မိုးစက်ကလေးတွေ
တဖွဲဖွဲကျဆင်း
ငါ့ ရင်ထဲက လမင်း
သူများကမ္ဘာမှာ လင်းခဲ့ရဖူးတယ်။ ။
ငါကလည်းခက်တယ်
ချစ်သူလက်ကို ကိုင်ဖို့ထက်
စာတစ်အုပ်ကိုပဲ လက်မှာကိုင်စွဲ
ဘ၀တိုက်ပွဲ ဆင်နွဲချင်မိတယ် ။။
ချစ်သူမျက်နှာကို တစိမ့်စိမ့်ထိုင်ကြည့်
ချစ်သူမျက်ဝန်းတွေကို
ဘာသာပြန်ဖို့ထက်
ကဗျာတစ်ပုဒ်ကိုပဲ
ဘာသာပြန်ချင်နေမိတယ်။ ။
လောကကြီးလည်း ဘာထူးလဲ
မုန့်တလှည့် တုတ်တလှည့်လို့ဆိုပေမယ့်
အမေမွေးကတည်းက
အရိုက်ခံခဲ့ရတာ
အခုထက်ထိ
ငါ
မုန့်မစားရသေးဘူး .. ။ ။
ဒီလိုနဲ့ .. ...
ကျီးအာသီးနှလုံးသားနဲ့
ဘီလူးခေါင်းဆောင်းထားတဲ့
လူတွေကြားထဲမှာ တစစ
ကျင်လည်ရင်း
ဖဲခိုးတတ်တဲ့ အကျင့်လေး
ငါ
ကြိုးစားမွေးတတ်ခဲ့ပြီ ... ။ ။
ဒီလိုနဲ့
ကဗျာဆရာဆိုတဲ့ ဘွဲ့ထူးကို
အချစ်ဦးနဲ့ လဲခဲ့ရဖူးပြီ။ ။
ိစိတ်ဓါတ်တွေ ဖြူစင်ဖို့ အတွက်
ငါ့စိတ် ငါ
အဖြူရောင်တွေ အထပ်ထပ်သုတ်ရင်း
ငါ့ နှလုံးသားလဲ
အလစ်မှာ
အိုးမဲသုတ်ခံလိုက်ရပြီ .. ။ ။
ရယ်တော့ရယ်ရတယ်နော် .. ..မိဇင်မာ
အရိယာဖြစ်ပြီ ...
သောတပန်ဖြစ်ပြီလို့
ကြွေးကြော်နေတဲ့သူတွေ
ကြက်သတ်နေတာကို
လမ်းဘေးက ဘုံဆိုင်တစ်ခုမှာ
ငါ တွေ့လိုက်ရတယ် . . .။
နောက်.........
တချိန်က လက်ဖက်ရည်ဖိုး ပြတ်ခဲ့သူတွေဟာ
အခု
လက်ဖက်ရည်ဖိုး မက်သူတွေ ဖြစ်လာခဲ့ပြီ။ ။
တော်ပြီကွာ
ငါ ကိုယ်တိုင် အဆုံးမသတ်တတ်တဲ့
ကဗျာ
မင်း ဘာသာမင်းပဲ
ဆက် စပ်လိုက်ပေါ့
......................။ ။
မိုးစက်နွေ
PS။ ။ all staffs meeting တွင် အရာရှိများကို ကြည့်ပြီး ရေးသားခြင်းဖြစ်သည် ။
ကျေးဇူးတင်ပါသည် ။ ။
วันเสาร์ที่ 25 กันยายน พ.ศ. 2553
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น