วันเสาร์ที่ 25 กันยายน พ.ศ. 2553

သားသမီးကိုယ်စား ရင်တွင်းစကား

အော်...."hari raya" "hari raya''တဲ့ ဒီပိတ်ရက်လေး သုံးရက်အတွင်မှာ နိုင်ငံတကာအလုပ်သမားတွေ သူ့ သူငယ်ချင်းသူသွားတွေ့  ငါ့သူငယ်ချင်းငါသွားတွေ့ နဲ့ တစ်ကျပ်ခွဲတန် ခရီးနှစ်ကျပ်ခွဲ တတ်ထိပြင် ရန်ကုန်လိုင်းကားတွေလို ငါးပိသိပ် သလို သိပ်ခံရတဲ့ ဒဏ်မခံနိုင်လို့  ဘယ်မှမသွားပဲ ကိုယ့်အခန်းမှာကို အနားယူနေမိတယ် တရက်မှာတော့ ပျင်းတာနဲ့ "TV" ထိုင်ကြည့်ဖြစ်ခဲ့တယ် အင်မတန်ကောင်းတဲ့ ငါးမိနှစ်ကြာ ဇာတ်လမ်းတိုလေး တပုဒ်ပါပဲ......
ပထမခြံဝင်းမြတ်ခင်းပေါ်က ခုံတန်းလျားမှာ သားအဖနှစ်ယောက်ထိုင်နေပါတယ် အဖေကအသက် ၆၀ ၀န်းကျင်ပါ် သားဖြစ်သူကတော့ ၂၀ ကျော်ကျော်လောက်ပါ သားလုပ်သူက သတင်းစာတစ်ဆောင်ဖတ်နေပါတယ် အဖေကခြံထဲက သစ်ပင်တွေ ပန်းပင်တွေ ဟိုကြည့်ဒီကြည့်နေပါတယ် ကြည့်နေတုန်းပဲ စာကလေးတစ်ကောင် ပန်းချုံလေးတစ်ခုပေါ်လာနားတာကို အဖေဖြစ်သူကတွေ့ ပါတယ် အဲဒီတော့ သူ့ သားကိုမေးတယ်"အဲဒါဘာလဲ" တဲ့ သားက သတင်းစာဖတ်ရင်းနဲ့ ပဲ စာကလေးလို့ ဖြေလိုက်တယ် စာကလေးက ပန်းချုံပေါ်ကနေသစ်ပင်ထက်ကို ပျံတက်သွားပါတယ် အဖေကစာကလေးကိုလိုက်ကြည့်ရင်း "အဲဒါဘာလဲ" လို့ မေးပြန်ပါတယ် သားကလည်း သတင်းစာဖတ်မပျက် "စာကလေး" လို့ ဖြေတယ် ငှက်ကလေးဟာ သစ်ပင်ပေါ်ကနေ ရွက်ဝါလေးတစ်ရွက်ပါးစပ်ကနေကိုက်ပြီး မြေပြင်ပေါ်ဆင်းလာပြန်တယ် မြေပြင်ပေါ်ရောက်တော့သစ်ရွက်ကို သူနူတ်သီးနဲ့ ဆော့နေပါတယ် အဖေကထပ်မေးတယ် "အဲဒါဘားလဲ" သားကဒေါသသံနဲ့ သတင်းစာကိုမြေကြီးပေါ်ပစ်ပေါက်ပြီး "စာ....က....လေး...." လို့ တစ်လုံးချင်းရွဲ့ ပြီးဖြေ ပါတယ်
