วันเสาร์ที่ 25 กันยายน พ.ศ. 2553

အချစ်ရဲ့ နောက်ကွယ်


ငါပျော်ခဲ့တယ်
နင့်ရဲ့ အချစ်ကြောင့်လေ...

ငါဝမ်းနည်းခဲ့တယ်
နင်လှည့်စားလို့လေ...

ငါမထင်ခဲ့ဘူး
နင်လှည့်စားမယ်လို့လေ...

ငါ့ကို ချစ်ရင်ပွင့်လင်းပေးပါဟာ...

အချစ်အတုတော့ ငါမလိုလား
ငါ့ထက် ချစ်ရမဲ့သူ
နင့်မှာရှိရင် ပြောပါ...

ငါနားလည်ပေးမယ်
မပွင့်လင်းတဲ့ အချစ်နဲ့တော့
ငါ့ကို မလှည့်စားနဲ့...

အချစ်တွေကို တန်ဖိုးထားပါ
အချစ်တုနဲ့ မလှည့်စားပါနဲ့
နင်လှည့်စား ရင်ငါရူးလိမ့်မယ်...

ငါအခုချိန်ထိ
မသိခဲ့ဘူး အဖြစ်မှန်ကို...

ငါ့ကို တစ်ကယ်ချစ်တာလား
အချစ်တုနဲ့ လှည့်စားတာလား
နင် ဟန်ဆောင်ချစ်နေတာလား
ငါသိချင်နေပြီ...

အချစ်ကို တန်ဖို့ထားသူငါ
အခုတော့ အချစ် တုလား အစစ်လား မသိပဲ
ယောင်ဝါးဝါးနဲ့ လမ်းမှားတွေ ငါဆက်လျှောက်နေတယ်...

နင့်အချစ်ရဲ့ နောက်ကွယ်မှာ ငါ့အတွက်
အစစ်လား အတုလား
ငါသိချင်တယ်ဟာ...

အချစ်စစ်နဲ့သာ စုံစည်း နိုင်ကြပါစေ...
မျိုး


Photobucket

ไม่มีความคิดเห็น:

แสดงความคิดเห็น