုအဖြစ် တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထူးခြားတဲ့အချက်တစ်ခုက သေသူကို ရည်စူးပြီး လှူဒါန်းတဲ့ ကုသိုလ်ဟာ သေသူက ပရဒတ္တူပဇီဝိကပြိတ္တာမျိုးမှာ ဖြစ်နေတဲ့အတွက် အလှူရဲ့ အကျိုးကို ရရှိသည်ဖြစ်စေ၊ အခြားပြိတ္တာမျိုး၊ ငရဲ၊ တိရစ္ဆာန်စတဲ့ ဘဝမျိုးမှာ ရောက်ရှိသွားတဲ့အတွက် အလှူရဲ့ အကျိုးကို မရရှိသည်ဖြစ်စေ အလှူရှင် အနေနဲ့ အကျိုးမဲ့ အချည်းနှီးမဖြစ်ဘဲ ကုသိုလ်အကျိုးကို ရရှိတယ်ဆိုတဲ့ အချက်ကတော့ အသေအချာပဲ ဖြစ်ကြောင်း ဇာဏုေဿာဏိသုတ်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် မိန့်တော်မူထားချက် ရှိပါတယ်။

ဒါကြောင့် ပြိတ္တာများနဲ့ ပတ်သက်ပြီး တစ်စေ့တစ်စောင်း တင်ပြခဲ့တဲ့ ဒီစာစုမှာ နောက်ဆုံးကောက်ချက်ချ မှတ်သားသင့်တဲ့အချက်က အစွဲတစ်ခုခု၊ ဝန်တိုမှုတစ်ခုခု၊ သူတပါးရဲ့ ကုသိုလ်ကောင်းမှုကို ဖျက်စီးမှု တစ်ခုခုကို ပြုလုပ်တဲ့သူတွေဟာ ပြိတ္တာဘဝကို ရောက်ရတတ်ပြီး အဲဒီပြိတ္တာဘဝမှာလည်း သာဓုခေါ်နိုင်တဲ့ ပြိတ္တာရှိသလို မခေါ်နိုင်တဲ့ ပြိတ္တာမျိုးလည်း ရှိတတ်တဲ့အတွက် အသေချာဆုံးက ရခဲတဲ့လူ့ဘဝကို ရရှိနေပြီးမှ ပြိတ္တာဘဝ၊ ငရဲတိရိစ္ဆာန်ဘဝ စတဲ့အောက်အောက်ဘဝတွေကို ရောက်မသွားရအောင် ကြိုးစားပြီး သုဂတိဘဝကို ရရှိအောင် အားထုတ်ခြင်းကသာ အသေချာဆုံး ဖြစ်တဲ့အတွက် ပြိတ္တာဘဝရဲ့ ကြောက်စရာကောင်းပုံကို သံဝေဂယူကာ ကုသိုလ်ကောင်းမှုများကို များများလုပ်ကာ သုဂတိဘဝကိုသာ အရောက်သွားကြဖို့ပဲ ဖြစ်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။(အရှင်ဝိစိတ္တ-မနာပဒါယီ)ဆိုဒ်မှ ကူးယူဖော်ပြလိုက်ပါတယ်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါကြပါစေ။ငရဲ၊တိရိစ္ဆာန်၊ပြိတ္တာ၊အသုရကာယ်ဆိုတဲ့ အပါယ်လေးပါးရောက်စေနိုင်သော အကုသိုလ် ကံများကို အသက်ထက်ဆုံးရှောင်ကြဉ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါသည်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

မြန်မာနိုင်ငံ၏ လက်ရှိ သတ်မှတ်ထားသော ဘဏ်တိုးနှုန်းများကို ၂ ရာခိုင်နှုန်းလျှော့ချ


မြန်မာနိုင်ငံ၏ လက်ရှိ သတ်မှတ်ထားသော ဘဏ်တိုးနှုန်းများကို ၂ ရာခိုင်နှုန်းလျှော့ချ PDF | Print |
AddThis Social Bookmark Button
6491

မြန်မာနိုင်ငံတွင် လက်ရှိ သတ်မှတ်ထားသော ဘဏ်တိုးနှုန်းအား ၂ ရာခိုင်နှုန်း လျှော့ချလိုက်ကြောင်း ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဘဏ်တိုးနှုန်းမှာ အပ်ငွေအတွက် အတိုး ၁၂ ရာခိုင်နှုန်းနှင့် ချေးငွေအတွက် အတိုး ၁၇ ရာခိုင်နှုန်း သတ်မှတ်ထားချက်မှ ယခု စက်တင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်များအရ အပ်ငွေအတွက် အတိုးနှုန်းအား ၁၂ ရာခိုင် နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ချေးငွေအတွက် အတိုးနှုန်းအား ၁၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လည်းကောင်း လျှော့ချခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