အဖေဖြစ်သူက စိတ်မကောင်းဖြစ်စွာနဲ့ ပဲ အိမ်ရှိရာဆီထွက်သွားပါတယ် "သားကဘယ်သွားမလို့ လဲ" လို့ မေးတဲ့အခါ ဘာမှပြန်မပြောဘဲ ခဏအကြာမှာ မှတ်စုစာအုပ် အဟောင်းလေးတစ်ခုကိုင်ပြီး ပြန်ထွက်လာပါတယ် ပြီးတော့စာမျက်နှာတစ်ခုကို လှန်ပြီး သားကိုဖတ်ဖို့ လှမ်းပေးပါတယ် အသံထွက်ပြီးလည်းဖတ်ခိုင်းပါတယ် "ဒီနေ့ သားလေးနဲ့ ကျွန်တော်အတူ ဆော့ကစားနေတုန်း ကျွန်တော်တို့ ရှေ့ မှာ စားကလေး တစ်ကောင်လာနားတယ် သားက အဲဒါဘာလဲလို့ နှစ်ဆယ်ငါးခါ တိတိမေးခဲ့တယ် သားမေးတဲ့အကြိမ်တိုင်း အကြိမ်တိုင်းကို မရိုးနိုင် မမောနိုင်နဲ့ ဖြေခဲ့တယ် သားက သိပ်အပြစ်ကင်းတာပဲ ချစ်စရာအရမ်းကောင်းတာပဲ စာကိုဖတ်အပြီးမှာ သားဟာ အဖေကိုဖက်ပြီး နဖူးတွေ မျက်နှာတွေကို နမ်းတယ် မျက်ရေတွေလည်းကျနေတယ် ဗီဒီယိုကားလေးက အဲဒီမှာတင်ပြီသွားတယ်
story လေးက ကျွန်တော်ရင်ထဲကို တော်တော်လေးရောက်တယ် ကျွန်တော်တို့ သားသမီးလုပ်တဲ့ သူတွေဘက်က မိဘတွေစိတ်မကောင်းဖြစ်သွားအောင် ၀မ်းနည်းအားငယ်သွားအောင်ဘယ်နှကြိမ်လောက်များ ဒီလိုအပြုမမူတွေ သတိလက်လွတ် အမူမဲ့ အမှတ်မဲ့လုပ်လဲမိပြီလဲ ဒီဗီဒီယိုထဲက သားဖြစ်သူကိုလည်း လွယ်လွယ်လေး အပြစ်မတင်ပါဘူး စိတ်ဆိုးတဲ့သဘာဝကို အသေးစိတ်ကြည်မယ်ဆိုရင် သားသမီးရဲ့ သဘာဝစိတ် ပင်ကိုယ်စိတ်ဟာ မိဘကို အားကိုးတယ် မိဘဆီကယူချင်တယ် မိဘကကိုယ့်ကို အားကိုးလာတဲ့အခါ မိဘမှာလည်း အားနည်းတဲ့ အလှည့်ရှိဦးမယ်ဆိုတာ မေ့နေတတ်ကြတယ် မိဘရဲ့ အစောင်အရှောက်ကိုခံခဲ့ရတာ အားကိုးခဲ့ရတာတွေ အကျင့်ပါပြီး မိဘဘက်ကလည်းလိုအပ်တဲ့အလည့်ရှိဦးမယ်လို့ တွေးမိခဲ့ကြတယ်
သားသမီးတော်တော်များများဆီမှာ မိဘအပေါ် အကြင်နာကင်းရက်စက်တဲ့စိတ်ထားမရှိတတ်ကြတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း သားသမီးတစ်ယောက်မို့ သေသေချာချာ သိပါတယ် အခုလိုကိစ္စတွေမှာသာ စိတ်မရှည်တတ်ကြပေမယ့် မိဘကို ချမ်းချမ်းသာသာနဲ့ အမြင့်ဆုံးမှာထားချင်တာ ကောင်းတာလေးတွေ တွေ့ ရင် စားရရင် မိဘကိုသတိရတာ မိဘရှ့ မှာဟုတ်ကဲ့ လို့ ချက်ချင်းမနာခံတတ်ပေမဲ့ စိတ်ရဲ့ အတွင်းပိုင်းကနေ မိဘမကြိုက်တာကိုမလုပ်ချက်တာ လူပ်ရှားရုန်းကန်ရင်း တွေ့ ရတဲ့ ဒုတ္ခတွေကို မိဘတွေပေးမသိချင်တာ ကိုယ့်မိဘကို သူများစော်ကားရင် အပြင်မှာကာကွယ်ခဲ့ တာ သားသမီးတွေကလည်း အဲလိုပုံစံအမျိုးမျိုးနဲ့ မိဘတေတွကိုချစ်တတ်ကြပါတယ်
