လူတိုင်း မိမိအတွက် မိမိ သစ်ပင်ကိုမိမိ စိုက်ပျိုးနေကြတယ်..သတိမထားမိကြလို့သာ မသိကြတာပါ..သစ်ပင်ဆိုတာ အများကြီးရှိတယ်.. ညောင်ပင်. အုန်းပင် နွယ်ပင်.အစရှိသဖြင့် အများကြီးရှိကြတယ်.ဒါပေမဲ့ သက်တမ်းချင်းတော့ကွာခြားကြတယ်.. တချို့သစ်ပင်တွေဆို သက်တမ်းနှစ်ပေါင်းများစွာ ရှင်သန်ကြသလို တချို့ဆို သက်တမ်းတိုကြတယ်..ဥပမာ. မုန်ညင်းပင်လိုမျိုးပေါ့.. လူတွေဟာ နေ့တိုင်း ကံကိုအကြောင်းပြုပြီး ကုသိုလ် အကုသိုလ်
တွေကိုနေ့စဉ် ပြုနေကြတယ်.. အဲဒါ ကံဆိုတဲ့ သစ်ပင်ကို နေ့တိုင်းစိုက်နေကြတာနဲ့တူတယ်...ကုသိုလ်ကံနဲ့ အကုသိုလ်ကံ
ဟာ ဘာနဲ့တူသလဲဆိုရင်. ကုသိုလ်ကံကိုပြုလုပ်တာ အပင်ကြီးတွေကိုစိုက်တာနဲ့တူတယ်..အကုသိုလ်ကံ ကိုပြုလုပ်တာ အပင်ငယ်လေးတွေစိုက်တာနဲ့တူတယ်.. အပင်ကြီးတွေဟာ စိုက်တဲ့အခါချက်ချင်း အကျိုးကျေးဇူးမခံစားရပါဘူး.ဥပမာ
အုန်းပင်. ဒူးရင်းသီးပင် . ညောင်ပင် စတဲ့အပင်မျိုးတွေပါ.စပါးပင်.မုန်ညင်းပင် ပဲပင်ပေါက်ပင် အစရှိတဲ့ အပင်ငယ်လေးတွေကြတော့ ချက်ချင်းစိုက် အချိန်တိုတွင်းမှာ စားလို့သုံးလို့ရတယ်...မတူတာက အပင်ကြီးတွေကကြီးတဲ့အခါ အချိန်ကြာမြင့်စွာ အကျိုးကျေးဇူးကို ခံစားလို့ရတယ်....
ကုသိုလ်ကံဆိုတာ အပင်ကြီးတွေစိုက်ထားခဲ့တာနဲ့တူပါတယ်...
အကုသိုလ်ကံဆိုတာ အပင်ငယ်လေးတွေစိုက်ထားခဲ့တာနဲ့တူပါတယ်......
မကောင်းမှုအကုသိုလ်ကံလုပ်ရင် ချက်ချင်းဖြစ်ပြီး.....ကောင်းမှုလုပ်ရင်ချက်ချင်း မဖြစ်ဘူးဆိုတာကို...နားလည်နိုင်ပြီး
ကံသုံးပါးကို လုံအောင်ထိန်းလို့ အပင်ကြီးတွေစိုက်ပြီး....အချိန်ကြာမြင့်စွာ. အကျိုးကျေးဇူး ခံစားနိုင်ကြပါစေ.......
วันเสาร์ที่ 25 กันยายน พ.ศ. 2553
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น