“ဟုတ်ပါတယ်။ ဘဏ်တိုးနှုန်း တွေကို လျှော့ချလိုက်ပါပြီ”ဟု ဗဟို ဘဏ်ရှိ ၀န်ထမ်းတစ်ဦး က စက်တင် ဘာလ ၂ ရက်နေ့က ပြောကြားခဲ့ ပါသည်။

“စက်တင်ဘာလ ၂ ရက်နေ့က စာထွက်တယ်။ ဘဏ်တိုးနှုန်းတွေကို ၂ ရာခိုင်နှုန်း လျှော့ချလိုက်ပါတယ်။ ချေးငွေအတွက် ၁၇ ရာခိုင်နှုန်း ဘဏ်တိုးကို ၁၅ ရာခိုင်နှုန်းနဲ့ အပ်ငွေအတွက် ၁၂ ရာခိုင်နှုန်းကို ၁၀ ရာခိုင်နှုန်းအထိ အတိုးနှုန်းတွေ လျှော့ချတာပါ”ဟု မြန်မာ့ ရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားခဲ့ပါသည်။

လျှော့ချပေးခဲ့ခြင်းအပေါ် လုပ်ငန်းရှင်များ၊ ပညာရှင်များမှ ကြိုဆိုကြကြောင်းနှင့် ယခု ၂ ရာခိုင်နှုန်း လျှော့ချပေးသည့်တိုင် မြန်မာနိုင်ငံ၏ ဘဏ်တိုးနှုန်းမှာ ဒေသတွင်း နိုင်ငံများထဲတွင် အမြင့်ဆုံး အနေအထား၌ ရှိနေဆဲဖြစ်၍ ဆက်လက်၍ ပြည်သူအများစုဖြင့် ကိုက်ညီသည့် ဘဏ်တိုးနှုန်းအထိ လျှော့ချပေးသွားခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အနေအထား အဖြစ်ရောက်ရှိမည် ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ကြသည်။

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ ပြီးပါက မြန်မာနိုင်ငံ၏ဘဏ်တိုးနှုန်း မှာအမြင့်ဆုံးအဖြစ်ရှိနေပြီး အိမ်နီး ချင်း ထိုင်း၊ တရုတ်နိုင်ငံများ ထက် နှစ်ဆမှ လေးဆအထိ မြင့်မားနေဆဲ ဖြစ်ကြောင်း သိရသည်။

“အခုလို လျှော့ချပေးတာကို ကြိုဆိုပါတယ်။ ဒါကအပြောင်းအလဲ တစ်ခုကိုလုပ်ပေးတယ်ဆိုတဲ့ သဘော ရှိတဲ့အတွက်ပါ။ အခုလျှော့ချပေးတဲ့ တိုင်အောင် ကျွန်တော်တို့နိုင်ငံရဲ့ ဘဏ်တိုးနှုန်းက အာရှနဲ့ ဒေသတွင်း နိုင်ငံတွေထဲမှာ ဗီယက်နမ်နိုင်ငံပြီးရင် အမြင့်ဆုံးပဲလို့ ပြောရမှာပဲ။ ဒါပေမယ့် ဗီယက်နမ်က ဘဏ်တိုးနှုန်းမြင့်တယ် ဆိုပေမယ့် ပို့ကုန်လုပ်ငန်းရှင်တွေ အပေါ် အခွန်ကင်းလွတ်ခွင့်ပေးတာတို့ ဘာတို့နဲ့ တစ်ခြားဖက်က သက်သာ ခွင့်တွေ ရှိတယ်လေ။ ထိုင်းနဲ့ဆိုရင် ချေးငွေအတိုးနှုန်းက နှစ်ဆကျော်၊ အပ်ငွေ အတိုးနှုန်းက သုံးဆလောက် မြင့်နေသေးတယ်လေ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံတကာမှာ လုပ်ကိုင်သလိုပဲ ချေးငွေအတိုးရော၊ အပ်ငွေအတိုးရောကို ၁၀ ရာခိုင်နှုန်း အောက် အထိလျှော့ချပေးလာမယ်လို့ ထင်ပါတယ်”ဟု လုပ်ငန်းရှင်တစ်ဦး က သုံးသပ် ပြောကြားခဲ့သည်။