အခုလက်ရှိမိဘနေရာရောက်နေသူတိုင်းဟာလည်း တစ်ချိန်က သူ့ တို့ ရဲ့ မိဘတွေကို ဘယ်လိုလေးလုပ်ပေးမယ် ဘယ်လိုလေးထားမယ်စသည်ဖြင့် အိမ်မက်ကိုယ်စီရှိခဲ့ကြပါတယ် ကြံစည်တိုင်းလည်းဖြစ်မလာတတ်တဲ့ ဘ၀မို့ စိတ်ကူးတွေ လက်တွေ့ မကျခဲ့တဲ့အပိုင်းတွေကို ရင်ထဲမှာပဲသိမ်းထားပြီး ရောက်ရာဘ၀အခြေအနေမှာအဆင်ပြေအောင်နေလိုက်ကြရတယ် ဒီလိုပါပဲ ကျွန်တော်တို့  သားသမီးတွေလည်း တချို့ က မိဘနဲ့ ပတ်သက်တဲ့ အိမ်မက်တွေအစပျိုးနေကြတယ် တချို့ က အကောထည်ဖော်နေကြတယ် တချို့ ကအိမ်မက်တွေကို မြိုသိပ်လိုက်ရတယ် ရင်ထဲမှာတော့ မိဘဆိုတဲ့ နေရာလေးတစ်ခုက အမြဲရှိနေတယ်
တာဝန်မကျေတဲမိဘတို့ ကျေးဇူးကန်းတဲ့ သားသမီးတို့ ဆိုတာကတော့ခေတ်တိုင်းမှာ ရှိနေမှာပဲ ဆေးထိုးမှားတဲ့ဆရာဝန် အတွက်အချက်မှားတဲ့အင်ဂျင်နီယာ တွေတောင် ခေတ်တိုင်း ခေတ်တိုင်းမှာ ရှိနေသေးတာပဲလေ တစ်ခါတစ်ရံမှာ နားလည်မူ့ လွဲကြတာတာတို့  လူလူချင်းသဘာဝအနေနဲ့ပဲ ထားလိုက်ကြရအောင်ပါ အနော်ရထားမင်းတောင် ဗုဒ္ဓဘာသာကို စတင်သယ်ဆောင်လာတဲ့ အရှင်အရဟံကို ကျေးဇူးတင်မဆုံးတာ ဘုရားရှစ်ခိုးတတ်အောင်သင်ပေးခဲ့တဲ့အမေရယ် မိရိုးဖလာသက်သက်မဟုတ်တဲ့ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်အောင် လမ်ပြမျိုးစေ့ချခဲ့တဲ့ အဖေရယ်ကို ကျွန်တော်ကျေးဇူးမမေ့ပါဘူး ထမင်းစားတိုင်းလည်း ထမင်းကိုစိတ်ရှည်လက်ရှည် အချိန်အများကြီး အကုန်ခံပြီးခွံ့ ကျွေးခဲ့တဲ့ အမေ့ကျေးဇူးကိုအော့မေ့တယ် စာရေးတိုင်းလည်း လက်ကလေးကိုကိုင်ပြီး စာရေးတင်ပေးခဲ့တဲ့ အဖေ့ကျေးဇူးကိုလည်းကိုကြည်ညိုတယ် ကျွန်တော်မဟုတ်တဲ့ တခြားတခြားသောသားသမီးတေါလည်း ဖွင့်မပြောရင်သာရှိမယ် စိတ်ထဲကနေသိတတ်ကြမှာပါလို့ မိဘနေရာရောက်နေသူအားလုံးကို ရိုသေလေးစားဦးခိုက်ပြီး ပြောပြချင်ပါတယ်..........

ไม่มีความคิดเห็น:

แสดงความคิดเห็น