“ချေးငွေအတွက် အတိုးက ၁၇ ရာခိုင်နှုန်းဆိုပေမယ့် တကယ်တမ်း ချေးယူတဲ့သူက ငွေလက်ဝယ်ရရှိတဲ့ အထိ ကုန်ကျစရိတ်တွေပေါင်းရင် ၁၉ ရာခိုင်နှုန်းလောက် ကျသင့်နေတာ စာတမ်းတွေတောင် ဖတ်နေကြတာပါပဲ။ ဒီတော့ ၂ ရာခိုင်နှုန်းလျှော့ ပေးတဲ့အတွက် တကယ်တမ်း လုပ်ငန်းရှင် လက်ဝယ်အရောက်ဆိုရင် ၁၇ ရာခိုင်နှုန်းလောက် ကုန်ကျနိုင် သေးတယ်လေ။ မမြင်ရတဲ့ ကုန်ကျစရိတ်တွေကတော့ ထည့်တွက်မှရမယ်လေ။ အခုလိုလျှော့ပေးတာကိုပဲ ကျေးဇူးတင်တယ်၊ ကြိုဆိုတယ်။ ကျွန် တော်တို့လို တကယ်လုပ်ငန်း လုပ်တဲ့သူတွေနဲ့ ကိုက်ညီတဲ့ အတိုးနှုန်းအထိ လျှော့ချပေးဖို့တော့ မျှော်လင့်ပါတယ်” ဟု လုပ်ငန်းရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။

သမ္မတရုံး အကြံပေးအဖွဲ့ဝင် တစ်ဦးက “နိုင်ငံရဲ့ဘဏ္ဍာရေး၊ ငွေရေး ကြေးရေး အပါအ၀င် စီးပွားရေးပတ် ၀န်းကျင်တစ်ရပ်လုံးကို ပြုပြင်ပြောင်းလဲနိုင်ဖို့ အကြံပြုထားတယ်။ ဘဏ်တိုးနှုန်း လျှော့ချပေးရင် တုံ့ဆိုင်းနေ တဲ့စီးပွားရေး သွက်လက်လာနိုင်ပေမယ့် တစ်ဖက်မှာလည်း ငွေကြေး ဖောင်းပွမှုနှုန်း မတက်အောင် ထိန်းနိုင်ဖို့လည်း လိုတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေက ၇-၁၁နှုန်း နဲ့ ၈-၁၂ နှုန်းလောက်ကို သဘောကျတာ တွေ့ရတယ်။ အပ်ငွေအတိုးနဲ့ ချေးငွေ အတိုးကိုလည်း ၄-၅ ရာခိုင်နှုန်း လောက်ပဲ ကွာတာကို လိုချင်ကြတယ်။ လျှော့ပေးတဲ့နှုန်းက ပမာဏနည်းကောင်း နည်းပေမယ့် လက်ရှိ အနေအထားထက် အကျိုးဖြစ်ထွန်းရင် ကောင်းတဲ့ အခြေအနေပါ”ဟု ပြောပြခဲ့သည်။

ဒေသတွင်းနိုင်ငံအချို့ဖြင့် ဘဏ်တိုးနှုန်း နှိုင်းယှဉ်ချက်
နိုင်ငံ
ချေးငွေ အတိုး%
အပ်ငွေ အတိုး%
မြန်မာ
၁၅(ယခု)
၁၀(ယခု)
မြန်မာ
၁၇(ယခင်)
၁၂(ယခင်)
တရုတ်
၅ .၃
၂ .၃
ထိုင်း
၇ .ဝ
၂ .၅
မလေးရှား
၆ .၁
၃ .၁
အင်ဒိုနီးရှား
၁၃ .၆
၈ .၅
စင်ကာပူ
၅ .၎
ဝ .၎
ဗီယက်နမ်
၁၅ .၈
၁၂ .၇
ဘရူနိုင်း
၅ .၅
ဝ .၉
ဖိလစ်ပိုင်
၈ .၈
၎ .၅
ဂျပန်
၁ .၉
ဝ .၆
တောင်ကိုးရီးယား
၇ .၂
၅ .၉
http://www.news-eleven.com/index.php?option=com_content&view=ar...

" သင်္ခါရ ဘာဇနီ " ကျမ်း လောကီဓမ္မဘေဒမှတ်စု (၂)


ဗုဒ္ဓဘာသာ-အမျိုးကောင်းသား အမျိုးကောင်းသ္မီးတို့ ဖတ်ရှုလေ့လာ လိုက်နာ

ကျင့်ကြံကြစေရန် သင်္ခါရအကြောင်း ဒါန သီလ ဘာဝနာ အကြောင်း ကောင်းသောသူတို့ 
လားရာ မကောင်းသူတို့  လားရာ ဘုံဋ္ဌာနအကြောင်း တို့ ကို စုံလင်စွာဖော်ပြရာဖြစ်သော
" သင်္ခါရ ဘာဇနီ "ကျမ်းကို ရေးသားပြီး ဗဟုသုတတိုးပွားစေရန် သင်္ခါရဘာဇနီကျမ်းစာအုပ်ကို
မူရင်းမပျက် ကုသိုလ်ပြု ပြန်လည်မျှဝေပါတယ်ရှင် ။
ကံကငါးခုဖြစ်၏ ။ ပဉ္စမဈာန်ကံ ပေးစရာမရှိ ၊ မည်သို့ ပေးသနည်း ၊ ပဌမဈာန်ကိုရသောသူ
စုတေရွေ့  လျောလေလျှင် ပဌမဈာန် သုံးဘုံ၌ဖြစ်၏ ၊ ဒုတိယဈာန် ကုသိုလ် ၊တတိယဈာန်
ကုသိုလ် သည်ကံနှစ်ပါး ၊ဒုတိယဈာန်ဘုံ၌သာ ပဋိသန္ဓေကို အကျိုးပေး၍ ဗြဟ္မာဖြစ်၏ ၊စတုတ္ထဈာန်
ကုသိုလ်ကံ တတိယဈာန်သုံးဘုံ၌ ပဋိသန္ဓေကိုပေး၏ ၊ ပဉ္စမဈာန်ကုသိုလ်ကံ စတုတ္ထဈာန်ဘုံ၌
ပဋိသန္ဓေကိုပေး၏ ၊ စတ္ထဈာန် ခုနှစ်ဘုံ၌ အသညသတ်ဝင်၏ ၊ အဘယ်ကြောင့် ထိုဘုံစိတ်မရှိဘဲ
ရှိလေသတည်း ၊ ဤလူ့ ဘုံ၌ ပဉ္စမဈာန်ရသော ပုထုဇာန် ပုဂ္ဂိုလ်သည် ဤသို့ ကြံ၏ ၊ စိတ်ရှိသော
ကြောင့် သတ္တ၀ါတို့ သည် ၊ ချစ်သည် မုန်းသည် အမျက်ထွက်သည် ဆင်းရဲသည် အထွေထွေဖြစ်ဘိ၏ ၊
ငါသည်ဤကိုယ်အဖြစ်မှ စုတေသော် စိတ်နှင့်ကင်းသော ဘုံ၌ဖြစ်လို၏ဟု ပတ္ထနာ ပြု၍သေလျှင်
ပဉ္စမဈာန် အကျိုးကြောင့် စိတ်ရှိသော အသညသတ်ဘုံ၌ဖြစ်၍ မဟာကပ်ငါးရာ အသက်ရှည်၏ ၊
ပဉ္စမဈာန် အရချင်းတူလျက် ပတ္ထနာ ဆုယူလွဲ၍ အသညသတ်ဘုံ၌ ဖြစ်ရသတည်း ၊ ပိဿာတန်
ကျောက်ကို ယူအံ့ဟု ကုန်သည်လက်တွင် အဖိုးသွင်းပြီးမှ အထင်မှား၍ မဟူရာ ကျောက်ကို
ယူမိသည်နှင့်တူ၏ ၊ပုထုဇာန်တို့ သာ အသညသတ် ဘုံ၌ဖြစ်၏ ၊ အရိယာတို့  မဖြစ်သတည်း ၊
အရူပကုသိုလ်ကံ လေးခု အကျိုးပေး၍ ရုပ်မရှိသော အရူပဘုံ၌ ဖြစ်လေသောသူတို့သည် မည်သို့ 
ပတ္ထနာရင်း ပြုလေသနည်း ၊ ရူပါဝစရ ပဉ္စမဈာန် ရပြီးသော ပုထုဇာန် အရိယာတို့  ဤသို့ ကြံ၏ ၊
ကာမဘုံ ရူပဘုံ ဖြစ်သော သတ္တ၀ါတို့  ရုပ်ရှိခြင်းကြောင့် ၊ ဓါးထိ ၊ လှံထိသည် ၊ အနာထိသည် ၊
ဆင်းရဲထိသည်ဟု ရုပ်မရှိသောဘုံ၌ ၊ ဖြစ်ခြင်းကို နောင်ဘ၀အလိုရှိသည်ဟု ၊တောင့်တ အာကာသ
ကသိုဏ်းကို အာကာသော အနန္တော ၊ အာကာသော အန္တော ဟု စီးဖြန်း၍ အရူပ အာကာသာနဉ္စ
ယတနဈာန်မှ စ၍ အရူပကုသိုလ်ကံ လေးပါးကိုရ၍ သေလျှင် ရုပ်မရှိသော အရူပလေးဘုံ၌
ဖြစ်လေ၏ ။ ။

ထိုပုဂ္ဂိုလ် လေးယောက်တွင် သောတာပတ္တိ ဖလဋ္ဌာန် ၊သကဒါဂါမိ ဖလဋ္ဌာန် အနာဂါမိဖလဋ္ဌာန်
သည်သုံးယောက်ကား ၊ လူ့ ပြည်သို့ မပြန်ပြီ ၊ထိုဘုံ၌ပင် ရဟန္တာဖြစ်၍ နိဗ္ဗာန်
ရလေ၏ ၊ ပုထုဇာန်တယောက်ကာမူကား ၊ ထိုကံ၌ မဂ်ဖိုလ်နိဗ္ဗာန်မရ ၊ ကောင်းမှုအကျိုးကုန်လျှင်
လူ့ ပြည်သို့  ဧကန်ဖြစ်ရလေ၏ ၊ ထိုအရူပလေးဘုံတွင် အထက်ဘုံ ကမ္ဘာကြီး ရှစ်သောင်းလေးထောင်
အသက်ရှည်၏ ၊ ရှစ်သောင်းလေးထောင် ဘုရားအဆူဆူပွင့်သည်ကိုလည်း မဖူးတွေ့ ရ ၊ ပါရမီလည်း
မဖြည့်ရ ၊ သည်ပုထုဇာန် အထင်မှားချေ၏ ၊ သည်တယောက်ကို ရည်၍အရူပဘုံ အပြစ်ရှစ်ပါးတွင်
သွင်းလေသည် ၊ တရွာလုံးမဆိုး လူတယောက်သာဆိုးသည်ကို လူဆိုးရွာ တွင်လေသကဲ့သို့မှတ် ၊
ကာမ အကုသိုလ်ဆယ်ပါး ဘ၀အဆက်ဆက် အခွင့်ရတိုင်း အကျိုးပေး၏ ။ ။

သမ္ပတ္တိစက်လေးပါးတွင် တပါးပါးကြိမ်ခဲ့လျှင် ကုသိုလ်ကံကောင်း အခွင့်ရ၍ အကျိုးပေး၏ ၊
ဝိပတ္တိစက်မည်သည် အဘယ်ကိုဆိုသနည်း ၊ မိုးခေါင်သည်ကာလ လူတရားမစောင့်သည့်ကာလ ၊
ကာလ၀ိပတ္တိတည်း ၊အကျိုးပေးလတ္တံ့သည်နှင့် လျော်စွာ မလိမ်မာလုံ့ လမရှိခြင်းသည်
ပယောဂ၀ိပတ္တိတည်း ၊ ယုတ်သောအရာ ယုတ်သော အမျိုး၌ ဖြစ်သည်ကား ဂတိဝိပတ္တိတည်း ၊
ကိုယ်အဆင်း ဣနြေ္ဒပျက်သည်ကား ဥပဓိဝိပတ္တိတည်း ၊သည်ဝိပတ္တိစက်လေးပါးတွင် တပါးပါးနှင့်
တွေ့ ကြိမ်က ရှေး အကုသိုလ်ကံ ဟောင်း အခွင့်ရ၍ အကျိုးပေးချေ၏မှတ် ၊သည် လေးပါးကို
ပြန်၍ယူလေ ၊ သမ္ပတ္တိစက်လေးပါးတည်း ၊ သည်လေးပါး တပါးပါး ကြိမ်က ကုသိုလ်ကံဟောင်း
အခွင့်ရ၍ အကျိုးပေး၏မှတ် ၊တိုက်ထဲမှာ မျိုးရှိတိုင်း စိုက်ခင်းကြဲခင်းမတွေ့ ဘဲ မပေါက်သကဲ့သို့ မှတ် ။
လောကီကာဘေဒမှတ်စုပြီး၏ ။ ။

ကံ၏ လက္ခဏာ ဈာန်၏ လက္ခဏာ။ကိုဆက်လက်တင်ပြသွားမည် ။

" သင်္ခါရ ဘာဇနီ " ကျမ်းစာအုပ်အတိုင်း ရေးသားထားပါသည် .။
နောက်ဆက်တွဲများကို အဆင့်ဆင့် တင်ပြသွားမည် ။